NewsPolitic

တောင်မော်ကြီးရေတပ်မကျစေရေး ရွေးတုအစိုးရ အာရုံစိုက်နေရ

အာရက္ခတိုင်းမ်စ် (၈ ဇူလိုင် ၂၀၂၆)

ရက္ခိုင်ပြည် ကျောက်ဖြူမြို့နယ်က တောင်မော်ကြီးရေတပ်စခန်း မကျစေရေးကိုသာ ရွေးတုအစိုးရ အာရုံစိုက်နေရတယ်လို့ သိရပါတယ်။

“ အခုက မိုးကလည်း တအားကို ကောင်းနေတယ်လေ။ တပ်တော်ကလည်း စစ်တပ်ကကောင်တွေ ထွက်လာတာကိုပဲ စောင့်နေတာ။ စနိုက်ဘာနဲ့ အပိုင်ပစ်တော့ သူတို့တွေ အခု တပ်ပြင် မထွက်ရဲကြဘူး။ တောင်မော်ကြီးမှာပဲ စုနေကြတယ်။ ဒရုန်းတွေနဲ့တော့ ကင်းထောက်တာတွေ လက်နက်ကြီးနဲ့ ပစ်တာတွေတော့ အမြဲလိုလိုကို လုပ်တယ်” လို့ မြေပြင်စစ်ရေးသတင်းရင်းမြစ်တစ်ဦးက အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။

အာရက္ခတပ်တော်အနေနဲ့ ကျောက်ဖြူမြို့နယ် တောင်မော်ကြီးရေတပ်စခန်းအနီးရှိ ရွေးတုအစိုးရတပ် ကာကင်းစခန်းတွေကို မြေပြင်ကနေ ထိုးစစ်ဆင်နေပြီး အမှတ် (၃၂) ရဲတပ်ရင်းအနီး ကာကင်းစခန်းတွေနဲ့ မင်းပြင်၊ သိုင်းချောင်းစခန်းတွေကိုတော့ စနိုက်ဘာ စတဲ့ အဝေးပစ်လက်နက်တွေနဲ့ တိုက်ခိုက်နေတယ်လို့ သိရပါတယ်။

ကျောက်ဖြူစစ်ရေးနဲ့ ပတ်သက်ပြီး CDM ဗိုလ်ကြီးဇင်ယော်က “ ကျောက်ဖြူ စစ်မျက်နှာကတော့ တောင်မော်ဦး စနဲတဝိုက်မှာ အခြေအနေတွေ ရှုပ်ထွေးနေဆဲတွေ့ရပါတယ်။ လက်ရှိ အနေအထားကတော့ စနဲမြို့ကို ရရှိရေးထက် တောင်မော်ဦး ရေတပ်စခန်း မကျစေရေးကိုပဲ အာရုံစိုက်နေရချိန် ဖြစ်ပါတယ်” လို့ ဆိုပါတယ်။

လက်ရှိမှာတော့ ကျောက်ဖြူမြို့နယ်အတွင်းက ရှေ့တန်းစစ်မျက်နှာတွေမှာ ရွေးတုအစိုးရတပ်ဘက်က အထိနာ၊ အကျအဆုံး များနေသလိုလက်နက်ချ၊ အလင်းဝင်လာသူတွေလည်း အများအပြား ရှိနေတယ်လို့လည်း သိရပါတယ်။

ရက္ခိုင်ပြည် ကျောက်ဖြူမြို့နယ်အတွင်း ရွေးတုအစိုးတပ်ရဲ့ ဓည၀တီရေတပ်စခန်း၊ တောင်မော်ကြီးရေတပ်စခန်း၊ အမှတ် (၃၂) ရဲတပ်ရင်း၊ ခမရ ၅၄၂၊ ခမရ ၅၄၃၊ ခလရ ၃၄ တို့ ကျန်ရှိနေသေးတာလည်း ဖြစ်ပါတယ်။

Related posts

မြို (ခမိ) စာပေဖော်ထုတ်ခဲ့သူ ဦးကျော်သာအောင် ကွယ်လွန်

Rakhita Times

မြောက်ဦးဆေးရုံကို စစ်စခန်းတည်ဆောက်ထားကြောင်း စကမ စွပ်စွဲချက်မှာ မှားယွင်းကြောင်း အာရက္ခပြည်သူ့ကျန်းမာရေးဦးစီးဌာန ဆို

Rakhita Times

ရက္ခိုင်က ရေဘေးသင့် ပြည်သူတွေကို အရေးပေါ်အကူအညီ တိုးမြှင့်ပေးရန် HDCO တိုက်တွန်း

Rakhita Times

Leave a Comment