NewsPolitic

ပေါက်တောမြို့နယ်က ရေလုပ်သားမွတ်ဆလင် ၂၈ ဦးကို စကမ ဖမ်းဆီး

အာရက္ခတိုင်းစ်မ် (၂၄ ဒီဇင်ဘာ ၂၀၂၅)

အကြမ်းဖက် စစ်ကော်မရှင်တပ်က ပေါက်တောမြို့နယ်မှ ရေလုပ်သားမွတ်ဆလင် ၂၈ ယောက်ကို ဒီဇင်ဘာ ၂၂ ရက်နေ့ ဖမ်းဆီးသွားခဲ့ပါတယ်။

မတရားဖမ်းဆီးခံလိုက်ရတဲ့သူတွေကတော့ ပေါက်တောမြို့နယ်၊ ဆင်တက်မော် (မွတ်ဆလင်) ကျေးရွာမှ နော်ဇီရာမာန် (၃၀ နှစ်)၊ ကာသိမ်း (၅၀ နှစ်)၊ အာယူပ် (၅၀ နှစ်)၊ နာသိရ် (၄၅ နှစ်)၊ အာဒူရော်သော်တ် (၄၀ နှစ်)၊ မာမာတ်အာန်သာရ် (၂၂ နှစ်)၊ လာလူး (၁၈ နှစ်)၊ မာတ်နူရ် (၂၅ နှစ်)၊ ဟဘဲရ် (၂၀ နှစ်)၊ ဘုတ်ပိုင်သျှင် မာတ်သော့ယော်တ် (၃၅ နှစ်)၊ ရော်ဖီ (၅၀ နှစ်)၊ အာဒူလောက် (၅၀ နှစ်)၊ အာမာနူလာ (၁၇ နှစ်)၊ ဒေါ့လာ (၃၀ နှစ်)၊ မူဟီဒိန် (၂၇ နှစ်)၊ မာသူန် (၃၈ နှစ်)၊ နူရာမိန် (၃၀ နှစ်)၊ အာဒူဟဘဲတ် (၁၇ နှစ်)၊ ဘုတ်ပိုင်သျှင် ဟရုံး (၂၈ နှစ်)၊ အူပါန် (၂၃ နှစ်)၊ ဘာကဲရ် (၂၇ နှစ်)၊ ယေမာမာတ် (၂၁ နှစ်)၊ ရော်ဘီ (၂၅ နှစ်)၊ အာဒူကော်ရိမ် (၃၃ နှစ်)၊ ချူးကူ (၃၇ နှစ်)၊ မာသောင် (၃၀ နှစ်)၊ အာဘူကာလာမ် (၁၆ နှစ်)၊ နူရော်လောက် (၃၀ နှစ်) တို့ ဖြစ်ကြပါတယ်။

သူတို့ဟာ ဒီဇင်ဘာ ၂၂ ရက်၊ နေ့လယ် ၂ နာရီခွဲခန့် အချိန်မှာ ငါးဖမ်းဘုတ် ၃ စီးနဲ့အတူ ပေါက်တောနယ်အစပ် ပင်လယ်ပြင်မှာ ငါးဖမ်းနေစဥ် ကျောက်ဖြူဖက်မှလာတဲ့ စစ်ကော်မရှင်တပ် နေဗီ ၂ စီးရဲ့ဖမ်းဆီးတာကို ခံခဲ့ရတာ ဖြစ်ပါတယ်။

ငါးဖမ်းဘုတ် ၃ စီးနဲ့အတူ မွတ်ဆလင် ရေလုပ်သား ၂၈ ဦးကို အကြမ်းဖက်တပ် နေဗီက ကျောက်ဖြူဖက်သို့ ဖမ်းခေါ်သွားခဲ့တယ်လို့ သိရပါတယ်။

Related posts

စစ်တွေနဲ့ နီးတဲ့ ပုဏ္ဏားကျွန်းက ရွာသားတွေ နေရပ်စွန့်ခွာ

Rakhita Times

သံတွဲကို စစ်ကောင်စီဗုံးကြဲလို့ ဒဏ်ရာရှိသူထဲက ၁ ဦး ထပ်မံ သေဆုံး

Rakhita Times

မြောက်ဦးဆေးရုံဗုံးကြဲမှုဟာ စစ်ရာဇဝတ်မှုဖြစ်တာကြောင့် ဆက်လက်တိုက်ပွဲဝင်ရန် မင်းကိုနိုင်အပါအဝင် လူပုဂ္ဂိုလ်အဖွဲ့အစည်း ၄၄ ဖွဲ့ သန္နိဌာန်ပြု

Rakhita Times

2 comments

jackpot777br ဒီဇင်ဘာ 25, 2025 at 11:34 မနက်

Alright, who’s chasing the big one? Jackpot777br seems promising enough. The name alone gets you pumped, doesn’t it? I’ve put a few quid in, haven’t hit the jackpot YET, but there’s always tomorrow! See if you have better luck at jackpot777br.

Reply
askbrainy-479 ဒီဇင်ဘာ 26, 2025 at 6:41 ညနေ

Experience Brainy https://askbrainy.com the free & open-source AI assistant. Get real-time web search, deep research, and voice message support directly on Telegram and the web. No subscriptions, just powerful answers.

Reply

Leave a Comment