အာရက္ခတိုင်းမ်စ် (၆ သြဂတ် ၂၀၂၆)
ရက္ခိုင်ပြည် မြောက်ဦးမြို့နယ်ကို သြဂုတ်လ ၄ ရက် ည ၉ နာရီခန့်မှာ ရွေးတုအစိုးရက လေယာဉ် ၈ စီးနဲ့ ဗုံးပတ်ကြဲခဲ့လို့ ပြည်သူ ၄ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ အာရက္ခတပ်တော်က သတင်းထုတ်ပြန်ခဲ့ပါတယ်။
ရွေးတုအစိုးရဟာ ဂျက်ဖိုက်တာ ၆ စီး၊ Y-12 ၂ စီးတို့နဲ့ တစ်နာရီကျော်ကြာ ဗုံး အလုံးရေ ၃၀ ကျော် ကြဲချ တိုက်ခိုက်ခဲ့တယ်လို့လည်း သိရပါတယ်။
ဗုံး ကြဲချ တိုက်ခိုက်ခဲ့တဲ့ နေရာတွေကတော့ ရက္ခိုင်ပြည် မြောက်ဦးမြို့နယ်က ရွေးတုအစိုးရတပ်ရဲ့ တပ်စခန်းဟောင်းတွေဖြစ်တဲ့ အမှတ် ၅၄၀ တပ်ရင်း၊ ၃၁ ရဲတပ်ရင်းနဲ့ အနီးပတ်ဝန်းကျင် နေရာတွေ ဖြစ်တယ်လို့ သိရပါတယ်။
အဆိုပါကဲ့သို့ ဗုံးကြဲတိုက်ခိုက်မှုကြောင့် စစ်ဘေးရှောင်/ရေဘေးရှောင်ပြည်သူ ၄ ဦး ထိုခိုက်ဒဏ်ရာ ရရှိခဲ့ပြီး နွား ၃ ကောင် သေဆုံးကာ ၅ ကောင် ဒဏ်ရာ ရရှိခဲ့တယ်လို့လည်း သိရပါတယ်။
အာရက္ခတပ်တော်အနေနဲ့ မိုးတွင်းကာလဖြစ်ပေမယ့် ရွေးတုအစိုးရတပ်ရဲ လေကြောင်းရန်ကို သတိထား နေထိုင် သွားလာကြရန် ထပ်မံ တိုက်တွန်းထားတယ်လို့လည်း သိရပါတယ်။
