NewsPolitic

စစ်တကောင်းဒေသခံ ရက္ခိုင် ၆ ဦးကို AA နဲ့ ဆက်စပ်တယ်ဆိုပြီး ဘင်္ဂလားဒေ့ရှ်စစ်တပ် ဖမ်းဆီး

အာရက္ခတိုင်းမ်စ် (၂၄ စက်တင်ဘာ ၂၀၂၅)

ဘင်္ဂလားဒေ့ရှ်နိုင်ငံ စစ်တကောင်းတောင်တန်းဒေသ ရွာတော်မြို့နယ် မြင်းချောကျေးရွာက ဒေသခံ ရက္ခိုင် ၆ ဦးကို AA နဲ့ ဆက်စပ်တယ်ဆိုပြီး စက်တင်ဘာလ ၂၂ ရက်တွင် ဘင်္ဂလားဒေ့ရှ်စစ်တပ်က ဖမ်းဆီးသွားတယ်လို့ သိရပါတယ်။

“သူတို့က မြင်းချောရွာသားတွေ စစ်တကောင်းတောင်တန်းမှာ အမဲလိုက်သွားကြတာ၊ ဓားတွေ လေသေနတ်နဲ့တွေ သွားကြတာမှာ ဘင်္ဂလားစစ်တပ်က ဖမ်းသွားတာ” လို့ မောင်တောမြို့နယ်ဒေသခံတဦးက အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။

အဆိုပါ ရက္ခိုင်ပြည်သူ ၆ ဦးကို AA နဲ့ ဆက်စပ်တယ်ဆိုပြီး ဘင်္ဂလားဒေ့ရှ်စစ်တပ်က ဖမ်းဆီးကာ အရေးယူနိုင်ရန် ရဲစခန်းကို လွှဲပြောင်းထားတယ်လို့ ဒေသခံတွေက ဆိုပါတယ်။

ဘင်္ဂလားဒေ့ရှ်စစ်တပ်က AA နဲ့ ဆက်စပ်တယ်ဆိုပြီး ဖမ်းဆီးထားတဲ့ ရက္ခိုင်ပြည်သူ ၆ ဦးနဲ့အတူ လေသေနတ် ၁ လက်၊ ဓားရှည် ၃ ချောင်း၊ ဓားတို ၁ ချောင်း၊ လေးခွ ၂ လက်၊ ကတ်ကြေး စတာတွေ ဖမ်းဆီးရမိခဲ့တယ်လို့ ထုတ်ပြန်ခဲ့ပါတယ်။

“ဗိုလ်ချုပ်ရဲ့ အင်တာဗျူးရုပ်သံတွေ ထွက်ပေါ်လာပြီးမှ အခုလိုဖြစ်တာက တိုင်ဆိုင်တာတော့ မဟုတ်ဘူး။ ရည်ရွယ်ချက်ရှိရှိကို လုပ်ဆောင်တာ၊ ဘင်္ဂလားမှာ နေနေတဲ့ ရက္ခိုင်မျိုးနွယ်စုတွေ သတိထားပြီး နေရမယ့် အခြေအနေပါ” လို့ သူက ထပ်မံ ပြောပါတယ်။

အကြမ်းဖက် စစ်သွေးကြွ မူဆလင် လက်နက်ကိုင်တွေဖြစ်တဲ့ ARSA၊ RSO အဖွဲ့တွေကို နောက်ကွယ်က ဖိအားပေး တိုက်တွန်းမှုတွေ ပြုလုပ်နေတာကတော့ ဘင်္ဂလားဒေ့ရှ် အာဏာပိုင်တွေဖြစ်တယ်လို့ အာရက္ခတပ်တော် စစ်ဦးစီးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်က ပြောဆိုထားပါတယ်။

Related posts

AA က သင်္ကြန်အတွက် စည်းကမ်း ၆ ချက် ထုတ်

Rakhita Times

အမ်းမြို့တွင် ပိတ်မိနေသူ ပြည်သူ ရာဂဏန်းအောက်သာ ရှိ

Rakhita Times

AA နဲ့ ပူးပေါင်းမဟာမိတ်တပ်တွေ စစ်ကိုင်းမှာ စစ်ယာဉ်တန်းကို တိုက်ခိုက်၊ လက်နက်ခဲယမ်းများ ရရှိ

Rakhita Times

293 comments

Leave a Comment