NewsPolitic

တောင်ကုတ် ကင်းတောင် ရွာမကို စစ်ကောင်စီဗုံးကြဲ

အာရက္ခတိုင်းမ်စ် (၇ သြဂုတ် ၂၀၂၅)

ရက္ခိုင်ပြည် တောင်ကုတ်မြို့နယ်က ကင်းတောင် နဲ့ ရွာမကို စစ်ကောင်စီက မနေ့က (၆ သြဂုတ်) နေ့လည် ၁၂ နာရီ နဲ့ ၁ နာရီခန့်မှာ လာရောက်ဗုံးကြဲသွားတယ်လို့ သိရပါတယ်။

“ရွာမ စာသင်ကျောင်းကို ကျတယ်လို့ သိရတယ်။ ကင်းတောင်တော့ နေရာအတအကျ မသိရသေးဘူး။ ၃ လုံးကျတယ်လို့ ကြားတယ်။ စာသင်ကျောင်း တခုပဲ နေရာသိရသေးတယ်” လို့ တောင်ကုတ်မြို့ ဒေသခံတဦးက အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။

စစ်ကောင်စီက အရေးပေါ်အခြေအနေ ကြေညာပြီးနောက်မှာ ရက္ခိုင်ပြည်က လွတ်မြောက်နယ်မြေတွေကို လေယာဉ်ကနေ ဗုံးလာရောက် ကြဲတာတွေကို နေ့စဥ်ဆိုသလို လာရောက် လုပ်ဆောင်နေတယ်လို့ ရက္ခိုင်ဒေသခံတွေက ပြောပါတယ်။

“ရွာမကတော့ စာသင်ကျောင်းနား ကျတယ် ဆိုတယ်။ စာသင်ကျောင်းဆိုရင်တော့ ကျမတို့ အိမ်နောက်ဖက်ပဲ” လို့ ရက္ခိုင်ပြင်ပရောက် ရွာမ ဒေသခံတဦးက အာရက္ခတိုင်းမ်ကို ပြောပါတယ်။

အလားတူ စစ်ကောင်စီဟာ ရက္ခိုင်ပြည် တောင်ကုတ်မြို့နယ် မအီမြို့က ရဲစခန်း နဲ့ ဆေးရုံကို သြဂုတ်လ ၄ ရက် မွန်းလွဲ ၁ နာရီလောက်မှာ လေယာဉ်နဲ့ ဗုံးကြဲခဲ့ပါသေးတယ်။

Related posts

အဥ္ဇနပူရမြို့ ရွှေပြည်စိုးရပ်ကွက်နေပြည်သူများ ကမ်းပြိုမှုကြောင့် အကူအညီ လိုအပ်နေ

Rakhita Times

၁၆ ကြိမ်မြောက် ခမီအမျိုးသားနေ့ အထိမ်းအမှတ် ဘောလုံးပြိုင်ပွဲ ပြုလုပ်ခဲ့

Rakhita Times

ဖက်ဒရယ်ဒီမိုကရေစီ မြန်မာနိုင်ငံဖြစ်လာအောင် ဆက်လက်ကြိုးပမ်းဖို့ ဗိုလ်ချုပ်ထွန်းမြတ်နိုင် နဲ့ ဒေါ်အောင်ဆန်းစုကြည် သား ကိုထိန်လင်း သ‌ဘောတူ

Rakhita Times

155 comments

Leave a Comment