NewsPolitic

ရက္ခိုင်က လွတ်မြောက်နယ်မြေတွေကို စစ်ကောင်စီ အရေးပေါ်အခြေအနေ ကြေညာ

အာရက္ခတိုင်းမ်စ် (၁ သြဂုတ် ၂၀၂၅)

ရက္ခိုင်ပြည်က အာရက္ခတပ်တော် ထိန်းချုပ်ထားတဲ့ လွတ်မြောက်နယ်မြေတွေကို စစ်ကောင်စီက ဇူလိုင်ကုန်မှာ အရေးပေါ်အခြေအနေ ကြေညာခဲ့ပါတယ်။

စစ်ကောင်စီရဲ့ ကြေညာချက်တွင် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် အမျိုးသားကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီ အရေးပေါ်အခြေအနေ ကြေညာခြင်း ဥပဒေကဲ့သို့ အာဏာတည်တဲ့ အမိန့်အမှတ်ဆိုပြီ ပါပါတယ်။

စစ်ကောင်စီက အရေးပေါ်အခြေအနေ ကြေညာထားတဲ့ ရက္ခိုင်ပြည်က မြို့နယ် (၁၄) ခုကတော့ ရမ်းဗြဲ၊ ပေါက်တော၊ ပုဏ္ဏားကျွန်း၊ ရသေ့တောင်၊ ဂွ၊ မောင်တော၊ ဘူးသီးတောင်၊ ကျောက်တော်၊ မင်းပြား၊ မြေပုံ၊ မြောက်ဦး၊ သံတွဲ၊ အမ်း နဲ့ တောင်ကုတ်မြို့နယ်တို့ပဲ ဖြစ်ပါတယ်။

စစ်ကောင်စီရဲ့ ကြေညာချက်တွင် “ လက်နက်ကိုင် အကြမ်းဖက်သောင်းကျန်းမှုများ ချုပ်ငြိမ်းစေရန်နဲ့ နယ်မြေဒေသ တည်ငြိမ်အေးချမ်းရေး၊ တရားဥပဒေစိုးမိုးရေးတို့ကို ထိရောက်စွာ ဆောင်ရွက်နိုင်ရန်အလို့ငှာ အောက်ပါ တိုင်းဒေသကြီးနဲ့ပြည်နယ်များရှိ ဖော်ပြပါမြို့နယ်များကို ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်) ပုဒ်မ ၄၁၂ (က) အရ အရေးပေါ်အခြေအနေကြေညာလိုက်သည်” ဆိုပြီး ဖော်ပြ ပါရှိပါတယ်။

စစ်ကောင်စီရဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်) ပုဒ်မ ၄၁၂ (က) အရ အရေးပေါ်အခြေအနေ ကြေညာလိုက်ခြင်းဖြစ်ပြီး ‌အမိန့်ထုတ်ပြန်တဲ့နေကစတင်ပြီး ရက်ပေါင်း (၉၀) အထိ အတည်ဖြစ်တယ်လို့လည်း ကြေညာချက်တွင် ဖော်ပြထားပါတယ်။

Related posts

စစ်တွေက အမျိုးသမီး ၈ ဦးကို တရုတ်မယားအဖြစ် ရောင်းချပို့ဆောင်မယ့် ပွဲစား ၃ ဦးကို ထောင် ၁၀ နှစ်စီချမှတ်

Rakhita Times

စစ်တွေက ALP တပ်သား လက်နက်နဲ့ ထွက်ပြေးတာ မဖြစ်နိုင်

Rakhita Times

ကပစ ၁၆ နီးရှိ ကာကင်းစခန်း ၇ ခုအထိ AA သိမ်းပိုက်

Rakhita Times

9 comments

Leave a Comment