အာရက္ခတိုင်းမ်စ် (၁၄ ဧပြီ ၂၀၂၆)
ရက္ခိုင်ပြည် မြောက်ဦးမြို့ ကုန်သည်တန်းရပ်ကွက် နန်းရာကုန်းရှိ အလှကုန်ပစ္စည်းဆိုင်ကို ဖောက်ထွင်းခိုးယူခဲ့သူ ၂ ဦးကို ခိုးရာပါပစ္စည်းတွေနဲ့အတူ ဒီလပ်ဌာနက မတ်လ ၁၂ ရက်တွင် ဖမ်းဆီးရမိခဲ့တယ်လို့ သိရပါတယ်။
ဖြစ်စဉ်မှာ ဖေဖော်ဝါရီလ ၂၇ တွင် အလှကုန်ပစ္စည်ဆိုင်မှ သိန်း ၃၀၀ ကျော်တန် ကုန်ပစ္စည်းများခိုးယူခံရပြီး ဆိုင်ပိုင်ရှင်မှ မတ်လ ၃ တွင် တရားဥပဒေစိုးမိုးရေးနဲ့ ပြည်သူ့လုံခြုံရေးဌာနကို လာရောက်တိုင်ကြားခဲ့တာလည်း ဖြစ်ပါတယ်။
တရားဥပဒေစိုးမိုးရေးနဲ့ ပြည်သူ့လုံခြုံရေးဌာနအနေနဲ့ မြောက်ဦးမြို့မ ဒီလပ်စခန်းက (ပ) ၁၃/၂၀၂၆၊ ရာဇသတ်ကြီးပုဒ်မ ၄၅၇ နဲ့ အမှုဖွင့် ဆောင်ရွက်ခဲ့တယ်လို့ သိရပါတယ်။
ဒီလပ်ဌာနအနေနဲ့ စုံစမ်းစစ်ဆေးရာတွင် မြောက်ဦးမြို့မဈေးထဲသို့ အမျိုးသမီးတဦးသည် အလှကုန်ပစ္စည်းများကို ကာလတန်ဖိုးထပ် လျော့ပြီး ရောင်းချနေတယ်လို့ သတင်းရရှိတာကြောင့် ခေါ်ယူစစ်ဆေးရာ ရည်းစားဖြစ်သူနဲ့အတူ ခိုးယူထားတာဖြစ်ကြောင်း ဝန်ခံတယ်လို့လည်း သိရပါတယ်။
အလှကုန်ပစ္စည်းဆိုင်ကို ဖောက်ထွင်းခိုးယးသူများမှာ အသက် ၂၃ နှစ်အရွယ် စစ်တွေမြို့ ဆင်ကူးလမ်းရပ်ကွက်နေ မောင်ဆန်းမြင့် (ခ) စစ်တွေသားနဲ့ အသက် ၂၅ နှစ်အရွယ် သံတွဲမြို့နယ် ငပလီမြို့ ဂျိတ္တော်ရပ်ကွက်နေ မငြိမ်းငြိမ်းဦး ဖြစ်တယ်လို့ သိရပါတယ်။
အဆိုပါ ဖောက်ထွင်းခိုးယူသူ ၂ ဦးဟာ ဖေဖော်ဝါရီလ ၁၁ ရက်တွင် ယူတိုးပီးယား ကွန်ပြူတာနဲ့ ဖုန်းအရောင်းဆိုင်မှ သိန်း ၁၃၀ ကျော် တန်ဖိုးရှိ ပစ္စည်းများ ဖောက်ယူခဲ့ပြီး ဖေဖော်ဝါရီလ ၁၉ ရက်ကလည်း မြောက်ဦးမြို့ လက်ကောက်ဈေးရပ်ကွက် မြောက်ဦးပဲလေ့စ်ခြံဝန်းရှိ ဖုန်းအရောင်းဆိုင်မှ သိန်း ၁၉၀ ကျော် တန်ဖိုးရှိ ပစ္စည်းများကို ဖောက်ထွင်းခိုးယူခဲ့ကြောင်း သိရပါတယ်။
ပစ္စည်းများကို ဖောက်ထွင်းခိုးယူသူတွေအနေနဲ့ ရာဇသတ်ကြီးပုဒ်မ ၄၅၇ အရ “မည်သူမဆို ထောင်ဒဏ်ထိုက်သည့် ပြစ်မှုကို ကျူးလွန်ရန်အလို့ငှာ ညည့်အချိန် အိမ်ဖောက်ထွင်းမှုကို ဖြစ်စေ၊ ကျူးလွန်လျင် ထိုသူကို ငါးနှစ်အထိ ထောင်ဒဏ်တမျိုးမျိုး ချမှတ်ရမည့်အပြင် ငွေဒဏ်လည်း ချမှတ်နိုင်သည်။ အကယ်တန္တိ ကျူးလွန်ရန် ကြံရွယ်သည့် ပြစ်မှုသည် ခိုးမှုဖြစ်ခဲ့သော် ထောင်ဒဏ်ကို ဆယ့်လေးနှစ်အထိ တိုးပြီး ချက်မှတ်နိုင်သည်” ဟု ပြဌာန်းထားကြောင်း သိရပါတယ်။

857 comments