NewsPolitic

ကျောက်တော် သရက်တပင် လေကြောင်းတိုက်ခိုက်ခံရမှု အထောက်အထားတွေကို IIMM ကတောင်းခံ

အာရက္ခတိုင်းမ်စ် (၁၆ စက်တင်ဘာ ၂၀၂၅)

ရက္ခိုင်ပြည် ကျောက်တော်မြို့နယ် သရက်တပင်ကျေးရွာက ကိုယ်ပိုင်အထက်တန်းကျောင်းနှစ်ကျောင်း လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခံရတဲ့ ဖြစ်စဉ်နဲ့ ပတ်သက်လို့ မျက်မြင်ကြုံ‌တွေ့ခဲ့ရသူ တိုက်ရိုက်သိရှိသူတွေအနေနဲ့ အထောက်အထားမျှဝေကြဖို့ IIMM က ဒီနေ့ စက်တင်ဘာ ၁၆ ရက်နေ့မှာ တောင်းဆိုထားပါတယ်။

ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သော စုံစမ်းစစ်‌‌ဆေးမှု ယန္တရားလို့ အမည်ရတဲ့ Independent Investigative Mechaniism For Myanmar( IIMM) က အခုလို ထုတ်ပြန် တောင်းဆိုထားတာပါ။

စက်တင်ဘာလ ၁၂ ရက်က စစ်ကော်မရှင်ရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် အနည်ဆုံး သေဆုံးသူ ၂၂ ဦးနဲ့ ဒဏ်ရာရရှိသူ ၂၀ ဦး ထက်မနည်းရှိခဲ့သလို အများစုမှာ ‌ကျောက်းသားတွေ ဖြစ်တယ်လို့ ဆိုပါတယ်။

သရက်တပင်ကျေးရွာရဲ့ ဝမ်းနည်းဖွယ်ရာ ဖြစ်စဥ်ဟာ ၂၀၂၁ ခုနှစ် ဖေဖေါ်ဝါရီလ စစ်အာဏာသိမ်းပြီးနောက်ပိုင်း ကျောင်း‌တွေကို ဆိုးဝါးစွာ တိုက်ခိုက်မှု‌တွေထဲက တစ်ခုအပါအဝင် ဖြစ်တယ်လို့လည်း IIMM ရဲ့ ထုတ်ပြန်ချက်မှာ ရေးသားဖော်ပြ ထားပါတယ်။

ယခုဖြစ်စဥ်ဟာ တိုက်ခိုက်မှု‌တွေ၊ သတ်ဖြတ်မှု‌တွေ၊ အတင်းအကြပ် နေရပ်က ရွှေ့ပြောင်းခံရတဲ့ ဖြစ်စဥ်‌တွေနဲ့ ငတ်မွတ်ခေါင်းပါးမှုဒဏ်ကို ခံနေရတဲ့ ရက္ခိုင်ပြည်ရှိ အရပ်သားလူမျိုးစုတွေ အားလုံးရဲ့ဒုက္ခ‌တွေကို ပိုမိုဆိုးရွားစေတယ်လို့လည်း ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

IIMM ယန္တရားဟာ အထက်ပါဖြစ်ရပ်‌တွေ အပါအဝင် အခြားလေကြောင်းတိုက်ခိုက်မှု‌တွေနဲ့ ဆက်စပ်တဲ့ အချက်အလက်‌တွေကို စုဆောင်းနေပြီး ဒဏ်ရာရရှိမှု‌၊ ပျက်စီးမှုတွေ၊ လေယာဥ်နဲ့ လက်နက်ခဲယမ်းတွေရဲ့ ဓာတ်ပုံ သို့မဟုတ် ဗီဒီယိုတွေကို အလိုရှိတယ်လို့ ဆိုပါတယ်။

ဒါ့အပြင် ထိခိုက်သူတွေရဲ့အချက်အလက်တွေ၊ လေကြောင်းတိုက်ခိုက်ရာမှာ အသုံးပြုခဲ့တဲ့ လေယာဥ်နဲ့ လက်နက်အမျိုးအစား၊ ပါဝင်သူ လေယာဥ်မှူးတွေနဲ့ ပေးအပ်တဲ့ အမိန့် စတဲ့ အချက်အလက်တွေကိုလည်း ပေးပိုကြဖို့ တောင်းခံထားပါတယ်။

အချက်အလက်တွေ လက်ဝယ်ရရှိထားပါက IIMM ယန္တရားရဲ့ Signal နံပါတ် +41 76 691 12 08 ကို ဆက်သွယ် ပေးပို့ကြဖို့နဲ့ အချက်အလက် မျှဝေပေးသူတွေရဲ့ လုံခြုံရေးဟာ အရေးကြီးထာ‌ကြောင့် ဘေးကင်းလုံခြုံတဲ့ အချိန်မှသာ ဆက်သွယ်ကြဖို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

Related posts

ဘူးသီးတောင် စကခ (၁၅)ကို စကမ ဂျက်ဖိုက်တာနဲ့ ဗုံးကြဲ

Rakhita Times

AA က သွေးလွန်တုတ်ကွေး ကြိုတင်ကာကွယ်ရေး လုပ်ဆောင်

Rakhita Times

မြောက်ဦးတွင် မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး အာရက္ခပြည်သူ့မီးသတ်ဌာန ပညာပေးလေ့ကျင့်

Rakhita Times

11 comments

canada pharmacy online reviews မတ် 4, 2026 at 5:38 ညနေ Reply
recommended canadian pharmacies မတ် 5, 2026 at 7:10 မနက် Reply
top 10 mail order pharmacies မတ် 5, 2026 at 7:29 မနက် Reply
canadian drugs မတ် 19, 2026 at 12:57 မနက် Reply
Гей порно Slottica မတ် 20, 2026 at 2:55 မနက်

Slottica Casino to propozycja dla graczy szukających nowoczesnej platformy do gry online i wygodnego dostępu do szerokiej oferty rozrywki. Serwis wyróżnia się intuicyjnym interfejsem, sprawną obsługą płatności oraz atrakcyjnym wyborem gier dopasowanych do różnych preferencji. Na szczególną uwagę zasługują wysokie standardy bezpieczeństwa, w tym szyfrowanie danych i rozwiązania chroniące prywatność użytkowników na każdym etapie korzystania z platformy. Dzięki temu gracze mogą skupić się na zabawie, mając pewność, że ich dane osobowe i finansowe są odpowiednio zabezpieczone. To jeden z ciekawszych wyborów dla osób zastanawiających się, gdzie grać online w bezpieczny i komfortowy sposób.

Reply
wawada မတ် 24, 2026 at 2:23 မနက်

Vavada to znane kasyno online, które działa również w Polsce. Strona przyciąga graczy szeroką ofertą gier, przejrzystymi warunkami i obsługą w PLN (zł). Bonus powitalny oraz intuicyjna obsługa sprawiają, że platforma zdobyła popularność wśród polskich użytkowników.

Reply

Leave a Comment