NewsPolitic

မလေးရှားဝန်ကြီးချုပ် စစ်ကောင်စီနဲ့ NUG တို့ကိုတွေ့ဆုံမှုက ဘာတွေထူးခြားနိုင်လဲ

Featured Video Play Icon

အာရက္ခတိုင်းမ်စ် (၂၄ ဧပြီလ ၂၀၂၅)

မလေးရှားဝန်ကြီးချုပ်လည်းဖြစ် အာဆီယံအလှည့်ကျဥက္ကဋ္ဌလည်းဖြစ်တဲ့ အန်နဝါအီဘရာဟင်က စစ်ကောင်စီခေါင်းဆောင်နဲ့သာမက အမျိုးသားညီညွတ်ရေးအစိုးရနဲ့ပါ တွေ့ဆုံဆွေးနွေးခဲ့တာကြောင့် ဘာတွေထူးခြားလာနိုင်လဲဆိုတဲ့အပေါ် သုံးသပ်မှုတွေရှိနေကြပါတယ်။

စစ်ခေါင်းဆောင်နဲ့ ဧပြီ ၁၇ ရက်မှာတွေ့ခဲ့တဲ့ မလေးရှားဝန်ကြီးချုပ်က ဧပြီ ၁၈ ရက်မှာ အမျိုးသားညီညွတ်ရေးအစိုးရ NUG ရဲ့ ဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းနဲ့ လည်း အွန်လိုင်းကနေ တွေ့ဆုံခဲ့တာပါ။

အာဆီယံအလှည့်ကျနိုင်ငံတွေဟာ သူ့ထက်ငါ အပြိုင်အဆိုင်ဆောင်ရွက်ကြတာဖြစ်ပြီး အခုအလှည့်ကျတဲ့ မလေးရှားလက်ထက်မှာ မြန်မာ့အရေးကို အရွေ့တစ်ခုရောက် ကြိုးစားမယ့်သဘောရှိတယ်လို့ PNLO-NCA/S မှ ဥက္ကဋ္ဌ ဗိုလ်မှူးကြီးခွန်ဥက္ကာက ပြောပါတယ်

“အာဆီယံအလှည့်ကျတွေက တစ်တိုင်းပြည်နဲ့တစ်တိုင်းပြည် ခေါင်းဆောင်တစ်ဦးချင်း သူလုပ်နိုင်တယ်၊ ငါလုပ်နိုင်တယ် အပြိုင်အဆိုင်ကလည်းရှိတာကို။ ဥပမာ အင်ဒိုနီးရှားတုန်းကဆိုရင်တော်တော် ကြိုးစားပါတယ်။ ဒါပေမယ့် အင်ဒိုနီးရှားက high profile သွားတာတို့ တွေ့တာတို့ မရှိဘူး။ အင်ဒိုနီးရှားပြီးတော့ လာအို ရောက်သွား တော့ လာအိုကတော့ပိုဆိုးတာပေါ့။ နိုင်ငံကလည်းငယ်တော့ တွေ့ဆုံပွဲတွေဘာတွေ ကြီးကြီးကျယ်ကျယ် မလုပ်နိုင်ဘူး။ လာအိုပြီးလို့ အခုမလေးရှားရောက်တဲ့အခါကြတော့ မလေးရှားက အာဆီယံမှာ နည်းနည်းလေး ဗမာပြည်အရေးကို အရွေ့လေးတစ်ခုပေါ့လေ ထွန်းထွန်းပေါက်ပေါက်ဖြစ်အောင် ကြိုးစားမယ့်သ‌ဘော ရှိပါ တယ်။ ဒါကြောင့်သူက ကမ္ဘောဒီးယားဝန်ကြီးချုပ်ဟောင်း ဟွန်ဆင်တို့၊ ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင်တို့ကို အကြံပေးခန့်ပြီးတော့ တွန်းတွန်းတိုက်တိုက်လုပ်တဲ့သဘောရှိပါတယ်။ သူ့လက်ထက်မှာ တစ်စုံတစ်ရာရွေ့သွားရင် သူ့ရဲ့စွမ်းဆောင်မှုပေါ့ အခုကလည်းနှစ်ဝက်ကျိုးနေပြီဆိုတော့ ဘယ်လောက်အထိ ထပ်ကြိုးစားနိုင်မလဲတော့မပြောတတ်ဘူး။ သို့သော် မလေးရှားက ကြိုးပမ်းမှုကိုတော့ ကျနော်တို့က အသိအမှတ်ပြုရမယ်။ မလေးရှားမှာလည်း အန်ဝါကိုယ်တိုင်က ပေါ်ပြူလာ သိပ်မဖြစ်တဲ့အခါကြတော့ ဒီတစ်ပွဲ သူအရွေ့တစ်ခုတွန်းနိုင်ရင်တော့ နိုင်ငံရေးအရ သူ့တိုင်းပြည်အတွင်းမှာလည်း attractive ပိုရလာနိုင်တဲ့သဘောရှိပါတယ်” လို့ သူက ပြောပါတယ်။

မြန်မာနိုင်ငံမှာ စစ်ကောင်စီအာဏာသိမ်းပြီးကတည်းက မလေးရှားဟာ အာဏာသိမ်းမှုကို ရှုံ့ချပြစ်တင်ခဲ့ပြီး မြန်မာ့အရေးနဲ့ပတ်သက်ပြီး တစ်စုံတစ်ရာပါဝင်ပတ်သက်ခဲ့ခြင်း မရှိခဲ့ပါဘူး။

ဒါပေမယ့် အခုအခါမှာတော့ ဝန်ကြီးချုပ်ကိုယ်တိုင်စစ်ခေါင်းဆောင်ကို မျက်နှာချင်းဆိုင်တွေ့ဆုံ စကားပြောလာခဲ့သလို NUG တို့နဲ့ပါ အွန်လိုင်းကတဆင့် တွေ့ဆုံစကားပြောလာတာဖြစ်ပါတယ်။

၂၀၂၅ အာဆီယံအလှည့်ကျ ဥက္ကဋ္ဌ မလေးရှားဟာ ၂၀၂၃ ဥက္ကဋ္ဌ ဖြစ်ခဲ့တဲ့ အင်ဒိုနီးရှားရဲ့ အကူအညီနဲ့အတူ အင်ဒိုနီးရှားဖော်ဆောင်ခဲ့တဲ့ အားလုံးပါဝင်ရေး လမ်းကြောင်းကို ဆက်ကိုင်ထားတယ်လို့ သိရပါတယ်။

“ မလေးရှားကလည်း သူမတက်ခင်က တော်တော် မတည်မငြိမ်ဖြစ်တာ‌လေ။ ၂ နှစ်တစ်ကြိမ် ၃ နှစ်တစ်ကြိမ်လောက်ဖြစ်နေတာ သူတက်လာတဲ့အခါမှာ သူ အသက် ၇၀ ကျော်နေပြီ။ သူ့မှာလည်း ပုဂ္ဂိုလ်ရေးရည်မှန်းချက်တွေလည်း ရှိကောင်းရှိနိုင်တာပေါ့။ အာဆီယံမှာပဲဖြစ်ဖြစ်၊ မလေးရှားမှာပဲ ဖြစ်ဖြစ် သူ့ခြေရာလေးချန်ခဲ့ချင်တာပေါ့။ အာဆီယံဥက္ကဋ္ဌ မဖြစ်ခင် တရုတ်ပြည်ကိုတစ်ခါလာတယ် မနှစ်ကနှစ်ကုန်က။ အာဆီယံလုပ်ငန်းတွေကို တရုတ်နဲ့ညှိနှိုင်းတာပေါ့။ ပြန်ခါနီးမှာ သတင်းစာရှင်းလင်းပွဲလုပ်တယ်။ နောက်ဆုံးအချက်အနေနဲ့ပြောသွားတာက သူတို့မလေးရှား ဥက္ကဋ္ဌဖြစ်တဲ့နှစ်မှာ ဗမာပြည်အရေးကိုလည်း ပြီးပြတ်နိုင်အောင် သူကြိုးစားကြည့်ပါမယ်လို့ ပြောသွားဖူးတယ်။ ဒါတွေဟာ အဆက်အစပ်ရှိတယ်ထင်တယ်။ အရင်တုန်းကမပါဝင်ပေမယ့် အခုပါဝင်လာတာရယ်။ ရှေ့လျှောက် ကြည့်ဖို့တော့လိုတာပေါ့” လို့ သူကပြောပါတယ်။

အာဆီယံဥက္ကဋ္ဌ အနေဖြင့် NUG နဲ့ဆွေးနွေးမှုမှာတော့ လူသားချင်းစာနာမှုအကူအညီ အရေးပေါ်လိုအပ်မှု အခြေအနေနဲ့ လိုအပ်နေသူတွေဆီ အကူအညီရောက်ရှိရေးကိစ္စတွေ ဆွေးနွေးခဲ့ကြကြောင်းသိရပါတယ်။

စစ်ကောင်စီနဲ့ ဆွေးနွေးမှုမှာတော့ အပစ်အခတ်ရပ်စဲရေး သက်တမ်းတိုးဖို့၊ လူသားချင်းစာနာမှု အကူအညီပေးရေးနဲ့ မြန်မာနိုင်ငံ ပုံမှန်အခြေအနေပြန်ရောက်ရေး အရေးကြီးကြောင်း ဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။

Related posts

ရေချယ်တေဇ အကြောင်း ဖော်ပြထားတဲ့ စာမျက်နှာကို Vogue Italia မဂ္ဂဇင်း ဝဘ်ဆိုက် ဖယ်ရှား

Rakhita Times

ငပလီကမ်းခြေကနေ စစ်ကောင်စီနေဗီ ၃ စီး မြင်နေရလို့ ဒေသခံတွေ စိုးရိမ်နေ

Rakhita Times

ရက္ခိုင်ကိုပို့မယ့် စက်သုံးဆီ လီတာ ၈ ထောင်နီးပါး မီဇိုရမ်ရဲတပ်ဖွဲ့ ဖမ်းဆီး

Rakhita Times

4 comments

Gerrywar ဧပြီ 1, 2026 at 9:28 ညနေ

https://888starz.net.co/
888Starz Colombia constituye un casino en linea y casa de apuestas deportivas que agrupa mas de 9.500 titulos, abarcando tragamonedas, ruletas y mesas con croupier real junto a una variada seleccion de disciplinas deportivas que incluye desde el torneo local BetPlay hasta la Champions League y esports.

Reply
UFCOdds ဧပြီ 2, 2026 at 2:08 မနက်

https://ufc327odds.com/
This Miami-held light heavyweight title fight at UFC 327 offers a genuine pick’em for the gambling public, as ex-champion Jiri Prochazka (-142) and hot-streaking knockout specialist Carlos Ulberg (+120) gear up to throw down for the unclaimed belt. The tight odds underscore how comparable these two finishers truly are, creating a scenario where a investment on either man ultimately comes down to which devastating approach you think will emerge victorious.

Reply
BwinBet ဧပြီ 10, 2026 at 11:55 ညနေ

https://bwin-bet.com.co/
Bwin Bet se presenta como un casino online y casa de pronosticos deportivos que opera en Colombia a partir de 2026 , bajo la autorizacion otorgada por Coljuegos , ofreciendo una experiencia regulada y segura a los apostadores .

Reply
Betway ဧပြီ 15, 2026 at 9:30 ညနေ

https://betway-bet.com.mx/
Betway Mexico es una plataforma de casino digital asi como plataforma de pronosticos deportivos con practicamente 20 anos de recorrido internacional, respaldado por permisos de entidades rigurosas como la MGA junto con la UK Gambling Commission, ademas funciona cumpliendo con la regulacion de SEGOB en Mexico.

Reply

Leave a Comment