BusinessNews

ရက္ခိုင်ပြည်ကို တင်ပို့မယ့် မူးယစ်ဆေးဝါးတွေ ဖမ်းမိဟု စစ်ကောင်စီထုတ်ပြန်

အာရက္ခတိုင်းမ်စ် (၁၃ ဇွန် ၂၀၂၅)

ရက္ခိုင်ပြည်ကို တင်ပို့မယ့် မူးယစ်ဆေးဝါး တန်ချိန် ၅၇ သိန်းကျော် တန်ဖိုးအားဖြင့် ၈ ဒသမ ၁၈ ဘီလီယံကျော် ဇွန်လ ၄ ရက်နေ့ကနေ ၇ ရက်နေ့အတွင်း ဖမ်းဆီးရမိခဲ့တယ်လို့ စစ်ကောင်စီရဲ့ မူးယစ်ဆေးဝါး တားဆီးနှိမ်နှင်းရေး ရဲတပ်ဖွဲ့က ထုတ်ပြန်လာပါတယ်။

ပြည် – အောင်လံသွား ကားလမ်းပေါ်ရှိ တိုးဂိတ်အနီးမှာ မူးယစ်ဆေးဝါး အရောင်းအဝယ်လုပ်မယ့်သတင်းရတာကြောင့် စောင့်နေစဉ်မှာ အောင်ဇော်ဦး မောင်းနှင်တဲ့ Toyota Prado ကားပေါ်ကနေ ဘိုဘိုအောင် မောင်းနှင်ပြီး ဇင်သူအောင်၊ အောင်ပြည့်ဖြိုးတို့ လိုက်ပါလာတဲ့ I-Zone ကားပေါ်ကို လွှဲပြောင်းတင်ဆောင်နေတုန်း ရှာဖွေစစ်ဆေးခဲ့ရာမှာ သူတို့ ၄ ယောက်နဲ့အတူ စိတ်ကြွရူးသွပ်ဆေးပြားရေ ၅ သိန်းကို ဖမ်းဆီးရမိခဲ့တယ်လို့ ဆိုပါတယ်။

စစ်ဆေးဖော်ထုတ်ချက်တွေအရ အောင်ဇော်ဦး ငှားရမ်းနေထိုင်တဲ့ ပြည်မြို့၊ ဆွေးနွေးဘုရားလမ်းကနေအိမ်ကို ဆက်လက်ရှာဖွေခဲ့ရာမှာ ကျော်ဇင်နဲ့အတူ စိတ်ကြွဆေးပြား ၄၂ ဒသမ ၈၈၅ သိန်း ထပ်မံဖမ်းဆီးရမိခဲ့တယ်လို့ ထုတ်ပြန်ပါတယ်။

အဲဒီနောက် မူးယစ်ဆေးဝါး သယ်ခိုင်းတဲ့ သိန်းဌေးနဲ့ ဇနီးတို့ကို ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်မြို့နယ်မှာ ဇွန်လ ၆ ရက်နေ့က ထပ်မံဖမ်းဆီးရမိခဲ့တယ်လို့ ဆိုပါတယ်။

ဆက်လက်ပြီး ဇွန်လ ၇ ရက်နေ့မှာ မင်္ဂလာဒုံမြို့နယ်၊ စွယ်တော်စီးတီးအိမ်ရာ ကားပါကင်မှာ စိုင်းဗညားမြင့်အောင် (ခ) ပီးပီး (ခ) စစ်ကားနဲ့ မင်းလွင်တို့ ၂ ဦးကို မူးယစ်ဆေးဝါး ၁၀ သိန်းနဲ့အတူ ထပ်မံဖမ်းဆီးခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

စစ်ဆေးချက်တွေအရ ရှမ်းပြည်ကနေ ရက္ခိုင်ပြည်ကို မူးယစ်ဆေးဝါး တင်ပို့ရောင်းချသူမှာ ရှမ်းပြည်နယ်၊ ကျေးသီးမြို့နယ်၊ ဝမ်းဟိုင်းနေ ထွန်းစီနဲ့ဇနီး နန်းရွှေရင် (ခ) နန်းမိုင်းခမ်း (ခ) နန်းခမ်းကြာတို့ဖြစ်ပြီး ဝမ်ဟိုင်းကနေ ပြည်မြို့ကို သယ်ဆောင်ကာ အဲဒီကနေတဆင့် ရက္ခိုင်ပြည်ကို ပြန်လည်တင်ပို့မှာဖြစ်ပါကြောင်း ဆိုပါတယ်။

အဲဒီလိုပဲ မန္တလေးမြို့ကနေတဆင့် ရန်ကုန်ကိုသယ်ဆောင်ပြီး ရက္ခိုင်ပြည်ကို တင်ပို့ရောင်းချကြတာဖြစ်တယ်ပြီး သယ်ဆောင်သူက ထင်ထင်ကျော် (ခ) ရခိုင်ဖြစ်တယ်လို့ စစ်ကောင်စီရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

Related posts

အသတ်ခံလိုက်ရတဲ့ သံတွဲသား ကို မနက်ဖြန် သင်္ဂြိုလ်မည်

Rakhita Times

သူပုန်ဖြူကဗျာစာအုပ် ‌ဒေါ်လာ တသောင်း နဲ့ လေလံ စံချိန်တင်

Rakhita Times

ပုဏ္ဏားကျွန်းက နေရာသုံးခုကို စကမ တိုက်ခိုက်မှုကြောင့် ၅ ဦး သေ၊ ၉ ဦး ဒဏ်ရာရ

Rakhita Times

Leave a Comment