NewsPolitic

ကျောက်ထု အမြောက်တပ်ကို စစ်အင်အား ၁၅၀၀ ရောက်ရှိ

အာရက္ခတိုင်းမ်စ် (၂၇ မေ ၂၀၂၆)

ရက္ခိုင်ပြည်ရဲ့ ဝင်ပေါက် ထွက်ပေါက်တခုဖြစ်တဲ့ မကွေးတိုင်း ဂန့်ဂေါ်ခရိုင် ဆောမြို့နယ်က ကျောက်ထုမြို့ အမြောက်တပ် ၃၆၈ တပ်ကို စစ်ကော်မရှင်ရဲ့ တပ်အင်အား ၁၅၀၀ ခန့်ဟာ မေလ ၂၆ ရက်က ရောက်ရှိနေပြီလို့ သိရပါတယ်။

အဆိုပါ စစ်အင်အား ၁၅၀၀ ပါတဲ့ စစ်ကြောင်းဟာ ကပစ ၂၄ ကနေ ထွက်ခွာလာတာဖြစ်ပြီး စစ်ကား အစီးရေ ၃၀ ကျော်လည်း ပါဝင်တယ်လို့ သိရပါတယ်။

လက်ရှိမှာတော့ စစ်ကော်မရှင် တပ်သားတွေဟာ ကျောက်ထုဘုရားကုန်း၊ စိုက်ပျိုးရေးရုံး၊ ကျောက်ထုဘဏ်နဲ့ ဂုံဘိုရပ်ကွက်ရှိ ရေသန့်စက်အနီးတွင် အင်အားခွဲပြီး စခန်းချထားတယ်လို့လည်း သိရပါတယ်။

ဒါ့အပြင် ငလွန်းကျေးရွာကိုလည်း စစ်အင်အား ၆၀ ဝန်းကျင် ပါဝင်တဲ့ စစ်ကော်မရှင်တပ်ဖွဲ့တခု ဝင်ရောက်စခန်းချထားပြီး ငလွန်းကျေးရွာနဲ့ တောခလွန်ကျေးရွာအနီးတွင် ကင်းပုန်းချခြင်း၊ ကင်းလှည့်ခြင်းများ လုပ်ဆောင်နေတယ်လို့ ဒေသခံတွေက ဆိုပါတယ်။

စစ်ကော်မရှင်ရဲ့ စစ်အင်အား များစွာရောက်ရှိနေလို့ ယောအလင်းတန်းကလည်း ဒေသခံပြည်သူတွေကို ကျောက်ထုမြို့ပေါ်ဘက်ကို အနီးအနား ကျေးရွာများက ပြည်သူများ လာရောက်ခြင်း မပြုကြရန်နဲ့ မလိုအပ်ဘဲ သွားလာမှုများကို မလုပ်ကြပဲ လျှော့ချထားသင့်တယ်လို့ အရေးပေါ် သတိပေးချက် ထုတ်ပြန်ထားပါတယ်။

ဆက်ပြီးတော့ လက်ရှိအခြေအနေအရ “ကျောက်ထု – ပေါက်” လမ်းကြောတလျှောက်တွင် စစ်ကောင်စီတပ်သားများ ကျန်ရှိနေနိုင်သေးတဲ့အပြင် မိုင်းအန္တရာယ်များလည်း ရှိနေနိုင်လို့ ပြည်သူများအနေနဲ့ လုံးဝ အသွားအလာ မပြုကြတာ အကောင်းဆုံးဖြစ်ပြီး ဒေသခံတပ်ရင်း၊ တပ်ဖွဲ့များရဲ့ တရားဝင် ထုတ်ပြန်ချက်များ ထွက်ပေါ်လာပြီးမှသာ သွားလာကြရန် လိုအပ်ပါတယ်လို့ ဆိုထားပါတယ်။

ဒါ့အပြင် အဆိုပါ စစ်ကြောင်းဟာ အင်အား အလွန်များပြားတာကြောင့် ကျောက်ထုမြို့နဲ့ အနီးအနား ကျေးရွာတွေကို ဝင်ရောက်စီးနင်းမှုများ၊ ဖမ်းဆီးစစ်ဆေးမှုများ ပြုလုပ်လာနိုင်လို့ ဒေသခံပြည်သူများအနေနဲ့ ဘေးကင်းလုံခြုံရေး အစီအမံများ ကြိုတင်ပြင်ဆင်ထားကြရန်၊ အန္တရာယ်ကင်းမယ့် နေရာတွေကို အချိန်မီ ရွှေ့ပြောင်းနိုင်ရန် စီစဉ်ထားကြဖို့လည်း တိုက်တွန်းထားပါတယ်။

Related posts

ဧရာဝတီတိုင်းမှာ တောင်သူများ လယ်တွေကိုပေါင်ပြီး ကွမ်းသီးနု ရောင်းဝယ်နေ

Rakhita Times

ကွက်လပ်များကိုဖြည့်စွက်ရန် လမ်းစသစ်များကို မြင်လာခြင်းနဲ့ အတူပူးပေါင်းလုပ်ဆောင်ရန် လိုအပ်ခြင်း (ပထမပိုင်း)

Rakhita Times

စစ်သင်္ဘောကနေ တောင်ကုတ်ကို လက်နက်ကြီးနဲ့ လှမ်းပစ်၊ AA က ပြန်ပစ်လို့ ရေလယ်ကို ထွက်ပြေး

Rakhita Times

Leave a Comment