NewsPolitic

တိုက်ပွဲ ၃ နှစ်ပြည့်မှာ ကျန်ရှိတဲ့ မြို့တွေကို ဆက်လက်သိမ်းပိုက်သွားမယ်လို့ ULA/AA ထုတ်ပြန်

အာရက္ခတိုင်းမ်စ် (၁၄ နိုဝင်ဘာ ၂၀၂၆)

ရက္ခပြည်အတွင်း တိုက်ပွဲတွေ စတင်ခဲ့တာ ၃ နှစ်ပြည့်မြောက်တဲ့ နိုဝင်ဘာလ ၁၃ ရက်မှာ ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/အာရက္ခတပ်တော် (ULA/AA) က သဝဏ်လွှာထုတ်ပြန်ခဲ့ပြီး ကျန်ရှိနေသေးတဲ့ မြို့တွေကို ဆက်လက်သိမ်းပိုက်သွားမယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ထုတ်ပြန်ချက်အရ ၂၀၂၃ ခုနှစ် နိုဝင်ဘာလ ၁၃ ရက်ကစပြီး ရက္ခိုင်ပြည်အတွင်းက မြို့နယ်တွေကို စစ်ကောင်စီဆီကနေ တစ်မြို့ပြီးတစ်မြို့ သိမ်းပိုက်ခဲ့ပြီး ယခုအခါ စစ်တွေ၊ ကျောက်ဖြူနဲ့ မာန်အောင်မြို့တွေကို ဆက်လက်သိမ်းပိုက်နိုင်ဖို့ ကြိုးပမ်း ဆောင်ရွက်လျက်ရှိတယ်လို့ ဆိုပါတယ်။

ULA/AA က ပြီးခဲ့တဲ့ သုံးနှစ်တာကာလအတွင်း အသက်၊ သွေး၊ ချွေးနဲ့ ဘဝတွေကို ပေးဆပ်ပြီး ပံ့ပိုးပေးခဲ့တဲ့ ပြည်တွင်းပြည်ပက ရက္ခိုင်ပြည်သူလူထုတစ်ရပ်လုံးကိုလည်း ဂုဏ်ပြုထားပါတယ်။

ရှေ့တန်းမျက်နှာစာအမျိုးမျိုးမှာ တာဝန်ထမ်းဆောင်နေတဲ့ စစ်သည်တော်တွေ၊ ပြည်သူ့ဝန်ထမ်းတွေနဲ့ စစ်သည်တော်တွေကို မွေးထုတ်ပေးခဲ့တဲ့ မိခင်တွေကိုလည်း ဂုဏ်ပြုကြောင်း ဖော်ပြထားပါတယ်။

အာရက္ခတပ်တော်ရဲ့ ၁၇ နှစ်တာ သမိုင်းကြောင်းတစ်လျှောက် အနစ်နာခံမှုတွေဟာ အလဟဿမဖြစ်စေဘဲ ကျန်ရှိနေသေးတဲ့ နယ်မြေတွေကို ရက္ခိုင်ပြည်သူတွေလက်ထဲ မကြာမီ အပြည့်အဝ ပြန်လည်အပ်နှံပေးသွားမယ်လို့ ULA/AA က ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

Related posts

စစ်တွေမြို့တပ်ရင်းကနေ ပစ်တဲ့လက်နက်ကြီးကြောင့် ပေါက်တောက ၅ နှစ်အရွယ် ကလေးငယ် သေဆုံး

Rakhita Times

မေကံကောင်း ကျန်းမာရေးကောင်းမွန်လာ

Rakhita Times

တောင်ကုတ်မှာ စက်လှေမြုပ်လို့ ၄ ဦးသေ၊ ၈ ဦး ပျောက်ဆုံးနေ

Rakhita Times

Leave a Comment