ArticelsPolitic

စစ်ကောင်စီမှ လေယာဥ်ဖြင့် ဗုံးကြဲမှုကြောင့် အမ်းတွင် ဒေသခံပြည်သူ ၂၀ ခန့် သေဆုံး

စစ်ကောင်စီမှ လေယာဥ်ဖြင့် ဗုံးကြဲမှုကြောင့် အမ်းတွင် ဒေသခံပြည်သူ ၂၀ ခန့် သေဆုံး

အာရက္ခတိုင်းမ်စ် (၃၁-အောက်တိုဘာ-၂၀၂၄)

ရက္ခိုင်ပြည် အမ်းမြို့ကို အာရက္ခတပ်တော်မှ မြို့သိမ်းတိုက်ပွဲဆင်နွှဲနေပြီး စစ်ရေးအရ ရှုံးနိမ့်နေတဲ့ စစ်ကောင်စီဟာ အမ်းမြို့ပေါ်ကို အောက်တိုဘာလ ၂၉ရက်က လေယာဥ်ဖြင့် ဗုံးလာကြဲခဲ့သဖြင့် အရပ်သားပြည်သူ ၂၀ခန့် သေဆုံးခဲ့ပြီး အများအပြား ဒဏ်ရာရရှိခဲ့ကြောင်း သိရပါတယ်။

“မြို့ပေါ်ရပ်ကွက်တွေနဲ့ အရပ်သားတွေ နေထိုင်တဲ့ ကျေးရွာတွေကို ဗုံးကြဲတိုက်ခိုက်တာကြောင့် အရပ်သား ဒါဇင်နဲ့ချီသေဆုံးပြီးတော့ ဒဏ်ရာရရှိသူတွေလည်း အများအပြား ရှိနေပါတယ်” လို့ အာရက္ခတပ်တော်ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဦးခိုင်သုခက VOA သတင်းဌာနကို ပြောဆိုထားပါတယ်။

စစ်ကောင်စီမှ လေယာဥ်ဖြင့် ဗုံးကြဲမှုကြောင့် အမ်းမြို့ရှိ အမှတ် (၄) ရပ်ကွက်၊ လေယာဥ်ကွင်းရပ်ကွက် နဲ့ ချောင်းတစ်ဖက်ကမ်းမှာရှိတဲ့ရပ်ကွက် အစရှိတဲ့ ရပ်ကွက်ပေါ်ကို ကျရောက် ပေါက်ကွဲခဲ့ကြောင်း သိရပါတယ်။

“ကျမ မိသားစုတွေထဲမှာ ဒဏ်ရာရတဲ့သူတွေရှိတယ်။ ဆေးရုံမှာ ဆေးသွားကုတာ ဆေးမရှိလို့ မကုပေးဘူး။ ကျမလည်း အဝေးတနေရာရောက်နေတော့ အရမ်းစိတ်ပူနေတယ်” လို့ ရက္ခိုင်ပြည် ပြင်ပရောက် အမ်းမြို့နယ် ဒေသခံတစ်ဦးက အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။

စစ်ကောင်စီမှ အမ်းမြို့နယ် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် မကျစေရေးအတွက် အသည်းအသန် ခုခံနေပြီး မကွေး နဲ့ ပုသိမ်ကနေပြီး လေယာဥ်ဖြင့်လာရောက်ကာ ပစ်ကူပေးနေကြောင်း သိရပါတယ်။

အာရက္ခတပ်တော်မှ အမ်းမြို့နယ်ရှိ စစ်ကောင်စီရဲ့ အမာခံ စခန်းဖြစ်တဲ့ တောဟိန်းတောင်ဗျူဟာစခန်းကို ဇွန်လ ၂၃ရက်ကလည်းကောင်း၊ မဲတောင်ဗျူဟာကုန်းကိုအောက်တိုဘာလ ၇ရက်က လည်ကောင်း သိမ်းပိုက်ထားခဲ့ပါတယ်။

Related posts

ကျောက်တော် ဗုံးကြဲခံရမှု သေဆုံးသူ ၂၂ ဦး အထိ ရှိလာ

Rakhita Times

အာရက္ခနိုင်ငံတော် ထူထောင်ခြင်း

Rakhita Times

အစွမ်းထက် သဘာဝဆေး တစ်လက်ဖြစ်တဲ့ ဖရဲသီးအခွံ

Rakhita Times

5,688 comments

Leave a Comment