NewsPolitic

ပေါက်တောကို ဗုံး ၅၀ကျော်ကြဲခံရ၊ ပြည်သူ ၄ ဦး သေဆုံး

အာရက္ခတိုင်းမ်စ် (၂၁ ဖေဖော်ဝါရီ ၂၀၂၅)

ရက္ခိုင်ပြည် ပေါက်တောမြို့နယ်ကို ဖေဖော်ဝါရီ ၂၀ ရက် နေ့လည် ၂ နာရီခန့်တွင် စစ်ကောင်စီက Y12 လေယာဉ်နဲ့ ဗုံး ၅၀ ကျော် ကြဲလို့ ဒေသခံပြည်သူ အနည်းဆုံး ၄ ဦး သေဆုံးခဲ့ပြီး ၁၇ ဦး ဒဏ်ရာပြင်းထန်စွာ ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။

“သေတဲ့ ၄ ယောက်မှာ ၂ ယောက်က အရွယ်မရောက်သေးတဲ့ ကလေးတွေပါ။ ဒဏ်ရာရတာမှာလည်း အရွယ်မရောက်သေးတဲ့ ကလေးတွေရော မူဆလင်တွေလည်း ပါတယ်” လို့ ပေါက်တောဒေသခံတစ်ဦးက အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။

စစ်ကောင်စီရဲ့ ဗုံးဒဏ်ကြောင့် သေဆုံးသွားသူများမှာ အသက် ၅ နှစ်အရွယ် အောင်ငြိမ်းနိုင်၊ အသက် ၁၂ နှစ်အရွယ် ခိုင်ဇင်လှိုင်၊ အသက် ၂၄ နှစ်အရွယ် ကိုကိုလင်း နဲ့ အသက် ၅၀ ကျော် ဒေါ်မလုံး တို့ ဖြစ်တယ်လို့ သိရပါတယ်။

အလားတူ ဒဏ်ရာပြင်းထန်စွာ ဒဏ်ရာရရှိခဲ့သူတွေကတော့ ပေါက်တောမြို့နယ် ကျောက်တောင်ရွာက နေထွန်းလင်း (၂၄ နှစ်)၊ မဖြူဖြူဆန်း (၂၃ နှစ်)၊ မနေစိုးမ (၃၀ နှစ်)၊ မပန်းအိနွယ် (၆ နှစ်)၊ မညှင်းကိုင်းရွာက ဦးအောင်သာထွန်း (၄၅ နှစ်)၊ ဒေါ်သန်းသန်းအေး (၃၆ နှစ်)၊ မောင်ဦးကိုဝင်း (၈ နှစ်)၊ မဝေဝေစိုး (၁၄ နှစ်)၊ ဆင်တက်မော် (မူဆလင်) ရွာက ဦးမာတာပေါင် (၃၀ နှစ်)၊ အနောက်ရဲရွာက ဒေါ်ရှော်ရီဘာယာဒူ (၄၀ နှစ်)၊ မောင်ဝူဆမန်ဒါအန်ဂေါ်(၇ နှစ်)၊ ဆင်တက်မော် တောတန်းရွာက ဒေါ်ယဉ်သိန်းနု (၆၂ နှစ်)၊ ဦးဆန်းမြတ်သူ (၂၈ နှစ်)၊ ဆင်တက်မော် ဘော်ဒလီရွာက ဦးသန်းစိန်အောင် (၄၁ နှစ်)၊ ဒေါ်သန်းနုအေး (၅၀ နှစ်)၊ ဒေါ်စောသိန်းခိုင် (၄၅ နှစ်) နဲ့  ဦးကျော်ဇေယျ (၃၉ နှစ်) တို့ ဖြစ်ပါတယ်။

ပေါက်တောမြို့နယ်က သဲခုံကျွန်း၊ ချောင်းဝ၊ ဆင်တက်မော်၊ တောင်ချောင်ရွာ၊ မညင်းကိုင်းရွာ၊ အနောက်ရဲရွာတို့ကို စစ်ကောင်စီက ဗုံးကြဲခဲ့ပြီး ပေါက်တောမြို့တွင်းကိုလည်း ဗုံး ၈ လုံး ကြဲခဲ့တယ်လို့ သိရပါတယ်။

Related posts

ရက္ခိုင်ပြင်ပ ထွက်ဖို့ ကြိုးစားနေသူတွေကို တားမြစ်ရတာ စစ်ကောင်စီရဲ့ အန္တရာယ်က လွတ်မြောက်ရန်လို့ AA ထုတ်ပြန်

Rakhita Times

ရန်သူနဲ့ ပေါင်းပြီး AA ကို သေနတ်ပြောင်းလှည့်တာဟာ အမျိုးသားရေးရန်သူ ဖြစ်တယ်

Rakhita Times

စစ်တွေက မူဆလင် ၅ ဦးကို စကမ ဖမ်းဆီး၊ အမျိုးသမီး ၁ ဦးပါဝင်

Rakhita Times

4 comments

Leave a Comment