HealthNewsPolitic

သက်တမ်းကုန်နေတဲ့ အလှကုန်များ မရောင်းချရန် AA သတိပေး

အာရက္ခတိုင်းမ်စ် (၁၆ ဇွန် ၂၀၂၆)

ရက္ခိုင်ပြည်က အာရက္ခတပ်တော် ထိန်းချုပ်ထားတဲ့ လွတ်မြောက်နယ်မြေတွေမှာ အလှကုန်ဆိုင်အနေနဲ့ သက်တမ်းကုန်နေတဲ့ အလှကုန်တွေကို မရောင်းချရန် အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရ အာရက္ခပြည်သူ့ကျန်းမာရေးဌာန အစားအသောက်နဲ့ ဆေးဝါးကြီးကြပ်ရေးဌာနက ကွင်းဆင်း သတိပေးနေတယ်လို့ သိရပါတယ်။

“ ကျောက်တော်ကိုစလို့ ကွင်းဆင်း ဆောင်ရွက်နေပါတယ်။ သုံးစွဲရန်မသင့်တော်တဲ့ အလှကုန်ဆိုင် ၁၀ ဆိုင်နဲ့ သက်တမ်းကုန်ပစ္စည်းတွေ ရောင်းချနေတဲ့ ဆိုင် ၁ ဆိုင် တွေ့ရှိတယ်။ သုံးစွဲရန်မသင့်တဲ့ ကုန်ပစ္စည်းနဲ့ သက်တမ်းကုန် အလှကုန်တွေကို တခါတည်း သိမ်းဆည်းပြီးတော့ ထပ်မံ မရောင်းချဖို့ အသိပညာပေးခဲ့တယ်” လို့ အစားအသောက်နဲ့ ဆေးဝါးကြီးကြပ်ရေးဌာနက တာဝန်ရှိသူတစ်ဦးက အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။

အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရ အာရက္ခပြည်သူ့ကျန်းမာရေးဌာန အစားအသောက်နဲ့ ဆေးဝါးကြီးကြပ်ရေးဌာနက ဇွန်လ ၁၃ ရက်က စတင်ကာ အလှကုန်များတွင် ပြည်သူလူထု ကျန်းမာရေးကို အန္တရာယ်ဖြစ်စေနိုင်တဲ့ ဓာတုပစ္စည်းများ ပါဝင်ခြင်း မရှိစေရန် ရက္ခိုင်ပြည်ရှိ အလှကုန်ပစ္စည်း အရောင်းဆိုင်များကို မြေပြင်ကွင်းဆင်း စစ်ဆေးသွားမယ်လို့ သိရပါတယ်။

အစားအသောက်နဲ့ ဆေးဝါးကြီးကြပ်ရေးဌာနအနေနဲ့ မြန်မာပြည်တွင် အာဆီယံဒေသတွင်း နိုင်ငံများရဲ့ Post – Marketing Alert System (PMAS) Report အရ သုံးစွဲရန်မသင့်တဲ့ အလှကုန်ပစ္စည်း (၂၉) မျိုးကို တားဆီး ပိတ်ပင်သွားမယ်လို့ သိရပါတယ်။

“ တားမြစ် ပိတ်ပင်ထားတဲ့ အဆိုပါ အလှကုန်တွေဟာ မြန်မာပြည်ကနေ အာရက္ခပြည်ဖက်သို့ နည်းမျိုးစုံနဲ့ ဝင်ရောက်လာနိုင်လို့ အာရက္ခပြည်သူပြည်သားများအနေနဲ့ အထူး သတိပြုရန် လိုအပ်တယ်” လို့ အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရ အာရက္ခပြည်သူ့ကျန်းမာရေးဌာန အစားအသောက်နဲ့ ဆေးဝါးကြီးကြပ်ရေးဌာနက ဆိုပါတယ်။

အဆိုပါ အလှကုန်များတွင် တားမြစ် ဓာတုပစ္စည်းများပါဝင်ပြီး အရေပြားယားယံခြင်း၊ ရောင်ရမ်းခြင်း၊ အဖြူ အနီကွက်များ ဖြစ်ခြင်း၊ အရေပြားကတဆင့် ခန္ဓာကိုယ်အတွင်းကို စုပ်ယူပြီး ထုံကျဉ်ခြင်း၊ ကြွက်သားတုန်ခါခြင်း၊ ပင်ပန်းနွမ်းနယ်ခြင်း၊ ခေါင်းကိုက်ခြင်း၊ စိတ်ကျရောဂါများအပြင် ရေရှည်သုံးစွဲပါက ကျောက်ကပ်ပျက်စီးခြင်းနဲ့ အခြားရောဂါများ ဖြစ်ပွားနိုင်တယ်လို့ သိရပါတယ်။

Related posts

နမ္မတူနဲ့ သီပေါကို စကမ လေကြောင်းထပ်မံ ဗုံးကြဲတိုက်ခိုက်

Rakhita Times

မာန်အောင်တွင် ဖမ်းဆီးရမိတဲ့ ပစ္စည်းတွေကို စကမ အရာရှိနဲ့ အောက်ခြေတပ်ဖွဲ့များ ခွဲဝေယူနေတဲ့အတွက် ဖမ်းဆီးမှု ပိုတိုးလာ

Rakhita Times

ရက္ခိုင်-ဧရာအစပ် တိုက်ပွဲတွင် စကမတပ်သားများ အလံဖြူထောင် အလင်းဝင်သူများ ဆက်တိုက်ရှိနေ

Rakhita Times

Leave a Comment