NewsPolitic

ချောင်းသာဘောလုံးကွင်းကို ရဟတ်ယာဉ်ကွင်းပြုလုပ်ရန် စစ်ကောင်စီပြင်ဆင်နေ

အာရက္ခတိုင်းမ်စ် (၁၁ ဇန်နဝါရီ ၂၀၂၅)

ဧရာဝတီတိုင်း ပုသိမ်ခရိုင် ပုသိမ်မြို့နယ် ချောင်းသာမြို့နယ်ခွဲ ဘောလုံးကွင်းကို လေယာဉ်ကွင်းပြုလုပ်ရန် စစ်ကောင်စီက ပြင်ဆင်နေတယ်လို့ ဒေသခံတွေက ဆိုပါတယ်။

အဆိုပါ ဘောလုံးကွင်းကို စစ်ကောင်စီက ရဟတ်ယာဉ်များ ဆင်းသက်နိုင်ရန် ပြင်ဆင်နေပြီး စစ်ကောင်စီတပ်သားများ တပ်စွဲထားတယ်လို့လည်း ဒေသခံတွေက ဆိုပါတယ်။

“ မနေ့က (၁၀ ဇန်နဝါရီ) ချောင်းသာမြို့ စီမံဥက္ကဌ ဝဏ္ဏစိုးက ဌာနဆိုင်ရာဝန်ထမ်းတွေကို အစည်းအဝေးခေါ်တယ်။ ဝန်းထမ်းမိသားစုတွေထဲက သက်ကြီးရွယ်အိုတွေနဲ့ ကလေးသူငယ်တွေကို ပြောင်းရွှေ့ဖို့ ပြောတယ်” လို့ ချောင်းသာဒေသခံတစ်ဦးက အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။

ပုသိမ်မြို့နယ် မကျီးဇင်တိုက်နယ်တွင် အာရက္ခတပ်တော်နဲ့ မဟာမိတ်ပူးပေါင်းအဖွဲ့တို့ စစ်ကောင်စီကို ထိုးစစ်ဆင် တိုက်ခိုက်နေပြီး စစ်ကောင်စီဘက်ကလည်း မကျီးဇင်၊ ဘောမိ၊ ဂျိုင်လယ် စတဲ့ ပင်လယ်ထဲကနေပြီးတော့ ရေတပ်ကနေ လက်နက်ပစ်ကူပေးနေတယ်လို့ သိရပါတယ်။

တိုက်ပွဲဖြစ်ပွားရာ နေရာနဲ့ ချောင်းသာမြို့ဟာ မိုင် ၂၀ ခန့်သာ ကွာဝေးသောကြောင့် စစ်ကောင်စီဟာ အခုလို စစ်ရေးပြင်ဆင်နေတာပဲ ဖြစ်ပါတယ်။

ထို့အတူ တိုက်ပွဲဖြစ်ပွားရာ နေရာအနီးမှာတည်ရှိတဲ့ ရွှေသောင်ယံမြို့နယ်ရှိ ဝက်သေ၊ တောင်နီမော်၊ ဂျိုင်လတ်၊ ကျောက်မောင်နှမ၊ တပင်မှော် စတဲ့နေရာတွေမှာလည်း စစ်ကောင်စီက ခုခံစစ် ပြင်ဆင်နေတယ်လို့ ရွှေသောင်ယံမြို့ ဒေသခံက အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။

Related posts

နှစ်သစ်ကူးကာလတွင် ရက္ခိုင်ပြည်သူများလိုက်နာရန် အချက် ၆ ချက် ULA ထုတ်ပြန်

Rakhita Times

ရက္ခိုင်ပြည်ကို တင်ပို့မယ့် မူးယစ်ဆေးဝါးတွေ ဖမ်းမိဟု စစ်ကောင်စီထုတ်ပြန်

Rakhita Times

ရက္ခိုင် တကျော့ပြန် တိုက်ပွဲကာလအတွင်း စကမကြောင့် ဒေသခံ ၉ဝ၀ ကျော် သေဆုံး

Rakhita Times

1 comment

rent yacht montenegro 299 မေ 6, 2026 at 1:10 မနက်

Montenegro yacht rental https://rent-a-yacht-montenegro.com

Reply

Leave a Comment