NewsPolitic

သံတွဲ ဒိုးတောင်ကို ရွေးတုအစိုးရ ဗုံးထပ်ကြဲလို့ ပြည်သူတစ်ဦး ထပ်မံသေဆုံး

အာရက္ခတိုင်းမ်စ် (၂၄ ဇူလိုင် ၂၀၂၆)

ရက္ခိုင်ပြည် သံတွဲမြို့နယ် အမှတ် ၇ ရပ်ကွက် ဒိုးတောင်ကို ရွေးတုအစိုးရဟာ ဒီကနေ့ မနက် ၁၁ နာရီ ၅ မိနစ်ခန့်မှာ လေကြောင်းကနေ ဗုံးထပ်မံကြဲလို့ ဒေသခံပြည်သူတစ်ဦး ထပ်မံသေဆုံးခဲ့တယ်လို့ သိရပါတယ်။

“ညသန်းခေါင်က ကြဲတဲ့နေရာကိုပဲ ထပ်လာပြီး ထပ်ကြဲတာ။ အဲဒါ လမ်းပေါ်မှာ သွားနေတဲ့ကောင်လေးတစ်ယောက်ကို လက်နက်အစတွေ ထိမှန်ပြီးတော့ သေဆုံးသွားတယ်” လို့ သံတွဲမြို့နယ်ဒေသခံတစ်ဦးက အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။

အလားတူ ရက္ခိုင်ပြည် သံတွဲမြို့နယ်ကို ရွေးတုအစိုးရတပ်ဟာ ဒီကနေ့ မနက် (၁၂ နာရီခွဲခန့်) မှာ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့လို့ အရပ်သားပြည်သူ ၈ ဦးခန့် ထိခိုက်ဒဏ်ရာ ရရှိခဲ့ပြီး နေအိမ်တချို့နဲ့ စာသင်ကျောင်းတစ်ကျောင်း ပျက်စီးသွားခဲ့ရပါတယ်။

“ဒဏ်ရာရတဲ့သူတွေလည်း ရှိတယ်။ အတိအကျတော့ မသိသေးဘူး။ ၂ ခါ ဆက်တိုက် လာကြဲတာဆိုတော့ လူတွေလည်း ကြောက်လန့်ပြီး ပြေးကုန်ကြပြီ။ အခြေအနေကတော့ နည်းနည်း ရုတ်ရုတ်သည်းသည်း ဖြစ်နေတယ်” လို့ သူက အာရက္ခတိုင်းမ်စ်ကို ဆက်ပြောပါတယ်။

ဇူလိုင်လ ၂၃ ရက်ကလည်း ရွေးတုအစိုးရတပ်ဟာ ရက္ခိုင်ပြည် သံတွဲခရိုင် ငပလီမြို့ ဂျိတ်တောရပ်ကွက်ကို နေ့လည် ၁ နာရီကျော်က ဗုံး ၃ လုံး ကြဲချတိုက်ခိုက်ခဲ့လို့ အရပ်သားပြည်သူ ၅ ဦး ထိခိုက် ဒဏ်ရာ ရရှိခဲ့ပါတယ်။

Related posts

သံတွဲတွင် မြေမြှုပ်မိုင်းကြောင့် ဒေသခံတစ်ဦး ခြေတစ်ဖက်ပြတ်

Rakhita Times

ဂေါ်တမီရင်ခွင် ရန်ပုံငွေရရှိရန် ဗိုလ်ချုပ်ကတော်က ဟန်းမိတ်အင်္ကျီ ရောင်းချမည်

Rakhita Times

ကျောက်ဖြူကို ရွေးတုအစိုးရ လက်နက်ကြီးနဲ့ ပစ်ခတ်တိုက်ခိုက်လို့ ဘုန်းကြီးကျောင်းနဲ့ နေအိမ်တချို့ ပျက်စီး

Rakhita Times

Leave a Comment