NewsPolitic

ဘူးသီးတောင်မှာ သုံ့ပန်း ၃၀၀ ကျော် AA လွှတ်ပေး

အာရက္ခတိုင်းမ်စ် (၁၉ မေ ၂၀၂၅)

ရက္ခိုင်ပြည် ဘူသီးတောင်မြို့သိမ်းတိုက်ပွဲတွင် ဖမ်းဆီးရမိခဲ့တဲ့ သုံ့ပန်းထဲမှ သုံ့ပန်းမိသားစု ၃၁၄ ယောက်ကို မေလ ၁၈ရက်က လွှတ်ပေးလိုက်တယ်လို့ ဒေသခံတွေက ဆိုပါတယ်။

“မနေ့က မြို့သိမ်းတာ တစ်နှစ်ပြည့်ပြီလေ။ အထိမ်းအမှတ်အနေနဲ့ လွှတ်ပေးတာ။ အခမ်းအနားနဲ့ကို လွှတ်ပေးလိုက်တာ” လို့ ဘူးသီးတောင်မြို့ဒေသခံတစ်ဦးက အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။

ပြန်လည်လွှတ်ပေးလိုက်တဲ့ သုံ့ပန်းမိသားစုများမှာ ဘူးသီးတောင်မြို့ စကခ (၁၅) နဲ့ ခမရ (၅၅၁) တပ်ရင်းက မိသားစုတွေပဲ ဖြစ်ပါတယ်။

အာရက္ခတပ်တော်က လွှတ်ပေးလိုက်တဲ့ သုံ့ပန်းမိသားစုများမှာ သက္ကမ၊ ခမီ၊ မြို၊ သက် တိုင်းရင်းသား မိသားစု ၂၆ စု လူဦးရေ ၆၉ ယောက် နဲ့ ရက္ခိုင်လူမျိုး မိသားစု ၈၁ စု နဲ့ လူဦးရေ ၂၄၅ ယောက်တို့ပဲ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ မေလ ၁၇ ရက်နေ့ကလည်း မင်းပြားမြို့သိမ်းတိုက်ပွဲမှာ ဖမ်းဆီးရမိခဲ့တဲ့ စစ်သုံ့ပန်းထဲက ၂၂၅ ယောက်ကို ဒုတိယအကြိမ်အဖြစ် အာရက္ခတပ်တော်က ပြန်လည်လွှတ်ပေးခဲ့ပါတယ်။

အလားတူ ပထမအကြိမ်အဖြစ် ဧပြီလ ၁၃ ရက်က အတာနှစ်ကူးအထိမ်းအမှတ်အဖြစ် စစ်သုံ့ပန်းမိသားစု ၁၇၀ ကို လွှတ်ပေးခဲ့ပါတယ်။

Related posts

ကျောက်ဖြူတိုက်ပွဲ ဦးစီးရန် စကမ တိုင်းမှူးကိုယ်တိုင်ရောက်နေ

Rakhita Times

ARSA အကြမ်းဖက်အဖွဲ့ ဒေသခံပြည်သူတွေကို ခြိမ်းခြောက်တဲ့ ရုပ်သံထွက်လာ

Rakhita Times

စစ်တွေမြို့ပေါ်မှာ စကမတပ်သား မရှိသလောက် နည်းသွား

Rakhita Times

6 comments

Leave a Comment