NewsPolitic

အမ်း-ပဒါန်းလမ်းက ကင်းစခန်းနှစ်ခုကို တော်လှန်ရေးတပ်တွေ တိုက်ခိုက် စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၀ ဦးခန့်သေဆုံး

အာရက္ခတိုင်းမ်စ် (၇ နိုဝင်ဘာ ၂၀၂၄)

ရက္ခိုင်ပြည် နဲ့ မကွေး ဆက်ထားတဲ့ အမ်း-ပဒါန်းလမ်းပိုင်းက စစ်ကောင်စီရဲ့ ကင်းစခန်းနှစ်ခုကို တော်လှန်ရေး ၃ ဖွဲ့က ပူးပေါင်းတိုက်ခိုက်ခဲ့တာကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၀ ဦးခန့် သေဆုံးခဲ့တယ်လို့ သိရပါတယ်။

နိုဝင်ဘာ ၅ ရက်က ဂုတ်ကြီးရွာထိပ် ဘုံဘောလမ်းဆုံ နဲ့ မိုင်တိုင် ၁၁ ရှိ စစ်ကောင်စီ ကင်းစခန်းနှစ်ခုကို လူထုတော်လှန်ရေးမဟာမိတ်အင်အားစု (PRA-Magway)၊ အရှိချင်းကာကွယ်ရေးတပ်(ACDF) နဲ့ မင်းဘူးခရိုင်အမှတ်(၂) တပ်ရင်းတို့က ပူးပေါင်းတိုက်ခိုက်ခဲ့တာပါ။

တော်လှန်ရေးအင်အားစုတွေက မနက် ၁၁ နာရီကျော်မှာ စတင်တိုက်ခိုက်ခဲ့ပြီး စစ်ကာင်စီဖက်က ၁၀ ဦးခန့် သေဆုံးသွားကာ ဒဏ်ရာရရှိသူတွေကို နတ်ရေကန်လမ်းဟောင်းအတိုင်း ကား၊ ဆိုင်ကယ်တွေနဲ့ သယ်ထုတ်သွားတယ်လို့ သိရပါတယ်။

စစ်ကောင်စီဖက်က စစ်ကူတွေနဲ့ နှစ်ဖက်ညှပ်ပစ်ခတ်တာ၊ နတ်ရေကန်လေကြောင်းကာကွယ်ရေးစခန်းက ဟောင်ဝစ်ဇာတွေနဲ့ ပစ်ခတ်တာတွေကြောင့် တော်လှန်ရေးတပ် ၃ ဖွဲ့က တပ်ပြန်ဆုတ်ခဲ့ရတယ်လို့ သိရပါတယ်။

ဧရာဝတီ အနောက်ဘက်ခြမ်းဒေသ ထိန်းချုပ်စိုးမိုးနိုင်ရေးဟာ တော်လှန်ရေးအင်အားစုတွေရဲ့ စစ်ရေးရည်မှန်းချက်ဖြစ်ပြီး အခု အမ်း-ပဒါန်းလမ်းပိုင်း ထိန်းချုပ်နိုင်ရေးမှာ စစ်ရေးရည်မှန်းချက်ရဲ့ ရှေ့ပြေးလှုပ်ရှားမှုတွေဖြစ်ကြောင်း၊ အဲဒီ ဒေသအသီးသီးရှိ စစ်နယ်ဝန်းတိုးချဲ့လာမှုနဲ့အတူ တညီတညွတ်တည်း စုပေါင်းအကောင်အထည်ဖော်သွားမယ်လို့ မကွေး PRA ၊ အရှိချင်းတပ်၊ မင်းဘူးခရိုင်တပ်တို့က ပူးပေါင်းထုတ်ပြန်ထားပါတယ်။

Related posts

လင်းသာ ဗုံးကြဲမှုဖြစ်စဉ်တွင် သေဆုံးခဲ့သူတွေအတွက် ကုသိုလ်ပြု အမျှဝေ

Rakhita Times

ရသေ့တောင်မြို့နယ်ကို အကြမ်းဖက်စစ်တပ် ဗုံးကြဲ နှစ်ဦးထက်မနည်း သေဆုံးပြီး၊ အများအပြားဒဏ်ရာရ

Rakhita Times

မီဇိုယာဥ်မောင်း သေဆုံးလို့ အိန္ဒိယ- မြန်မာ နယ်စပ်ကုန်သွယ်ရေး ပိတ်ဆို့မည်

Rakhita Times

4 comments

hghjfjdoss_spkr ဧပြီ 17, 2026 at 6:43 ညနေ

Discover the amazing features of hghjfjdossa and elevate your experience today.
Hghjfjdossa finds applications in diverse sectors and fields.

Reply
Edwingop ဇူလိုင် 31, 2026 at 6:51 ညနေ

Длительное употребление алкоголя в больших количествах приводит к сильной интоксикации организма. В результате развивается алкогольная зависимость, которая проявляется в желании продолжать пить. Запой становится причиной множества осложнений: от повышения артериального давления, печеночной недостаточности и нарушений работы сердца до галлюцинаций и белой горячки. Многие выбирают профессиональное лечение, чтобы избежать негативных последствий.
Ознакомиться с деталями – вывод из запоя цена в геленджике

Reply
RichardLoate ဩဂုတ် 1, 2026 at 12:13 ညနေ

Вывод из запоя в стационаре — это профессиональная наркологическая помощь, которая проводится под медицинским наблюдением и с учетом физического состояния человека. Такой формат выбирают, когда домашнего лечения уже недостаточно, когда запой длится несколько дней, появились тремор, страх, бессонница, скачки давления, нарушения со стороны сердца, печени, жкт или нервной системы. В стационаре врач проводит осмотр, оценивает тяжесть интоксикации, подбирает препараты, контролирует пульс, давление, сон, уровень жидкости и общее самочувствие.
Выяснить больше – нарколог вывод из запоя в стационаре

Reply
https://jobs.maanas.in/ ဩဂုတ် 5, 2026 at 12:04 ညနေ

References:

Sentosa casino https://jobs.maanas.in/

Reply

Leave a Comment