NewsPolitic

မြောက်ဦးဆေးရုံ ဗုံးကြဲမှုဖြစ်စဉ်မှ လူသက်သေ၊ ပစ္စည်းသက်သေများ မျှဝေပေးရန် IIMM တောင်းခံ

အာရက္ခတိုင်းမ်စ်(၁၃ ဒီဇင်ဘာ ၂၀၂၅)

ရက္ခိုင်ပြည်၊ မြောက်ဦးဆေးရုံ ဗုံးကြဲမှုဖြစ်စဉ်မှ လူသက်သေ၊ ပစ္စည်းသက်သေများကို မျှဝေပေးရန် မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သော စုံစမ်းစစ်ဆေးမှုယန္တရား (IIMM) က တောင်းခံထားပါတယ်။

လူနာ ၃၀၀ အပြည့်ရှိတဲ့ မြောက်ဦးဆေးရုံကို လေကြောင်းကနေ တိုက်ခိုက်ခဲ့တဲ့ဖြစ်ရပ်ကို ကိုယ်တွေ့ ရင်ဆိုင်ခဲ့ရတဲ့ အသက်ရှင်ကျန်ရစ်သူများ၊ လူနာများ၊ လူနာစောင့်များ၊ ကျန်းမာရေးဝန်ထမ်းများ၊ အခြားသက်သေများ သို့မဟုတ် အဖွဲ့အစည်းတွေထံက အချက်အလက်တွေကို တောင်းခံလိုတယ်လို့ ဆိုပါတယ်။

မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သော စုံစမ်းစစ်ဆေးမှုယန္တရား (IIMM သို့မဟုတ် ယန္တရား) ကို ၂၀၁၁ ခုနှစ် နောက်ပိုင်း မြန်မာနိုင်ငံတွင် ကျုးလွန်တဲ့ အကြီးလေးဆုံးသော နိုင်ငံတကာရာဇဝတ်မှုနဲ့ တခြားသော နိုင်ငံတကာ ဥပဒေများ ချိုးဖောက်ခြင်းများအတွက် အထောက်အထားများ စုဆောင်းရန်နဲ့ စိစစ်သုံးသပ်ရန်အတွက် ၂၀၁၈ ခုနှစ်တွင် ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီက ဖွဲစည်းခဲ့ပါတယ်။

နိုင်ငံတွင်း၊ ဒေသတွင်းနဲ့ နိုင်ငံတကာ တရားရုံးများတွင် လူပုဂ္ဂိုလ်များကို တရားစွဲဆိုရာတွင် အသုံးပြုနိုင်မယ့် အထောက်အထားများကို ထိန်းသိမ်းစုစည်းကာ အမှုနဲ့သက်ဆိုင်သော ဖိုင်တွဲများကို ပြင်ဆင်ခြင်းဖြင့် တရားမျှတမှုနဲ့ တာဝန်ခံမှုများ ဖြစ်ထွန်းလာရေး ကူညီရန် ရည်ရွယ်‌တယ်လို့ သိရပါတယ်။

“ သေဆုံးသူများနဲ့ ဒဏ်ရာရသူများစာရင်း၊ သက်ဆိုင်ရာ ဓါတ်ပုံနဲ့ ဗီဒီယိုမှတ်တမ်းများ အပါအဝင် ထိခိုက်ခံရသူများရဲ့ အချက်အလက်များ အပျက်အစီးများကို ပြနိုင်တဲ့ ဓါတ်ပုံ၊ ဗီဒီယို၊ ဒရုန်းရိုက်ချက်များနဲ့ အခြားမှတ်တမ်းမှတ်ရာများ အပါအဝင် ဆေးရုံနဲ့ အနီးတဝိုက်ရှိ အဆောက်အအုံများရဲ့ အချက်အလက်များ မည်သည့် လေတပ်စခန်းက စေလွှတ်လိုက်တယ်ဆိုတဲ့ အချက်အလက်အပါအဝင် အဆိုပါ တိုက်ခိုက်မှုတွင် အသုံးပြုခဲ့တဲ့ လေယာဥ်နဲ့ ဆက်စပ်တဲ့ အချက်အလက်များ၊ လက်နက်အပိုင်းအစများ ပါဝင်တဲ့ ဓါတ်ပုံ၊ ဗီဒီယိုများ အပါအဝင် တိုက်ခိုက်မှုတွင် အသုံးပြုတဲ့ လက်နက်များအကြောင်း အချက်အလက်များ၊ လေယာဥ်ဆီ တင်သွင်းမှုဆိုင်ရာ အချက်အလက်များ အပါအဝင် အဆိုပါ တိုက်ခိုက်မှု ဖြစ်မြောက်စေရန် ငွေကြေးနဲ့ အခြားပံ့ပိုးမှုများ၊ လေယာဥ်မှူးများနဲ့ အခြားအမိန့်ပေးတဲ့ ပုဂ္ဂိုလ်များအပါအဝင် အဆိုပါ တိုက်ခိုက်မှုတွင် တိုက်ရိုက် ပါဝင်သူများအကြောင်း၊ တိုက်ခိုက်မှု မစခင် ထိုနေရာမှ စွန့်ခွာရန် သတိပေးမှုများ ရှိ၊ မရှိ စတဲ့ အချက်အလက်များ မျှဝေပေးရန် တောင်းခံလိုက်တယ်” လို့ IIMM က ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

မည်သူမဆို သက်ဆိုင်ရာ အချက်အလက်များ လက်ဝယ်ရှိပါက ယန္တရားရဲ့ Signal နံပါတ် +41 76 691 12 08 သို့ စာများ အလိုလျောက် ပျောက်ကွယ်တဲ့စနစ် (disappearing message) ကို အသုံးပြုကာ ဆက်သွယ်ရန်၊ အီးမေးဖြင့် ဆက်သွယ်လိုပါက ယန္တရားရဲ့ Proton Mail လိပ်စာ contact@myanmar-mechanism.org. ကို ပေးပို့နိုင်ပြီး အဆိုပါ လိပ်စာကို အီးမေးပို့လိုပါက Proton Mail အချင်းချင်း ပေးပို့မှသာ လုံခြုံမှာဖြစ်ပြီး Proton Mail လိပ်စာကို အခမဲ့ ဖွင့်နိုင်ကြောင်း သိရပါတယ်။

မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သော စုံစမ်းစစ်ဆေးမှုယန္တရား (IIMM) ဟာ လူပုဂ္ဂိုလ်များရဲ့ လုံခြုံရေးကို အလေးထားပြီး မျှဝေလိုက်တဲ့ အချက်အလက်များ၊ ကိုယ်ရေးအချက်အလက်များကို အထူးလျှို့ဝှက်စွာ ထားရှိပြီး ယန္တရားထံ ဆက်သွယ်ရာတွင်လည်း လုံခြုံစိတ်ချရတဲ့ အချိန်မှသာ ဆက်သွယ်ရန် ထုတ်ပြန်ချက်မှာ တိုက်တွန်းထားပါတယ်။

Related posts

ကျောက်ဖြူမြို့တွင် RNP ရုံးချုပ် ဖွင့်လှစ်

Rakhita Times

စစ်တွေမှာ တိုက်ပွဲဖြစ်မှာကို ဒေသခံတွေ စိုးရိမ်

Rakhita Times

နပခဌာနချုပ် နဲ့ ရှစ်မိုင်ကျော်အကွာက မဲတောင်ဗျူဟာကုန်းကို AA သိမ်းပိုက်

Rakhita Times

1 comment

rent yacht montenegro 346 မေ 5, 2026 at 7:21 ညနေ

Montenegro yacht rental yacht rental Montenegro

Reply

Leave a Comment