NewsPolitic

မင်းပြားတွင် မိုးကြိုးပစ်ခံရလို့ ၁ ရက်တည်း ၂ ဦး သေဆုံး

အာရက္ခတိုင်းမ်စ် (၇ ဇွန် ၂၀၂၆)

ရက္ခိုင်ပြည် မင်းပြားမြို့နယ်တွင် ဇွန်လ ၅ ရက် ၁ ရက်တည်း မိုးကြိုးပစ်ခံရလို့ ဒေသခံပြည်သူ ၂ ဦး သေဆုံးခဲ့တယ်လို့ သိရပါတယ်။

မိုးကြိုးပစ်ခံရလို့ သေဆုံးသွားသူမှာ ရက္ခိုင်ပြည် မင်းပြားမြို့နယ် မင်းဖူးရွာနေ အသက် ၁၈ နှစ်အရွယ် မောင်အေးကိုနိုင်နဲ့ ချောင်းတို (ချင်း) ရွာနေ အသက် ၄၄ နှစ်အရွယ် ဦးမောင်ကျော်ထွန်း ဖြစ်တယ်လို့ သိရပါတယ်။

“၂ ယောက်လုံးက ညနေ ၅ နာရီကျော်လောက်မှာ အပစ်ခံရတာ။ အေးကိုနိုင်ကတော့ သူ့အိမ်မှာ ရေချိုးနေရင်း အပစ်ခံလိုက်ရတာ၊ မောင်ကျော်ထွန်းကတော့ သာစည်ရွာကို အလုပ်ကိစ္စနဲ့သွားရင်း အပစ်ခံလိုက်ရတာ” လို့ မင်းပြားမြို့နယ်ဒေသခံတဦးက အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။

မေလ ၁၉ ရက် မနက် ၇ နာရီအချိန် ထုတ်ပြန်ချက်အရ ရက္ခိုင်ပြည်အပါအဝင် ကချင်နဲ့ တနင်္သာရီတို့မှာ တိမ်တောင်များ ဖြစ်ထွန်းမှု အားကောင်းနေပြီး အဆိုပါ မိုးတိမ်တောင်တွေ ရွေ့လျားရာ နေရာတလျှောက်မှာ မိုးရွာသွန်းခြင်းနဲ့အတူ လေပြင်းတိုက်ခတ်ခြင်း၊ မိုးထစ်ချုန်းခြင်း၊ မိုးကြိုးပစ်ခြင်း၊ လျှပ်စီးလက်ခြင်း၊ မိုးသီးကြွေခြင်း စတာတွေ ဖြစ်ပေါ်နိုင်တယ်လို့လည်း မိုးဇလက အသိပေးထားပါတယ်။

မေလ ၂၂ ရက် ညနေဖက်ကလည်း ရက္ခိုင်ပြည် မင်းပြားမြို့နယ် မြစ်နားရွာတွင် မိုးကြိုးပစ်ခံရလို့ သားအဖ ၂ ဦး ပြင်းပြင်းထန်ထန် ထိခိုက် ဒဏ်ရာ ရရှိခဲ့ပါတယ်။

Related posts

AA က စစ်မျက်နှာ ၅ ခုတွင် စကမကို အရှိန်မြှင့်တိုက်ခိုက်နေ

Rakhita Times

ပြည်သူတွေဆဲတာကို မင်းအောင်လှိုင်က သူသိကြောင်း ဝန်ခံ

Rakhita Times

မိုးရွာသွင်းလို့ ရက္ခိုင်ကုန်သွယ်ရေးလမ်းများ ဆိုရွားစွာ ပျက်စီးနေ

Rakhita Times

151 comments

Leave a Comment