အာရက္ခတိုင်းမ်စ် (၁ အောက်တိုဘာ ၂၀၂၅)
ရက္ခိုင်ပြည်၊ မောင်တောမြို့နယ် မြောက်ပိုင်းမှာ အစ္စလာမ်မစ် အစွန်းရောက် စစ်သွေးကြွ အကြမ်းဖက် ARSA အဖွဲ့ ဖမ်းဆီး နှိပ်စက်သတ်ဖြတ်ပြီး စွန့်ပစ်ထားတဲ့ အာရက္ခပြည်သူ ရုပ်အလောင်း ၆ လောင်းကို တွေ့ရှိခဲ့တယ်လို့ အာရက္ခတပ်တော်က အောက်တိုဘာ ၁ ရက်နေ့မှာ ထုတ်ပြန်ခဲ့ပါတယ်။
ပြီးခဲ့တဲ့ စက်တင်ဘာလ (၂၈) ရက်နေ့၊ ညနေ (၃) နာရီခန့်အချိန်မှာ အာရက္ခတပ်တော်ရဲ့ လုံခြုံရေး တပ်ဖွဲ့ဝင်တွေ မောင်တောနယ်စပ်မှာ လုံခြုံရေးဆောင် ရွက်နေစဉ် မောင်တောမြို့နယ်၊ အထက်အင်းချောင်းရွာရဲ့ အနောက်မြောက်ဘက် မီတာ (၇၇၀) ခန့်အကွာမှာရှိတဲ့ ငှက်ပျောတောအုပ်ထဲမှာ အရည်ပျော်ပြီး အရိုးစုတွေပဲ ကျန်ရှိတော့တဲ့ အလောင်း (၆) လောင်းကို ရုပ်ပျက်ဆင်းပျက် အနေအထားနဲ့ ရှာဖွေတွေ့ရှိခဲ့တာ ဖြစ်ပါတယ်။
ငှက်ပျောတောအုပ်အတွင်း အလောင်း တစ်လောင်းစီကို နေရာ (၂) ခု၊ နောက်ထပ် နှစ်လောင်းစီကို နေရာ (၂) ခုနဲ့ စုစုပေါင်း ရုပ်အလောင်း (၆) လောင်းကို နေရာ (၄) ခု ခွဲပြီး စွန်းပစ်ထားခဲ့ကြတာ ဖြစ်ပါတယ်။
အဲဒီရုပ်အလောင်းတွေက အာရက္ခတပ်တော်ရဲ့ လုံခြုံရေး စခန်း ၂ ခုကို တိုက်ခိုက်ဖို့ လာကြတဲ့ စစ်သွေးကြွ အကြမ်းဖက် ARSA အဖွဲ့တွေရဲ့ ဖမ်းဆီးနှိပ်စက် သတ်ဖြတ်တာကို ခံလိုက်ရတဲ့ မောင်တောနယ်စပ် တမန်းသားရွာနဲ့ ဒုံးညိုရွာရွာက ပျောက်ဆုံးနေတဲ့ ရွာသားတွေထဲကမှ (၆) ဦးရဲ့ ရုပ်အလောင်းတွေဖြစ်နိုင်တယ်လို့ ကနဦး ခန့်မှန်းထားကြပါတယ်။
လက်ရှိမှာ အာရက္ခတပ်တော်ရဲ့ အရပ်ဘက် အုပ်ချုပ်ရေးထံကို လူပျောက်တိုင်တန်းထားတာ (၁၀) ဦးရှိနေပါတယ်။
ARSA အဖွဲ့က မောင်တောမြို့နယ် မြောက်ပိုင်း နယ်စပ်မှတ်တိုင် (၅၆) နှင့် (၅၇) အကြား ပွိုင့် (၆၀၁) ကုန်းမှာရှိတဲ့ အာရက္ခတပ်တော်ရဲ့ နယ်စပ်လုံခြုံရေးတပ်စခန်းနဲ့ ဒုံးညိုရွာအနီးက ဒုံးညိုစခန်းတွေကို သိမ်းပိုက်ဖို့ ရည်မှန်းချက်နဲ့ သူတို့အခြေစိုက်တဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံကနေ နည်းလမ်းမျိုးစုံနဲ့အချိန်ယူ စိမ့်ဝင်ထိုးဖောက် ဝင်ရောက်ခဲ့ကြတာ ဖြစ်ပါတယ်။
အကြမ်းဖက် ARSA အဖွဲ့က အာရက္ခတပ်တော်ရဲ့ အဲဒီ လုံခြုံရေးစခန်းနှစ်ခုကို သိမ်းဖို့ ကြိုးစားနေတဲ့ကာလအတွင်းမှာ စခန်းနှစ်ခုကို သွားလာရာလမ်းတစ်လျှောက် တွေ့သမျှ မူဆလင်မဟုတ်တဲ့ အရပ်သားပြည်သူတွေကို နှုတ်ပိတ်တဲ့အနေနဲ့ ဖမ်းဆီး နှိပ်စက် သတ်ဖြတ်ကာ အလောင်းတွေကို လူပြတ်သောနေရာ ဒါမှမဟုတ် လူအရောက်နည်းတဲ့ နေရာတွေမှာ စွန့်ပစ်ပြီး ထားခဲ့ကြတာ ဖြစ်ပါတယ်။
အာရက္ခတပ်တော်က ဘင်္ဂလားဒေ့ရှ်နိုင်ငံအတွင်းကို ဝင်ပြေးသွားကြတဲ့ စစ်သွေးကြွ အကြမ်းဖက် ARSA အဖွဲ့ဝင်တွေကို နယ်စပ်ရေးရာ သံတမန်ရေးအရ နယ်မြေဖြတ်ကျော် ရှင်းလင်းဖို့ ခက်ခဲပေမယ့်လည်း အာရက္ခဒေသအတွင်း ထွက်ပြေးနေတဲ့ ARSA အဖွဲ့ဝင်တွေကို လိုက်လံရှင်းလင်းပြီး ဒေသအတွင်း အကြမ်းဖက်အန္တရာယ် ကင်းဝေးဖို့နဲ့ ပြည်သူ့လုံခြုံရေးအတွက် ဆက်လက်ဆောင်ရွက်လျက်ရှိတယ်လို့ ထုတ်ပြန်ထားပါတယ်။
အစ္စလာမ်မစ် အစွန်းရောက် စစ်သွေးကြွ အကြမ်းဖက် ARSA၊ RSO လက်နက် ကိုင်အဖွဲ့ဝင်တွေက အာရက္ခ – ဘင်္ဂလားဒေ့ရှ် နယ်စပ်ဒေသနေ အပြစ်မဲ့ အာရက္ခမိဘပြည်သူတွေရဲ့ အသက်အိုးအိမ်၊ စည်းစိမ်တွေကို ခြိမ်းခြောက်နေတာကြောင့် အာရက္ခ – ဘင်္ဂလားဒေ့ရှ် နယ်စပ်ဒေသမှာ မိဘပြည်သူတွေအနေနဲ့ တောတောင်ထဲနှင့် လူပြတ်သောနေရာတွေကို သွားလာတဲ့အချိန်တွေမှာ တစ်ဦးတည်း ဒါမှမဟုတ် လူအနည်းစုနဲ့ သွားလာကြတာတွေကို အတတ်နိုင်ဆုံး မပြုလုပ်ကြဖို့နဲ့ကျန်းမာရေးကိစ္စအပါအဝင် မဖြစ်မနေသွားလာရမယ့် အရေးကြီးကိစ္စများရှိရင်လည်း အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရရဲ့ အုပ်ချုပ်ရေးနဲ့ လုံခြုံရေးတပ်ဖွဲ့ဝင်တွေရှိတဲ့ အနီးစပ်ဆုံးနေရာတွေမှာ သတင်းပေးပို့ပြီးမှ သွားလာကြဖို့ လုံခြုံရေးအရ အာရက္ခတပ်တော်က ထပ်မံ သတိပေးထားပါတယ်။

2 comments
Последние изменения: https://perfumerio.ru/s/liz-claiborne-claiborne-sport/
Закажите G202 https://mismar74.ru/G202.html онлайн. Актуальные цены, наличие на складе, технические характеристики, выгодные условия покупки и быстрая доставка по всей России.