NewsPolitic

ဗိုလ်ချုပ်ထွန်းမြတ်နိုင်မွေးနေ့ ဂုဏ်ပြုစာပေကဗျာပြိုင်ပွဲ ကျင်းပမည်

အာရက္ခတိုင်းမ်စ် (၁၅ အောက်တိုဘာ ၂၀၂၅)

လာမယ့် နိုဝင်ဘာ ၇ ရက်နေ့မှာ ကျရောက်မယ့် အာရက္ခတပ်တော် စစ်ဦးစီးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်ရဲ့ ၄၇ နှစ်ပြည့် မွေးနေ့ကို ဂုဏ်ပြုတဲ့အနေနဲ့ ဂုဏ်ပြုစာပေကဗျာပြိုင်ပွဲကြီးကို ကျင်းပမယ်လို့ သိရပါတယ်။

ရက္ခဝဏ္ဏ စာပေကဗျာရဲ့ တတိယအကြိမ်မြောက် စာပေကဗျာပြိုင်ပွဲတွေဖြစ်တဲ့ အရင်ကနဲ့ မတူတဲ့ ကဗျာ (ကာရန်၊ မော်ဒန်)၊ ဝတ္ထုတိုနဲ့ ဆောင်းပါးစတဲ့ ကဗျာစာပေ ကဏ္ဍ ၄ ခုကို ကလောင်ရှင်တွေအနေနဲ့ ပါဝင်ရေးသား ပေးပို့နိုင်ပါတယ်။

ပြိုင်ပွဲအတွက် စည်းကမ်းချက်တွေနဲ့အတူ အသေးစိတ်အချက်အလက်တွေကို မနက်ဖြန် (၁၆ အောက်တိုဘာ) မှာ ပိုစ့်တင်မှာ ဖြစ်တဲ့အတွက် ပါဝင်ဂုဏ်ပြု ရေးသားပေးပို့ချင်တဲ့ ကလောင်ရှင်တွေအနေနဲ့ စောင့်မျှော်ပေးဖို့ တောင်းဆိုထားပါတယ်။

ကဗျာ (ကာရန်)၊ ကဗျာ (မော်ဒန်) တွေအတွက် ပထမဆုကို ကျပ် ၅ သိန်း၊ ဒုတိယဆုကို ၃ သိန်းနဲ့ တတိယဆုကို ၂ သိန်းစီနဲ့ အထူးဆုနဲ့ နှစ်သိမ့်ဆုတို့ ချီးမြှင့်မှာဖြစ်သလို ဝတ္ထုတိုနဲ့ ဆောင်းပါးတွေအတွက်လည်း ပထမဆုကို ကျပ် ၅ သိန်း၊ ဒုတိယဆုကို ၃ သိန်းနဲ့ တတိယဆုကို ၂ သိန်းစီ ချီးမြှင့်မှာ ဖြစ်တယ်လို့ သိရပါတယ်။

ရက္ခိုင်ကဗျာစာပေကဗျာ ဖွံ့ဖြိုးတိုးတက်ဖို့ အစဥ်တစိုက် ကြိုးစားအားဖြည့်ပေးနေတဲ့ ရက္ခဝဏ္ဏစာပေကဗျာရဲ့ စာမျက်နှာထက်ကနေ အာရက္ခလူမျိုး အမျိုးသားရေးအတွက် စာပေနဲ့ တထောင့်တနေရာကနေ လုပ်ဆောင်ပြီး ပါဝင်အားဖြည့်ကြဖို့ကို တိုက်တွန်းထားပါတယ်။

Related posts

ခရစ်ယာန် နယ်စီးသာသနာပိုင်ကြီး ကွယ်လွန်ခြင်းအပေါ် AA ဝမ်းနည်းကြောင်း သဝဏ်လွှာပို့

Rakhita Times

၂၀၂၅ က ရက္ခိုင်မှာ စစ်ကောင်စီ အလုံးစုံ ကင်းစင်နယ်မြေ ဖြစ်မယ်

Rakhita Times

အမျိုးသားတန်းတူရေးကို အမြဲတမ်း လုပ်ငန်းစဉ်အဖြစ် AASYC က သတ်မှတ်

Rakhita Times

357 comments

Leave a Comment