NewsPolitic

MUYA စေတနာ့ ဝန်ထမ်းလေးဦး သေဆုံးမှုအတွက် PYA ဝမ်းနည်းကြောင်း သဝဏ်လွှာပေးပို့

အာရက္ခတိုင်းမ်စ် (၁၂ ဒီဇင်ဘာ ၂၀၂၅)

ရက္ခိုင်ပြည် မြောက်ဦးဆေးရုံ ဗုံးကြဲမှုဖြစ်စဉ်အတွင်း သေဆုံးခဲ့တဲ့ မြောက်ဦးလူငယ်များအစည်းအရုံး (MUYA) က စေတနာ့ ဝန်ထမ်းလေးဦး သေဆုံးမှုအတွက် ပုဏ္ဏားကျွန်းလူငယ်များအစည်းအရုံး (PYA) က ဒီကနေ့မှာ ဝမ်းနည်းကြောင်း သဝဏ်လွှာ ပေးပိုခဲ့ပါတယ်။

“ MUYA ဟာ မြောက်ဦးလူငယ်ထုနဲ့ ရက္ခိုင်ပြည်သူလူထုအတွက် ကြိုးစားပေးဆပ် ကူညီတဲ့ စံပြအဖွဲ့ဖြစ်ပြီး လူငယ်တွေ အချိန်မတန်ပဲ သေဆုံးတဲ့အတွက် သူတို့ရဲ့ မိသားစု၊ မိခင်အဖွဲအစည်းဖြစ်တဲ့ မြောက်ဦးလူငယ်အစည်းအရုံးနဲ့အတူ ပုဏ္ဏားကျွန်းလူငယ်များအစည်းအရုံး က ဝမ်းနည်းကြောင်း သဝဏ်လွှာပေးပို့အပ်ပါတယ်” လို့ သဝဏ်လွှာမှာ ရေးသားထားပါတယ်။

ရက္ခိုင်လူငယ်စေတနာ့ဝန်ထမ်းတွေ သေဆုံးမှုအပေါ် ယူကြုံးမရ ဝမ်းနည်းမိပြီး အကြမ်းဖက် စစ်ကော်မရှင်ရဲ့ လုပ်ရပ်ကြောင့် သေဆုံးရတဲ့အတွက် နှမြောမိကြောင်းကိုလည်း ပုဏ္ဏားကျွန်းလူငယ်များအစည်းအရုံး (PYA) က သဝဏ်လွှာမှာ ထည့်သွင်း ပြောကြားထားပါတယ်။

Related posts

ရက္ခိုင်တွင် ကျောင်းပညာရေးအတွက် စပါးပေးပြီး သင်ယူနေမှုရှိ

Rakhita Times

စစ်ကောင်စီက နိုင်ငံတကာ ပုဂ္ဂိုလ်တွေပါ ဖိတ်ပြီး ငြိမ်းချမ်းရေးဆွေးနွေးပွဲ ကျင်းပမယ်

Rakhita Times

Breaking News

Rakhita Times

1 comment

v88 club ဒီဇင်ဘာ 25, 2025 at 11:49 မနက်

V88 club, fala a verdade, quem não gosta de um lugar VIP? Esse clube tem tudo pra te fazer sentir o sheik! Joguei e aprovei! Conheça o v88 club.

Reply

Leave a Comment