NewsPolitic

ကျောက်ဖြူစစ်ရှောင်တွေအတွက် အနွေးထည်များအပြင် အိမ်သာ လိုအပ်ချက်ရှိနေ

အာရက္ခတိုင်းမ်စ် (၉ ဇန်နဝါရီ ၂၀၂၆)

ရက္ခိုင်ပြည် ကျောက်ဖြူစစ်ရှောင်တွေအတွက် အနွေးထည်များအပြင် အိမ်သာ လိုအပ်ချက်ရှိနေတယ်လို့ စစ်ရှောင်တွေကို ကူညီပေးနေတဲ့ စာရေးဆရာ ဝေဟင်အောင်က ဆိုပါတယ်။

ကျောက်ဖြူမြို့နယ်အတွင်းမှာ စစ်ဘေးရှောင်ဦးရေဟာ ၂သောင်းခွဲခန့်ရှိပြီး အဆိုပါ စစ်ရှောင်တွေဟာ အနည်းဆုံး နေရာ ၃နေရာမက ရွှေ့ပြောင်းနေရသူတွေ ဖြစ်တယ်လို့ သိရပါတယ်။

“ လိုအပ်တာတော့ အများကြီးဗျ။ လက်ရှိ အခင်းအကျင်းက ဆောင်းရာသီ ဖြစ်တဲ့အတွက် ကျနော်တို့ အမိုးအကာ လိုအပ်တယ်။ ပြီးတော့ အနွေးထည်တွေ ပါမလာဘူး။ စောင်တွေ ပါမလာတဲ့အတွက် အနွေးထည်တို့၊ စောင်တို့၊ ခြင်ထောင်တို့ လိုအပ်တယ်။ ခြင်လည်း ကိုက်တယ်ဗျ အဲ့ဘက်မှာ။ ပြီးတော့ ဒုတိယအနေနဲ့ကျရင် ရေကောင်းရေသန့်ရဖို့ လိုအပ်သလို အိမ်သာလည်း ကြီးကြီးမားမား လိုအပ်တဲ့အပိုင်းကို ကျနော် တွေ့ခဲ့ရတယ်။ ဒီ့အပြင် တပါတည်းပေါ့။ ခုနကပြောသလို စားဖို့ သောက်ဖို့လည်း ခက်ခဲကြတယ် သူတို့က။ ဒီစစ်ဘေးရှောင်တွေဟာ ၂ခါ ၃ခါ ထွက်ပြေးထားရတဲ့ စစ်ဘေးရှောင်တွေပေါ့” လို့ သူက အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။

ဒါ့အပြင် ဘေးလွတ်ရာကို တိမ်းရှောင်နေထိုင်နေရတာ ဖြစ်တဲ့အတွက် ဆေးဝါးလိုအပ်ချက်ရှိသလို သောင်းနဲ့ချီတဲ့ စစ်ဘေးရှောင်တွေအတွက် ကုသပေးဖို့ ဆရာဝန် လုံလောက်မှုမရှိဘူးလို့လည်း သိရပါတယ်။

“ ကျန်းမာရေး ပြဿနာလည်း ကြီးတယ်ဗျ။ ဒီ အနွေးထည် လိုအပ်ချက်အရရယ် စောင်လိုအပ်ချက် အရရယ်။ ကျောက်ဖြူမြို့နယ်ထဲက ရွာတရွာမှာပေါ့။ ရွာနာမည်တော့ လုံခြုံရေးအရ ကျနော် မပြောတော့ဘူး။ အဲ့ရွာမှာဆိုရင် သက်ကြီးပိုင်းတွေထဲက အသက်ဆုံးရှုံးမှုဖြစ်တာ ၆ ဦးလောက် ရှိပြီလို့ သိခဲ့ရတယ်ဗျ။ ကျနော် ကိုယ်တိုင်တော့ တိုက်ရိုက် မရောက်ခဲ့ဘူး။ အဲ့မှာ ကူညီထောက်ပံ့နေတဲ့ ကော်မတီတွေနဲ့ တွေ့တော့ သူတို့နဲ့ စကားပြောတဲ့အချိန်မှာသိခဲ့ရတဲ့ အခင်းအကျင်းပါ။ လတ်‌တလော ဆေးဝါးလိုအပ်ချက်လည်း ရှိတယ်‌ဗျ။ ဆရာဝန်ဦးရေ နဲ့ ဆေးဝါးလိုအပ်ချက်ကလည်း ကြီးကြီးမားမား ရှိပါတယ်။ ရှိတဲ့အင်အားနဲ့ တတ်နိုင်သမျှ ထိန်းထားနိုင်တဲ့ အခင်းအကျင်းလည်း ရှိပါတယ်” လို့ စာရေးဆရာ ဝေဟင်အောင်က ဆက်ပြောပါတယ်။

လက်တလောမှာတော့ ရက္ခိုင်ပြည်၊ စစ်တွေ နဲ့ ကျောက်ဖြူမြို့ အပြင် ရက္ခိုင်ပြည် နယ်စပ်ဒေသ ၃ ခု မှာလည်း စစ်ကော်မရှင် နဲ့ အာရက္ခတပ်တော်တို့အကြား တိုက်ပွဲတွေ ပြင်းထန်‌လျက်ရှိပါတယ်။

Related posts

စစ်တွေကယ်ဆယ်ရေးစခန်းမှာ ဆန်ရှိရုံဖြင့် အဆင်မပြေ၊ ပိုက်ဆံရှိမှ အဆင်ပြေ

Rakhita Times

ရက္ခိုင်မှာ ကျောက်ဖြူရေနက်ဆိပ်ကမ်း ပြန်စလာနိုင်

Rakhita Times

မလေးရှားဝန်ကြီးချုပ် စစ်ကောင်စီနဲ့ NUG တို့ကိုတွေ့ဆုံမှုက ဘာတွေထူးခြားနိုင်လဲ

Rakhita Times

Leave a Comment