NewsPolitic

မြောက်ဦး ဗုံးဒဏ်သင့်ပြည်သူတွေအတွက် ANDP-Japan အလှူငွေကောက်ခံ

အာရက္ခတိုင်းမ်စ် (၁၃ ဇန်နဝါရီ ၂၀၂၆)

ရက္ခိုင်ပြည်၊ မြောက်ဦးဆေးရုံဖြစ်စဉ်ရဲ့ ဗုံးဒဏ်သင့်ပြည်သူတွေအတွက် အလှူငွေ ကောက်ခံပေးခဲ့တာ ဖြစ်တယ်လို့ ANDP ရဲ့ အကြံပေး ကိုဘုန်းမြင့်က အာရက္ခတိုင်းမ်စ်ကို ဆိုပါတယ်။

ရခိုင်အမျိုးသားဒီမိုကရက်တစ်ပါတီ (ANDP- Japan) ဟာ ရက္ခိုင်ပြည်က စစ်ရှောင်တွေကို ကူညီဖို့အတွက် အလှူငွေ ကောက်ခံမှုတွေကို မကြာခဏ ပြုလုပ်ကာ လှူဒါန်းပေးနေတဲ့ အဖွဲ့လည်း ဖြစ်ပါတယ်။

မြောက်ဦးဗုံးဒဏ်သင့် ပြည်သူ‌တွေအတွက် အလှူငွေ ကောက်ခံမှုကိုတော့ ဇန်နဝါရီ ၁၁ ရက်၊ နေ့လည် ၁ နာရီကနေ ညနေ ၄နာရီအထိ ဂျပန်နိုင်ငံ တိုကျိုမြို့ရှိ Otsuka station မှာ ပြုလုပ်ခဲ့တာ ဖြစ်ပြီး အလှူငွေ ¥190291 (ဆယ့်ကိုးသောင်းနှစ်ရာ့ကိုးဆယ်တစ်ယန်းတိတိ) ကို ရရှိခဲ့တယ်လို့ သိရပါတယ်။

“ စကစ ရဲ့ဗုံးကြဲမှုကြောင့် အပြစ်မဲ့ပြည်သူများ၊ သေဆုံးခဲ့တဲ့ မိသားစုများ ၊ဒဏ်ရာရ ပြည်သူများကို ကူညီနိုင်ရန်အတွက် အလှူငွေ ကောက်ခံမှု အစီအစဉ်ကို လုပ်ဖြစ်ပါတယ်။ ရက္ခိုင်ပြည် စစ်ရှောင်ပြည်သူများအတွက် အလှူငွေ ကောက်ခံမှု အစီအစဉ်တွေကို အရင်ကလည်း အများကြီး ကောက်ခံပြီး လှူဒါန်း ဖြစ်ပါတယ်။ မြောက်ဦးအတွက်တော့ ဆက်လက်ပြီး အလှူကောက်ခံဖို့တော့ ဆွေးနွေးထားတာ ရှိပါတယ်။ အလှူငွေ ကောက်ခံမှု အစီအစဉ်မှာ ဂျပန်လူမျိုးတွေအပါအဝင် တခြားတော်လှန်ရေး အဖွဲ့အစည်းတွေလည်း လာရောက် ကူညီကြတာမျိုး ရှိပါတယ်” လို့ ကိုဘုန်းမြင့်က ဆိုပါတယ်။

ဒီလို အလှူငွေ ကောက်ခံတဲ့နေရာမှာ ပြည်ပမှာ ဖြစ်ပေမယ့် ကြိုတင် ခွင့်ပြုချက် ယူပြီးမှ ကောက်ခံတာ ဖြစ်တဲ့အတွက် အခက်အခဲ တစုံတရာ မရှိဘူးလို့လည်း သိရပါတယ်။

“ ပြည်ပမှာ အလှူငွေ ကောက်ခံမှုအတွက်ကတော့ အခက်အခဲ မရှိဘူးလို့ ပြောလို့ ရပါတယ်။ သက်ဆိုင်ရာ နယ်မြေရဲတွေဆီက ကြိုတင် ခွင့်ပြုချက် ယူပြီး လုပ်ဆောင်ကြရပါတယ်။ စည်းကမ်းတကျ အလှူငွေ ကောက်ခံကြတာ ဖြစ်တဲ့အတွက် အခက်အခဲ သိပ်မရှိပါဘူး။ ခွင့်ပြုချက် ရအောင်တော့ ကြိုတင် ယူကြရပါတယ်။ လူသားချင်း စာနာကူညီလှူဒါန်းမူအတွက် ဆောင်ရွက်ကြတာ ဖြစ်တဲ့အတွက် ဂျပန်နိုင်ငံရဲ့ စည်းကမ်းအတိုင်း လိုက်နာဆောင်ရွက်ကြတာ ဖြစ်တဲ့အတွက် ခွင့်ပြုချက် ယူရတာ အဆင်ပြေပါတယ်” လို့ သူက အာရက္ခတိုင်းမ်စ်ကို ဆက်ပြောပါတယ်။

မြောက်ဦးဆေးရုံအပြင် အာရက္ခတပ်တော် AA နဲ့ စစ်ကော်မရှင်တို့အကြား တိုက်ပွဲပြင်းထန်နေတဲ့ ကျောက်ဖြူမြို့က စစ်ရှောင်တွေအတွက်လည်း ကျပ် သိန်းတရာကျော် လှူဒါန်းပြီးဖြစ်သလို ထပ်မံ လှူဒါန်းလိုသူ‌တွေအနေနဲ့ ANDP-Page မှာ လှူဒါန်းနိုင်တယ်လို့ ဆိုပါတယ်။

ရခိုင်အမျိုးသားဒီမိုကရက်တစ်ပါတီ (ANDP- Japan) အနေနဲ့ ရက္ခိုင်ပြည်သူများရဲ့အခက်အခဲဟာ ပြည်ပရောက်နေသူများ အားလုံးရဲ့အခက်အခဲလို လက်ခံထားပြီး ပြည်တွင်းမှာ ရှိနေတဲ့ ရက္ခိုင်ပြည်သူများနဲ့အတူ တသားတည်း ရှိနေကြောင်း၊ ပြည်သူတွေ လိုလားတဲ့ ကိုယ့်ကံကြမ္မာကို ကိုယ်ပိုင် လွတ်လပ်စွာ ဖန်တီးခွင့် မကြာခင် ပိုင်ဆိုင်ရတော့မှာ ဖြစ်တဲ့အတွက် အားတင်းထားကြဖို့ကိုလည်း အကြံပေး ကိုဘုန်းမြင့်က တိုက်တွန်းပြောဆိုခဲ့ပါတယ်။

Related posts

မြစ်သားမြို့ကို ဗဟိုပြုပြီး အင်အား ၅ ဒသမ ၂ နဲ့ လှုပ်ခတ်

Rakhita Times

စစ်တွေမှာ စက်သုံးဆီ ၁၂၀၀၀ ကျပ် ဝန်းကျင်မှာသာရှိ

Rakhita Times

စစ်တွေမှာ အကြမ်းဖက်စစ်တပ်ရဲ့ Mytel ကဒ်တွေ ဖုန်းလိုင်းပြန်ရ

Rakhita Times

11 comments

crookcongo8.werite.net ဧပြီ 14, 2026 at 9:33 မနက် Reply
https://zenwriting.net/ ဧပြီ 15, 2026 at 6:40 ညနေ

References:

Is neosurf accepted at rocketplay

References:
https://hack.allmende.io/s/zB5AWmdCrr

Reply
postheaven.net ဧပြီ 15, 2026 at 8:00 ညနေ

References:

Rocketplay online casino neosurf

References:
https://notes.medien.rwth-aachen.de/-6RgRlPJSfWgg00jDfUVrg/

Reply
https://pads.zapf.in/ ဧပြီ 16, 2026 at 3:23 မနက်

References:

High limit roulette

References:
https://500px.com/p/vellingbsgboisen

Reply
mmcon.sakura.ne.jp ဧပြီ 16, 2026 at 10:33 မနက်

References:

Countries where steroids are legal

References:
https://posteezy.com/sustanon-achat-guide-complet

Reply
www.safetypoint.co.il ဧပြီ 16, 2026 at 10:31 ညနေ Reply
https://gitea.jsjymgroup.com မေ 7, 2026 at 12:25 မနက်

References:

Casino cleveland

References:
https://gitea.jsjymgroup.com

Reply
2workinoz.com.au မေ 7, 2026 at 1:09 မနက်

References:

Ameristar casino st charles

References:
2workinoz.com.au

Reply
angdesh.com မေ 7, 2026 at 2:21 မနက်

References:

Online casino roulette

References:
angdesh.com

Reply
jandlfabricating.com မေ 7, 2026 at 6:54 မနက်

References:

Peppermill casino reno nv

References:
jandlfabricating.com

Reply

Leave a Comment