NewsPolitic

စစ်တွေမြို့အနီး လေကြောင်းတိုက်ခိုက်တာ နဲ့ လက်နက်ကြီး ပစ်ခတ်တာတွေ စစ်ကောင်စီ လုပ်နေ

အာရက္ခတိုင်းမ်စ် ( ၁၆ ဇန်နဝါရီ ၂၀၂၅)

စစ်ကောင်စီက ပြီးခဲ့တဲ့ ဇန်နဝါရီ ၁၅ ရက်နေ့ ည ၁၁ နာရီဝန်းကျင်လောက်ကပင် ဒီနေ့မနက်ပိုင်းထိ စစ်တွေမြို့ အနီးဝန်းကျင်ကနေရာတွေကို လေကြောင်းတိုက်ခိုက်တာ နဲ့ လက်နက်ကြီးပစ်ခတ်တာတွေကို ဆက်တိုက် လုပ်ဆောင်နေတာတွေ ရှိနေတယ်လို့ စစ်တွေဒေသခံတွေက အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။

အဲဒီပစ်ခတ်မှုကို စစ်ကောင်စီက ပေါက်တော နဲ့ ပုဏ္ဏားကျွန်းမြို့နယ်တွေကို ဦးတည်ပစ်ခတ်ခဲ့တာဖြစ်ပြီး ဒီနေ့မနက်မှာလည်း အမှတ် ၁၂ တပ်ရင်းကနေ လက်နက်ကြီးတွေနဲ့ အငူကျွန်းကို ပစ်ခတ်တာတွေ ရှိနေဆဲ ဖြစ်တယ်လို့ စစ်တွေမြို့ခံတစ်ဦးက ဆိုပါတယ်။

“မနေ့ည ၁၁ နာရီလောက်ကနေ စစ်တွေမြို့ပေါ်ကနေ လေယာဉ်ဝဲပြီး စစ်တွေမြို့နယ်ပေါ့ မြို့နဲ့ နည်းနည်း လှမ်းတဲ့ နေရာ။ မြေတုန်ခါမှုတော့ သိပ်မရှိဘူး အသံတော့ကြားရတယ်။ မနက် ၃ နာရီ ၃ နာရီ ၁၅ လောက်ကနေ ကြဲလိုက်တဲ့ဗုံးက အိမ်တွေလည်း တုန်ခါသွားတယ်။ မြေကြီးလည်းခြိမ့်သွားတယ်။ စစ်တွေမြို့နဲ့ နီးတဲ့ သဘောတွေ့တယ်။ အကုန်အိပ်ရာကနေ နိုးတဲ့အဆင့်ထိ ဗုံးချတာ။ အဲဒါက ၂ လုံး၊ ၃ လုံးချခဲ့ပြီးတော့ လေယာဉ်ပျံ ပျောက်သွားတယ်။ မလာတော့ဘူး။ မနက်ကို ၇ နာရီ ၁၅ လောက်မှာ ၁၂ တပ်ရင်းကနေ လက်နက်ကြီးတွေနဲ့ အငူကျွန်းလို နေရာမျိုးကို လှမ်းပစ်တယ်လို့ ထင်ရတယ်။ မီးလုံးမြင်ရတယ် တည့် တည့်သွားတာ။ ပေါက် တောဘက် မဖြစ်နိုင်ဘူး။ ပုဏ္ဏားကျွန်းဘက် ဖြစ်နိုင်တယ်။ အဲဒါက အလုံးအရေအတွက်ကို မရေတွက်နိုင်ဘူး” လို့ ပြောပါတယ်။

ဒါပေမယ့် အဲဒီပစ်ခတ်မှု နဲ့ ပတ်သက်ပြီးတော့ ထိခိုက်ဒဏ်ရာ ရရှိမှု ရှိ/မရှိဆိုတဲ့ အခြေအနေအသေးစိတ်ကို မသိရှိရဘူးလို့လည်း သတင်းအရင်းအမြစ်တွေက ဆိုပါတယ်။

ပြီးခဲ့တဲ့ ရက်ပိုင်းကလည်းစစ်ကောင်စီ နဲ့ အာရက္ခတပ်တော်တို့ဟာ စစ်တွေ နဲ့ ပုဏ္ဏားကျွန်းမြို့ကြားက အနီးတဝိုက်က နေရာတွေမှာ နှစ်ဖက်တိုက်ပွဲဖြစ်ပွားခဲ့တာရှိပြီး ဒီနေ့မှာလည်း အဲဒီနေရာအနီးတဝိုက်မှာ  နှစ်ဖက် အပြန်အလှန် ပစ်ခတ်သံတွေကြားနေရတယ်လို့ နောက်ထပ် စစ်တွေ မြို့ခံတစ်ဦးက ပြောပါတယ်။

“ဟိုဖက်ဒီဖက် ပစ်တယ်လို့ ဘာလို့ထင်တာလဲဆိုတော့ အဲဒီမီးလုံးကြီးကျသွားတဲ့အချိန်မှာ သွားပြီးတော့ ကျသွားတဲ့အသံက တစ်မျိုး။ အဲဒီမီးလုံးမထွက်ဘဲနဲ့ ကျလာတဲ့ အသံက တစ်မျိုး။ အဲဒါကြောင့် ဟိုဘက် ဒီဘက်လို့ ထင်တယ်” လို့ ပြောပါတယ်။

စစ်ကောင်စီ နဲ့ အာရက္ခတပ်တော်တို့ဟာ ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ် နိုဝင်ဘာလ ၁၃ ရက်နေ့ကတည်းကပင် တကျော့ပြန်တိုက်ပွဲတွေ စတင်ဖြစ်ပွါးခဲ့တာဖြစ်ပြီး အာရက္ခတပ်တော်ဟာ ရက္ခိုင်က မြို့နယ် ၁၄ ခု နဲ့ ပလက်ဝဒေသကို အပြီးသတ် သိမ်းပိုက်ရရှိခဲ့ပြီးဖြစ်ပါတယ်။

လက်ရှိမှာ အာရက္ခတပ်တော် အနေ နဲ့ အပြီးသတ်သိမ်းပိုက်ဖို့အတွက် တရုတ်စီမံကိန်းတည်ရှိနေတဲ့ ကျောက်ဖြူ မြို့ အပါအဝင် မြို့တော် စစ်တွေ နဲ့ မာန်အောင်မြို့တွေဟာ ကျန်ရှိနေသေးတာဖြစ်ပြီး လက်ရှိမြန်မာနိုင်ငံရဲ့ ပြည်တွင်းရေး အခင်းအကျင်း အဖြစ်အပျက်တွေကို စစ်ရေး နဲ့ဖြေရှင်းတာထက်နိုင်ငံရေး နည်းလမ်းတွေ နဲ့ဖြေရှင်းဖို့ အမြဲအသင့် ရှိနေတယ်လို အာရက္ခတပ်တော်က ၂၀၂၄ ခုနှစ် ဒီဇင်ဘာ ၂၉ ရက်နေ့မှာ ထုတ်ပြန်ပြောဆိုထားပါတယ်။

Related posts

လေးမျက်နှာက ဘုန်းကြီးကျောင်း စကမ ဗုံးကြဲလို့ သံတွဲစစ်ဘေးရှောင်တဦး သေဆုံး

Rakhita Times

ခွန်ဥက္ကာ ဦးစီးသော PNLO-NCA-S သည် တရားမဝင်ကြောင်း ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် ကြေညာ

Rakhita Times

စစ်တကောင်းကျောင်းသားသမဂ္ဂနဲ့ တောင်တန်းနယ်ပြည်သူတွေနဲ့အတူ ရပ်တည်သွားမယ်လို့ ရက္ခိုင်ပြည် ကျောင်းသားသမဂ္ဂ ထုတ်ပြန်

Rakhita Times

4 comments

remont-vannoy 463 မတ် 17, 2026 at 4:47 မနက်

ремонт ванна туалет ключ стоимость ремонта ванной

Reply
GeraldKem မတ် 17, 2026 at 11:19 ညနေ

Только лучшие материалы: https://perfumerio.ru/s/amouage-beach-hut-man/

Reply
dizayn doma 733 မတ် 20, 2026 at 10:03 မနက် Reply
Victorcleve မတ် 20, 2026 at 10:08 မနက်

Подробности внутри: https://www.planetminecraft.com/member/dezavtor/

Reply

Leave a Comment