BusinessNewsPolitic

ရက္ခိုင်မှာ ငွေထုတ်ခ ၁၀ ရာခိုင်နှုန်းထိ ပေးနေရ

အာရက္ခတိုင်းမ်စ် (၃၁ ဇူလိုင် ၂၀၂၆)

ရက္ခိုင်ပြည်က မြို့နယ်တချို့မှာ ငွေလွှဲ ငွေထုတ်ခ ၁၀ ရာခိုင်နှုန်းဖြစ်တဲ့ ငွေ ၁ သိန်းကျပ်ကို ၁ သောင်းကျပ်ထိ ပေးပြီး ထုတ်နေရတယ်လို့ သိရပါတယ်။

“တချို့မြို့က ရွာတွေမှာတော့ တစ်သိန်းကို တစ်သောင်းပေးထုတ်ရတယ်တော့ ပြောတယ်။ ကျမတို့ တောင်ကုတ်မှာတော့ ၆၅၀၀ နဲ့ ၇၀၀၀ ကြား ပေါက်ပါတယ်။ ပြန်ကျဖို့ အလားအလာတော့ မတွေ့ရသေးဘူး” လို့ တောင်ကုတ်မြို့နယ်ဒေသခံတစ်ဦးက အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။

ရက္ခိုင်ပြည်အတွင်း ငွေလွှဲ ငွေထုတ် လည်ပတ်နေတဲ့ ဘဏ်အကောင့်တွေကို ရွေးတုအစိုးရက ပိတ်သိမ်းတာတွေ ဆက်တိုက် ပြုလုပ်နေပြီး ရက္ခိုင်ပြည် ဝင်ပေါက် ထွက်ပေါက်တွေကို ပိတ်ဆို့ထားတဲ့အတွက် ရက္ခိုင်ပြည်တွင်းမှာ ငွေသားရှားပါးလာတာကြောင့် အခုလို ငွေထုတ်ခတွေ မြင့်တက်လာနေတာလို့လည်း သိရပါတယ်။

“ကျမတို့ မင်းပြားမှာလည်း ၆၀၀၀ နဲ့ ၆၅၀၀ လောက်တော့ ပေါက်နေပြီ။ ရွာတွေမှာဆိုရင်တော့ ဖြစ်နိုင်ပါတယ်။ ဘာလို့ဆို လာထုတ်ခ၊ သွားလာစာရိတ် အဲဒါတွေပါ ပေါင်းလိုက်ရင်တော့ ဖြစ်နိုင်ပါတယ်။ တချို့ဆိုင်တွေလည်း ၇၀၀၀ ယူတဲ့ဆိုင်နဲ့ ၈၀၀၀ ယူတဲ့ဆိုင်လည်း ရှိတယ် ကြားပါတယ်။ ကျမကတော့ အခုထိ ၆၀၀၀ ပဲ ယူပါတယ်။ အမြတ်နည်းပေမယ့် ကိုယ့်အတွက်ပဲ ကြည့်လို့ မရဘူးလေ။ တစ်ဖက်ကိုလည်း ကြည့်ပေးရတာပေါ့” လို့ အဥ္ဇနပူရမြို့ဒေသခံတစ်ဦးက အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။

အဆိုပါကဲ့သို့ ငွေလွှဲ ငွေထုတ် ပြဿနာတွေကို ဖြေရှင်းနိုင်ရန်အတွက် အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရက ရက္ခိုင်ပြည်တွင် ကိုယ်ပိုင်ဘဏ်လုပ်ငန်း စတင်တော့မှာဖြစ်ပြီး ဘဏ်ဝန်ထမ်းတွေကို စတင် ခေါ်ယူနေတယ်လို့လည်း သိရပါတယ်။

Related posts

ရက္ခိုင်အရေး လက်ထဲမှာ ဖဲချပ်များတာက တရုတ်ပဲ

Rakhita Times

ဆေးကုသမှု လိုအပ်သူတွေကို စည်းလုံးမှုအင်အား ရခိုင်လူငယ်များ ပရဟိတအသင်း ကူညီပေးနေ

Rakhita Times

မဲဆောက်ရောက် ရခိုင်သူ

Rakhita Times

72 comments

Leave a Comment