NewsPolitic

တောင်ကုတ်မှာ လုံခြုံရေးကြောင့် ညမထွက်ရအမိန့် ထုတ်ပြန်

အာရက္ခတိုင်းမ်စ် (၁၈ စက်တင်ဘာ ၂၀၂၆)

ရက္ခိုင်ပြည်၊ တောင်ကုတ်မြို့နယ်မှာ ညပိုင်း လုံခြုံရေး ပိုမို စနစ်ကျစေဖို့အတွက် ည ၁၁ နာရီကနေ မနက် ၅ နာရီအထိ ညမထွက်ရအမိန့် ထုတ်ပြန်ထားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ဒီကန့်သတ်ချက်နဲ့ ပတ်သက်လို့ စက်တင်ဘာလ ပထမပတ်တည်းက မြို့နယ်အတွင်းရှိ ရပ်ကွက်၊ ကျေးရွာတွေမှာ လော်စပီကာတွေနဲ့ လိုက်လံ အသိပေးထားတာဖြစ်ပြီး နောက်ထပ် မရုပ်သိမ်းသေးသမျှ ဆက်လက် အတည်ဖြစ်နေမှာ ဖြစ်ပါတယ်။

လက်ရှိမှာ တောင်ကုတ်မြို့နယ်အတွင်း ခိုးမှုတွေ ခဏခဏ ဖြစ်နေတာကြောင့် လုံခြုံရေးကို တင်းတင်းကျပ်ကျပ် စောင့်ကြည့်ဖို့ လိုအပ်လာနေတာလည်း ဖြစ်ပါတယ်။

ဒါ့အပြင် ပဲခူး-ရက္ခိုင်နဲ့ မကွေး-ရက္ခိုင် နယ်စပ်ဘက်တွေမှာ တိုက်ပွဲတွေ ဆက်တိုက် ဖြစ်ပွားနေတာကြောင့် ရွေးတုအစိုးရတပ်ဖွဲ့ဝင်တွေ ကစဉ့်ကလျား ထွက်ပြေး ဝင်ရောက်လာနိုင်ခြေလည်း ရှိနေပါတယ်။

ဒါကြောင့် ဒေသခံပြည်သူတွေရဲ့ အသက်အိုးအိမ် စည်းစိမ်ကို အဓိက ကာကွယ်ပေးနိုင်ဖို့အတွက် အာရက္ခတပ်တော်က လုံခြုံရေးလုပ်ငန်းတွေကို တင်းကျပ်စွာ စတင် ဆောင်ရွက်နေတာလည်း ဖြစ်ပါတယ်။

အခုလို သွားလာမှု ကန့်သတ်လိုက်တာဟာ တောင်ကုတ်ဘက်ကနေ ပြည်မဘက်ကို တရားမဝင် ထွက်ခွာသူတွေအနေနဲ့ လမ်းခရီးမှာ ရွေးတုအစိုးရတပ်ရဲ့ ဖမ်းဆီး ငွေညှစ်တာနဲ့ အဓမ္မ စစ်မှုထမ်း ခေါ်ယူတာတွေ မကြုံရအောင် ကာကွယ်ပေးဖို့ ရည်ရွယ်ထားတာ ဖြစ်တယ်လို့လည်း သိရပါတယ်။

Related posts

ဂွမြို့ကို စကမ လေကြောင်း ရေကြောင်းကနေ ပစ်ခတ်နေ

Rakhita Times

မောင်တောနယ်စပ်က ပြောင်းရွှေ့လာတဲ့ မြိုလူမျိုးတွေကို ဆန်လှူဒါန်း

Rakhita Times

ရွေးကောက်ပွဲက အရွေ့တခု အမှန်တကယ် မလှမ်းနိုင်

Rakhita Times

Leave a Comment