BusinessNewsPolitic

ရက္ခိုင်တွင် ငွေထုတ်ခ ဆက်လက် မြင့်တက်နေ

အာရက္ခတိုင်းမ်စ် (၉ ဧပြီ ၂၀၂၆)

ရက္ခိုင်ပြည်က လွတ်မြောက်နယ်မြေတွေမှာ သင်္ကြန်နီးလာတာနဲ့အမျှ ငွေထုတ်ခတွေဟာလည်း ဆက်လက်မြင့်တက်လာနေပြီး ငွေးသားတွေ ရှားပါးလာနေတယ်လို့ သိရပါတယ်။

“အခုဆိုရင် ကျောက်တော်က ပင်ရင်းမှာတောင် ငွေထုတ်ခက ၄ ကျပ်နှုန်း ဖြစ်နေပြီ။ ဒါတောင် ငွေသားက လိုသလောက်မရဘူး။ သင်္ကြန်နားနီးလာတော့ အဝေးရောက် သားသမီးတွေက ငွေတွေ လှမ်းပို့ကျတယ်လေ။ ထုတ်အားကများပြီး သွင်းအားနည်းနေတာရယ် ကုန်သည်တွေက ကုန်တွေ စုဝယ်နေတာကြောင့်လို့ ထင်တာပဲ” လို့ သံတွဲမြို့နယ်က ငွေလွှဲဝန်ဆောင်မှု လုပ်ကိုင်နေသူတဦးက အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။

ရက္ခိုင်ပြည်တွင် မတ်လကုန်လောက်အထိ ငွေထုတ်ခမှာ ၁ ရာခိုင်နှုန်း၊ ၁.၅ ရာခိုင်နှုန်းသာ ပေးရသော်လည်း အခုအခါမှာတော့ ၆ ရာခိုင်နှုန်းအထိ ပေးနေရတယ်လို့ သိရပါတယ်။

“ကျနော်တို့က တဆင့်သမားတွေလေ။ ဒိုင်ကြီးဆီမှာကို တသိန်းကို ၄၀၀၀ ဖြစ်နေတော့ ကျနော်က ၅၀၀၀ နဲ့တောင် ထုတ်ပေးလို့ အဆင်မပြေတော့ဘူး။ ဆီဈေးကလည်း တက်တယ်၊ ငွေသားကလည်း တော်တော်ရှားနေတယ် ထပ်တက်ဖို့ပဲ ကျနော်က မြင်တယ်ဗျ” လို့ သံတွဲမြို့နယ် ငွေလွှဲဝန်ဆောင်မှု လုပ်နေသူတဦးက အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။

ယခုအခါ ငွေထုတ်ခ ၆ ရာခိုင်နှုန်းအထိ မြင့်တက်လာခဲ့ပေမယ့် ဒါဟာ နှစ်သစ်ကူးပြီးရင် ပြန်ကျသွားနိုင်တယ်လို့ သံတွဲဒေသခံတယောက်က အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။

“မြို့သိမ်းပြီးစကဆို ငွေထုတ်ခက ၁၂ ရာခိုင်နှုန်းနဲ့တောင် ထုတ်လို့မရဘူး။ အရမ်းကို ခက်ခဲခဲ့တယ်။ အခု တပ်တော်က ပြန်လည် ထူထောင်ရေးတွေ လုပ်ပေးနေတော့ တဖြည်းဖြည်းနဲ့ ၁ ရာခိုင်နှုန်းလောက်အထိ လျော့ကျသွားတယ်။ အခုကလည်း ကုန်သည်တွေ ဈေးကစားနေလို့ ဈေးတက်သွားတာပါ။ ပြန်ကျမယ်လို့တော့ ထင်တယ်” လို့ သူက ပြောပါတယ်။

ရက္ခိုင်ပြည်တွင် ၁၀၂၇ စစ်ဆင်ရေး စတင်ခဲ့တဲ့ ၂၀၂၃ ခုနှစ် နှစ်ကုန်ပိုင်းကစတင်ပြီး ဘဏ်လုပ်ငန်းများ ရပ်တန့်သွားက အွန်လိုင်းကတဆင့် ငွေထုတ်ခပေးကာ ငွေထုတ် သုံးစွဲနေရတာလည်း ဖြစ်ပါတယ်။

Related posts

အားလုံးပဲ သာလီစွပါ။ အာရက္ခတိုင်းမ်စ် သတင်းဌာနရဲ့ သတင်းပေါ့စ်ကပ်စ်အစီအစဉ်ကနေ ကြိုဆိုလိုက်ပါတယ်။

Rakhita Times

PSLF/TNLA အပတ်စဉ် (၁) နိုင်ငံရေးသိပ္ပံကျောင်း ကျောင်းဆင်းပွဲ ကျင်းပ

Rakhita Times

ဆုပ်လည်းစူး စားလည်းရူးနေရတဲ့ ရခိုင်သတင်းသမားတွေ ဘဝ

Rakhita Times

443 comments

Leave a Comment