NewsPolitic

မအီ ရဲစခန်း နဲ့ ဆေးရုံကို စစ်ကောင်စီ ဗုံးကြဲ(Breaking News)

အာရက္ခတိုင်းမ်စ် (၄ သြဂုတ် ၂၀၂၅)

ရက္ခိုင်ပြည် မအီမြို့က ရဲစခန်း နဲ့ ဆေးရုံကို ဒီကနေ့ မွန်းလွဲ ၁ နာရီလောက်မှ စစ်ကောင်စီက လေယာဉ်နဲ့ ဗုံးလာကြဲသွားတယ်လို့ ကနဦး သိရပါတယ်။

“ရဲစခန်းနဲ့ ဆေးရုံတဲ့၊ လူတွေ ဘာဖြစ် ဆိုတာတော့ သေချာမသိသေးဘူး” လို့ ရန်ကုန်ရောက် မအီမြို့ ဒေသခံတဦးက အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။

ရက္ခိုင်ပြည်က မအီမြို့ကို စစ်ကောင်စီက လေကြောင်းကနေ ဗုံးကြဲတာနဲ့ပတ်သက်ပြီး ရက္ခိုင်ပြည်က လွတ်မြောက်နယ်မြေတွေကို စစ်ကောင်စီက အရေးပေါ်အခြေအနေ ကြေညာတာကြောင့် ဖြစ်နိုင်တယ်လို့ နိုင်ငံရေးလေ့လာသုံးသပ်သူတွေက ပြောပါတယ်။

“မအီဆိုတာက တခါမှ ဒီလိုမျိုး အဖြစ်အပျက် မကြားဖူးဘူး။ ခုက ပထမဆုံးပဲ။ စစ်အုပ်ချုပ်ရေးကြေညာပြီး စစ်ကောင်စီက ငါတို့ လုပ်ချင်တာ လုပ်လို့ရပြီ ဆိုပြီး စတင် လုပ်လာတာလားမသိဘူး။ စိုးရိမ်တာက မအီမှာ ခြေတော်ရာရှိတယ်။ မြောက်ဦးဆရာတော်ဘုရားတည်ထားတဲ့ ဘုရား စေတီတွေ ရှိတယ်။ ပျက်စီးသွားမှာတော့ တကယ်ကို စိုးရိမ်မိတယ်” လို့ နိုင်ငံရေးလေ့လာသုံးသပ်သူတဦးက အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။

စစ်ရေးအရ ရှုံးနိမ့်နေတဲ့ စစ်ကောင်စီအနေနဲ့ မအီမြို့က မဆုတ်ခွာခင်မှာ မအီတံတားနဲ့ ကျောက်ကြီးပေါက်တံတားတို့ကို မိုင်းခွဲဖျက်ဆီးခဲ့ပါတယ်။

Related posts

အများပြည်သူ အင်တာနက်သုံးစွဲတဲ့နေရာကို ဗုံးကြဲတိုက်ခိုက်မှုအပေါ် ပုဏ္ဏားကျွန်းလူငယ်များအစည်းအရုံးရှုံ့ချ

Rakhita Times

စကမရဲ့လုပ်ရပ်ကို လူမျိုးတုံးသတ်ဖြတ်မှုအဖြစ် မြောက်ဦးလူငယ်များအစည်းအရုံး ရှုတ်ချ

Rakhita Times

မင်းတုန်းကို ထိုးလာတဲ့ ရွေးတုအစိုးရတပ်စစ်ကြောင်းကို AA ဒရုန်းနဲ့တိုက်ခိုက် ထိခိုက်ဒဏ်ရာရသူများပြား

Rakhita Times

2 comments

Leave a Comment