EducationNewsPolitic

ရက္ခိုင်တွင် ပညာရေးကို လေကြောင်းအန္တရာယ်ကြားက သင်ယူခွင့်ရရန် ULA စီစဉ်ပေးနေ

အာရက္ခတိုင်းမ်စ် (၉ စက်တင်ဘာ ၂၀၂၆)

အာရက္ခတပ်တော် ထိန်းချုပ်ထားတဲ့ နယ်မြေတွေမှာ အရွယ်ရောက်ပြီးသား လူငယ်တွေ ပညာသင်ကြားနိုင်ဖို့ လေကြောင်းအန္တရာယ်ကြားကနေ အာရက္ခအမျိုးသားပညာရေးဌာနက စီစဉ် ဆောင်ရွက်ပေးနေတယ်လို့ သိရပါတယ်။

“ULA/AA က ထိန်းချုပ်ထားတဲ့ ဒေသ၊ အာရက္ခတပ်တော် စစ်ရေးလှုပ်ရှားရာ ဒေသများရှိ ဒေသခံပြည်သူလူထုတို့ရဲ့ လူမှုစီးပွားအဝဝ၊ ကျန်းမာရေးတို့အပြင် ပညာရေးကဏ္ဍတွင်လည်း သစ်လွင်တဲ့ အတွေးအခေါ်၊ ခေတ်ကာလနဲ့ လျော်ညီတဲ့ မူဝါဒတို့နဲ့ စစ်ကော်မရှင်ရဲ့ လေကြောင်းတိုက်ခိုက်မှုအောက်မှာ အကန့်အသတ်နဲ့ သတိထားကာ အရွယ်ရောက်ပြီးသား လူငယ်များ ပညာသင်ကြားနိုင်ခွင့်နဲ့ သင်ကြားနိုင်ရေးတို့ကို ဆောင်ရွက်လျက် ရှိပါတယ်” လို့ အာရက္ခတပ်တော် ပြောခွင့်ရ ဦးခိုင်သုခက ဆိုပါတယ်။

အာရက္ခတပ်တော် ထိန်းချုပ် သိမ်းပိုက်ထားတဲ့ မြို့နယ်တွေမှာ ၁၂ တန်းတွင် ရက္ခိုင်စာသင်ရိုးသစ်ကို မြန်မာစာနေရာတွင် အစားထိုး သင်ကြားနေပေမယ့် ပလက်ဝခရိုင်တွင် ရက္ခိုင်စာနဲ့ မြန်မာစာ တစ်ဘာသာကို ကြိုက်နှစ်သက်ရာ ရွေးချယ် သင်ယူနိုင်တယ်လို့လည်း သိရပါတယ်။

“ပလက်ဝခရိုင်အတွင်း သင်ကြားမယ့် သင်ရိုးညွှန်းတမ်းနဲ့ ပတ်သက်ပြီး ကျနော်တို့ ပညာရေးဌာနရဲ့ မူဝါဒမှာ အခု အသစ်ရးဆွဲထားတဲ့ ၁၂ တန်း ရက္ခိုင်စာသင်ရိုးသစ်ကို မြန်မာစာနေရာတွင် အစားထိုးထားပါသော်လည်း ကျောင်းသား/သူတိုင်းကို မသင်မနေရ အတင်းအဓမ္ မသင်ယူခိုင်းခြင်းမျိုး မဟုတ်ဘဲ ကျောင်းသား/သူများဟာ မြန်မာစာနဲ့ ရက္ခိုင်စာ နှစ်ခုထဲမှ တစ်ဘာသာကို သူတို့ ကြိုက်နှစ်သက်ရာ ဘာသာအဖြစ် ရွေးချယ် သင်ကြားနိုင်တဲ့ မူဝါဒကို ကျင့်သုံးသွားမှာ ဖြစ်တယ်” လို့လည်း ဦးခိုင်သုခက ထပ်မံ ဆိုပါတယ်။

လက်ရှိတွင် ပလက်ဝခရိုင်အတွင်းမှာ ယခုနှစ် ပညာသင်နှစ်တွင် ၁၂ တန်းပညာကို သင်ယူနေသူ စုစုပေါင်း ၁၅၈ ယောက်ရှိပြီး သူတို့အထဲတွင် ရက္ခိုင်လူမျိုး (၁၃၈) ယောက်၊ ခူမီးလူမျိုး (၁၆) ယောက်၊ ဒိုင်းနက်လူမျိုး (၃) ယောက်၊ မြိုလူမျိုး (၁) ယောက် တို့ကို အာရက္ခအမျိုးသားပညာရေးဌာနက ကြီးကြပ်ပြီး ပညာသင်ကြားပေးနေတယ်လို့လည်း သိရပါတယ်။

Related posts

ဗျူဟာ-၂၉ ခွဲမှူး ကျဆုံးခဲ့ခြင်းအတွက် MPCC ဝမ်းနည်းကြောင်း သဝဏ်လွှာပို့

Rakhita Times

သံတွဲကို စကမ ဗုံးလာကြဲ(Breaking News)

Rakhita Times

စစ်ကော်မရှင်ရဲ့ လေကြောင်းတိုက်ခိုက်မှုအပေါ် NUG ရှုတ်ချ

Rakhita Times

Leave a Comment