NewsPolitic

တောင်မော်ကြီးရေတပ်အနီး တိုက်ပွဲ ရွေးတုအစိုးရဘက်က အကျအရှုံးများနေ

အာရက္ခတိုင်းမ်စ် (၈ ဇွန် ၂၀၂၆)

ရက္ခိုင်ပြည် ကျောက်ဖြူမြို့နယ်အတွင်းက တောင်မော်ကြီးရေတပ်စခန်းအနီးမှာရွေးတုအစိုးရတပ်တွေနဲ့ အာရက္ခတပ်တော်တို့ဟာ နှစ်ဖက်တိုက်ပွဲတွေ ပြင်းပြင်းထန်ထန် ဖြစ်ပွါးနေပါတယ်။

အာရက္ခတပ်တော်ဟာ ပြီးခဲ့တဲ့ ရက်ပိုင်းက အဲဒီ တောင်မော်ကြီးရေတပ်စခန်းအနီးက ကာကင်းစခန်းတချို့ကို အာရက္ခတပ်တော်က တိုက်ခိုက် သိမ်းပိုက်နိုင်ခဲ့ပြီးတဲ့နောက်မှာ နှစ်ဖက်တိုက်ပွဲတွေဟာ ပြင်းပြင်းထန်ထန် ဖြစ်လာနေတာလည်း ဖြစ်ပါတယ်။

ကျောက်ဖြူမြို့ စစ်ရေးသတင်းအရင်းအမြစ်ရဲ့ ပြောဆိုချက်အရ “ တိုက်ပွဲက ပိုပြင်းထန်နေတယ်။ စစ်ကော်မရှင်ရဲ့ မြေပြင်တပ်ရင်းတွေကလည်း ဆက်တိုက် အကျအရှုံးတွေ ရှိနေတယ်။ မနေ့က တိုက်ပွဲမှာလည်း စစ်ကော်မရှင်တပ်သား ၄၀ ထက်မနည်း ကျရှုံးတာ ရှိတယ်။ သုံ့ပန်းတွေကိုလည်း အာရက္ခတပ်တော်က ဖမ်းဆီးရမိထားတာတွေ ရှိတယ်” လို့ သူက အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။

တဖက်မှာလည်း ရွေးတုအစိုးရတပ်ဟာ မြေပြင်စစ်ကြောင်းတွေ အကျအရှုံး များတာကြောင့် လေကြောင်းတိုက်ခိုက်မှုကို ပိုအားဖြည့်နိုင်ဖို့အတွက် ဂျိုင်ရိုကော်ပတာတွေ မောင်းနှင်ဖို့အတွက် လေ့ကျင့် ပျံသန်းတာတွေကိုလည်း ဆက်တိုက် လုပ်ဆောင်နေတယ်လို့ စစ်ရေးသတင်းအရင်းမြစ်တွေက ဆိုပါတယ်။

ရွေးတုအစိုးရတပ်ဟာ နွေရာသီတိုက်ပွဲအတွင်းက အသေခံဒရုန်းတွေနဲ့ နည်ပညာမြင့် ဒရုန်းတချို့ကို အသုံးပြုကာ အာရက္ခတပ်တော်ကို ခုခံတိုက်ခိုက်တာ၊ထိုးစစ်ဆင် တိုက်ခိုက်တာတွေကို လုပ်ဆောင်ခဲ့တာ ရှိခဲ့ပြီးတော့ လက်ရှိ မိုးရာသီအတွင်းမှာ ဒီ ဒရုန်းသုံး တိုက်ခိုက်မှုတွေဟာ ထိရောက်တဲ့ တိုက်ခိုက်မှု မရှိလာတဲ့အတွက် အခုလို ဂျိုင်ရိုကော်ပတာတွေကို အသုံးပြု တိုက်ခိုက်နိုင်ဖို့ ပြင်ဆင်နေတာ ဖြစ်တယ်လို့လည်း စစ်ရေးသတင်းအရင်းအမြစ်က ဆိုပါတယ်။

“ အဓိကတော့ မြေပြင်စစ်ကြောင်းတွေက တက်သေဖြစ်နေတော့ လေကြောင်း အင်အားပြု တိုက်ဖို့ ပြင်ဆင်နေပုံရတယ်။ ရေကြောင်းကလည်း ထောက်ပို့နဲ့ နည်းနည်း လက်နက်ကြီးပစ်တဲ့ အနေအထားပဲ ရတာကို။ ဒရုန်းတွေကလည်း မိုးရွာရင် အလုပ်မဖြစ်တော့ အခု ဂျိုင်ရိုကော်ပတာတွေ အသုံးပြုပြီး တိုက်ခိုက်ဖို့ ပြင်ဆင်နေတာလို့တော့ မြင်တယ်” လို့ သူက အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။

ပြီးခဲ့တဲ့ ရက်ပိုင်းတွေမှာလည်း ရွေးတုအစိုးရတပ်ဟာ တိုက်ပွဲနဲ့ သက်ဆိုင်တဲ့ နေရာအပါအဝင် တိုက်ပွဲနဲ့ မသက်ဆိုင်တဲ့ စစ်ဘေးရှောင်တွေ နေထိုင်နေတဲ့ နေရာတွေကို ဂျက်ဖိုက်တာတွေနဲ့ လေကြောင်း တိုက်ခိုက်တာ၊ စစ်သင်္ဘောတွေက လက်နက်ကြီးတွေနဲ့ ပစ်ခတ် တိုက်ခိုက်တာ စတာတွေကို ဆက်တိုက်လုပ်ဆောင်ခဲ့တယ်။

အဲဒီလို တိုက်ခိုက်မှုတွေ လုပ်ဆောင်ခဲ့တဲ့အတွက် ဇွန်လ ၆ ရက်မှာ စစ်ဘေးရှောင်တွေ နေထိုင်နေတဲ့ သစ်ကတိုးကျေးရွာကို လေကြောင်း ဗုံးကြဲခံခဲ့ရတဲ့ အတွက် စစ်ဘေးရှောင်ပြည်သူ ၃ ဦးဟာလည်း ရွေးတုအစိုးရတပ်ရဲ့ လက်ချက်ကြောင့် ဒဏ်ရာ ပြင်းပြင်းထန်ထန် ရရှိခဲ့တာလည်း ရှိပါတယ်။

Arakan Responders for Emergency – ARE ရဲ့ သတင်းထုတ်ပြန်ချက်အရ ဧပြီလ ၁ ရက်ကနေ မေလ ၃၁ ရက်အထိ နှစ်လအတွင်း မှာ ရွေးတုအစိုးရတပ်ရဲ့ လေကြောင်းအပါအဝင် လက်နက်ကြီး ပစ်ခတ် တိုက်ခိုက်မှုကြောင့် အရပ်သားပြည်သူ ၉ ဦး သေဆုံးမှု ရှိခဲ့ပြီးတော့ ဒဏ်ရာရရှိသူ ၄၈ ဦး ရှိခဲ့တယ်လို့ ဖော်ပြထားပါတယ်။

Related posts

ငါးရှာထွက်တဲ့ ကျိန္တလီသား ၂ ဦး ရေနှစ်ပျောက်ဆုံး၊ ၆ ကြာ ထိ ရှာမတွေ့သေး

Rakhita Times

ဗိုလ်ချုပ်ထွန်းမြတ်နိုင်ရဲ့ မြန်မာအစိုးရနဲ့ ဆွေးနွေးပွဲများ၊ India, Bangladesh တို့နဲ့ ဆက်ဆံရေးများအပေါ် ပြောကြားချက်

Rakhita Times

ကိုးကန့်လို တရုတ်က AA ကို ဖိအားပေးနိုင်တဲ့ အနေအထား မရှိ

Rakhita Times

Leave a Comment