NewsPolitic

AA စစ်ဦးစီးချုပ် နဲ့ မွတ်ဆလင်ခေါင်းဆောင်များ တွေ့ဆုံအပြီးတွင် မောင်တောမြို့မဗလီ ဖွင့်လှစ်

အာရက္ခတိုင်းမ်စ် (၁၆ စက်တင်ဘာ ၂၀၂၅)

အာရက္ခတပ်တော် စစ်ဦးစီးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်နဲ့ မွတ်ဆလင်ခေါင်းဆောင်တွေ ရက္ခိုင်ပြည် မောင်တောမြို့တွင် တွေ့ဆုံအပြီးမှာ မောင်တောမြို့ မြို့မဂျာမေ့ဗလီကြီးကို ပြန်လည်ဖွင့်လှစ်နိုင်ခဲ့တယ်လို့ သိရပါတယ်။

“၂၀၂၅ ခုနှစ် ၈ လပိုင်း ၃၀ ရက်နေ့မှာ ကျနော်ရို့ ဗိုလ်ချုပ်ရောက်လာတဲ့နေ့မှာ ကျွန်တော်တို့ တင်ပြပေးပါတယ်။ အဲဒီ တင်ပြပေးတဲ့ နောက်ဆုံးကြိုးစားပမ်းချက်ပါ။ ဒီလို ဖွင့်ပေးတယ် မဟုတ်ပါလား။ ဖွင့်ပေးတာကို အထူးကျေးဇူးတင်ပါတယ်။ ဝမ်းလည်း ဝမ်းသာပါတယ်” လို့ မောင်တောခရိုင် မူဆလင်ရေးရာကော်မတီ ဥက္ကဌ ဦးမောင်မောင်အေးက APM ကို ပြောကြားခဲ့ပါတယ်။

မောင်တောမြို့မ ဂျာမေဗလီကြီးကို ဖွင့်လှစ်နိုင်ခဲ့ခြင်းမှာ ဗိုလ်ချုပ်ထွန်းမြတ်နိုင်နဲ့ မွတ်ဆလင်ခေါင်းဆောင်များ တွေ့ဆုံပြီးနောက်တွင် ပြန်လည်ဖွင့်လှစ်နိုင်ခဲ့တာလည်း ဖြစ်ပါတယ်။

“စစ်ကောင်စီရဲ့ လူမျိုးအချင်းချင်းကို အခုလို သွေးခွဲအုပ်ချုပ်ခဲ့တာ ရှိပါတယ်။ ရက္ခိုင်ကို တမျိုး၊ မွတ်ဆလင်ကို တမျိုး ဒီလိုခွဲခြားခဲ့တဲ့အခါ လူမျိုးအချင်းချင်း မသင့်မြတ်ခဲ့ပါ။ အခုဆိုရင် အာရက္ခပြည်သစ်ဆောက်ဖို့အတွက် အားလုံးသူမှာတာဝန်ရှိပြီးတော့ သဟာဇာတဖြစ်အောင်နေရမယ်။ အတိတ်က ဖြစ်ခဲ့တဲ့ သမိုင်းတွေကို သင်ခန်းစာယူပြီး အနာဂတ်တိုင်းပြည် တည်တောက်ရေးမှာ အားလုံးပူးပေါင်းပြီးတော့ ပါဝင်လာဖို့ တိုက်တွန်းလိုပါတယ်” လို့ ဂျူရီအကြီးအကဲဖြစ်သူ ဗာဆဲလ်က မောင်တောမြို့မဗလီဖွင့်ပွဲတွင် ပြောဆိုခဲ့ပါတယ်။

မောင်တော်မြို့မဂျာမေဗလီကြီးကို လူမျိုးနှစ်ခုကြား လူမှုသဟဇာတဖြစ်စေရေး၊ အာရက္ခပြည်တွင် မှီတင်းနေထိုင်ကြသည့် လူမျိုးတိုင်း မိမိယုံကြည်ရာကို လွတ်လပ်စွာကိုးကွယ်နိုင်ရေးအတွက် အာရက္ခပြည်သူ့ တော်လှန်ရေး အစိုးရက ဖွင့်လှစ်ပေးခဲ့ခြင်းဖြစ်တယ်လို့လည်း သိရပါတယ်။

Related posts

မရဏ နာရီ (ပထမပိုင်း) 

Rakhita Times

အသေခံဒရုန်းတွေကို စကမ ပိုမိုအသုံးပြုလာလို့ တော်လှန်ရေးအဖွဲ့များ ပိုမို သတိထားရန်လို

Rakhita Times

ကျောက်တော်နဲ့ ပလက်ဝမြို့နယ် အစပ်ကို ဂျက်ဖိုက်တာ ၅ စီးနဲ့ စကမ ဗုံးကြဲ(Breaking News)

Rakhita Times

2,267 comments

Leave a Comment