NewsPolitic

ဂျိုရှုအာဗန် ချန်ပီယံဘွဲ့ကို ဆက်လက်ထိမ်းသိမ်း

အာရက္ခတိုင်းမ်စ် (၁၀ မေ ၂၀၂၆)

အမေရိကန်နိုင်ငံတွင် ကျင်းပခဲ့တဲ့ UFC 328 ပြိုင်ပွဲတွင် မြန်မာနိုင်ငံကိုယ်စားပြု ဖလိုင်းဝိတ် လက်ရှိချန်ပီယံ ဂျိုရှုအာဗန်က ပြိုင်ဘက် ဂျပန်ဖိုက်တာ တက်ဆူရိုတိုင်ရာကို အလဲထိုးပြီး အနိုင်ရရှိခဲ့တယ်လို့ သိရပါတယ်။

UFC သမိုင်းတလျှောက် ပထမဆုံးအကြိမ်အဖြစ် အာရှသားဖိုက်တာနှစ်ဦး ချန်ပီယံခါးပတ်အတွက် ယှဉ်ပြိုင်ရတဲ့ သမိုင်းဝင်ပွဲစဉ်တခုလည်း ဖြစ်ပါတယ်။

ဂျိုရှုအာဗန်နဲ့ တိုင်ရာတို့ရဲ့ ချန်ပီယံလုပွဲမှာ အလွန် အကြိတ်အနယ်ရှိခဲ့ပြီး ပွဲချိန် ၅ ချီမြောက် (၃ မိနစ် ၂၈ စက္ကန့်) အရောက်တွင် ဗန်က ပြိုင်ဘက်ဂျပန်ဖိုက်တာကို အလဲထိုး (Knockout) နဲ့ အပြတ်အသတ် အနိုင်ယူနိုင်ခဲ့တာလည်း ဖြစ်ပါတယ်။

ပထမဆုံးအကြိမ် ခါးပတ်ကာကွယ်ပွဲတွင် အနိုင်ရရှိခဲ့လို့ ဂျိုရှုအာဗန်ဟာ Flyweight ဝိတ်တန်းတွင် ကမ္ဘာ့အဆင့် အားအကောင်းဆုံး ချန်ပီယံဖြစ်တာကို ထပ်မံသက်သေပြလိုက်တာလည်း ဖြစ်ပါတယ်။

Related posts

စစ်တွေမှာ မွတ်ဆလင်ရွာတချို့ကို စစ်ကော်မရှင် ဖယ်ခိုင်းနေ

Rakhita Times

တိုက်ပွဲတွေပြင်းထန်နေပေမယ့် စစ်တွေမှာ ကုန်ဈေးမတက်

Rakhita Times

ရက္ခိုင်ပြည်ဖွား ခမီလူမျိုးတဦး သေဆုံးမှုအပေါ် ဆက်လက်စုံစမ်းနေ

Rakhita Times

1 comment

ManuelHoaks စက်တင်ဘာ 3, 2026 at 7:02 မနက်

Специалисты регулярно помогают при интоксикации, запоях, абстиненции и сложных состояниях зависимости.
Изучить вопрос подробнее – luchshaya-narkologicheskaya-klinika-v-moskve-otzyvy

Reply

Leave a Comment