NewsPolitic

စကမရဲ့လုပ်ရပ်ကို လူမျိုးတုံးသတ်ဖြတ်မှုအဖြစ် မြောက်ဦးလူငယ်များအစည်းအရုံး ရှုတ်ချ

အာရက္ခတိုင်းမ်စ်(၁၂ ဒီဇင်ဘာ ၂၀၂၅)

စစ်ကော်မရှင်ရဲ့ ရက္ခိုင်ပြည်၊ မြောက်ဦးဆေးရုံကို ဗုံးကြဲတိုက်ခိုက်မှုအပေါ် လူမျိုးတုံး သတ်ဖြတ်မှုအဖြစ် ရှုတ်ချကြောင်း မြောက်ဦးလူငယ်များအစည်းအရုံးကဒီဇင်ဘာ ၁၁ ရက်နေ့မှာ ထုတ်ပြန်ခဲ့ပါတယ်။

လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်တာကြောင့် ဆေးရုံရှိ ကျန်းမာရေးဝန်ထမ်းတွေနဲ့ ဆေးကုသနေတဲ့လူတွေ အပါအဝင် စုစုပေါင်း ၃၃ ဦး သေဆုံးခဲ့ပြီး ၇၆ ဦး ထိခိုက် ဒဏ်ရာ ရရှိခဲ့ပါတယ်။

သေဆုံးသူတွေထဲမှာ မြောက်ဦးလူငယ်များအစည်းအရုံး (MUYA) က စေတနာ့ဝန်ထမ်း လေးဦးလည်း ပါဝင်တယ်လို့ အစည်းအရုံးရဲ့ ဒုဥက္ကဌဖြစ်တဲ့ ကိုအောင်စိုးက အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။

“ အကြမ်းဖက် အာဏာသိမ်း မြန်မာစစ်တပ်ဟာ နေ့စဉ်ရက်ဆက် ရည်ရွယ်ချက်ရှိရှိ အပြစ်မရှိတဲ့ ပြည်သူတွေကို ရက်စက်ယုတ်မာတဲ့ နည်းလမ်းမျိုးစုံနဲ့ လူမဆန်စွာ သတ်ဖြတ်နေမှုများကို လူမျိုးတုံး သတ်ဖြတ်မှုအဖြစ် သတ်မှတ်ပြီး မြောက်ဦးလူငယ်များအစည်းအရုံးအနေဖြင့် ပြင်းပြင်းထန်ထန် ကန့်ကွက် ရှုတ်ချပါတယ်” လို့ ထုတ်ပြန်ချက်မှာ ဆိုထားပါတယ်။

နိုင်ငံတကာအဖွဲ့အစည်းများအနေနဲ့လည်း အရပ်သားပြည်သူများရဲ့တရားမျှတမှု ရရှိနိုင်ဖို့အတွက် အကြမ်းဖက် အာဏာသိမ်း မြန်မာစစ်တပ်ရဲ့ လူမဆန်စွာ လူမျိုးတုံး သတ်ဖြတ်နေများကို အရေးယူပေးရန် မြောက်ဦးလူငယ်များအစည်းအရုံးက တောင်းဆိုထားပါတယ်။

Related posts

ကုလားပြင်တံတားကို စစ်ကောင်စီမှ မိုင်းခွဲဖျက်ဆီး၊ ဂွမြို့ဖက် တပ်ဆုတ်သွား

Rakhita Times

ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ်အကျယ်ချုပ်ပြောင်း

Rakhita Times

တောင်ကုတ်ကို စစ်ကောင်စီ ဗုံးကြဲ၊ စစ်ရှောင် ၂ ဦးသေ၊ ၂၀ ခန့် ဒဏ်ရာရ

Rakhita Times

1 comment

hghjfjdoss_sbkr ဧပြီ 17, 2026 at 5:39 ညနေ

Discover the amazing features of hghjfjdossa and elevate your experience today.
Such progress has widened research horizons significantly.

Reply

Leave a Comment