NewsPolitic

ဂွမြို့ကို နေဗီကနေ လက်နက်ကြီးနဲ့ ၇ ကြိမ်ထပ်မနည်း ပစ်ခတ်

အာရက္ခတိုင်းမ်စ် (၂၅ ဇန်နဝါရီ ၂၀၂၆)

ရက္ခိုင်ပြည် ဂွမြို့ကို ဦးတည်ပြီး စစ်ကော်မရှင်ရဲ့ နေဗီကနေ ဇန်နဝါရီလ ၂၄ ရက် ည ၉ နာရီကျော်အချိန်တွင် လက်နက်ကြီးနဲ့ အကြိမ်ရေ ၇ ကြိမ်ထပ်မနည်း ပစ်ခတ်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

“ နေဗီကနေ ည ၉ နာရီကျော်လောက်မှာ ၇ ကြိမ်တိတိကို လက်နက်ကြီးနဲ့ ပစ်တယ်။ တောတောင်တွေဖက်ကို ကျပြီး ပေါက်ကွဲလို့ လူတွေ ထိခိုက်ဒဏ်ရာ ရရှိတာတော့ မရှိကြပေမယ့် ကမ်းနားနဲ့ နီးတဲ့ နေရာတွေက သူတွေကတော့ နေရာပြောင်းရွှေ့ပြီး နေနေရတယ်” လို့ ဂွမြို့နယ်ဒေသခံတဦးက အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။

၂၀၂၅ ခုနှစ် ဒီဇင်ဘာလကလည်း စစ်ကော်မရှင်ရဲ့ နေဗီကနေ နေ့စဉ်ရက်ဆက်ဆိုသလို ဂွမြို့ကို လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့ပါတယ်။

“ ပြီးခဲ့တဲ့လက ၁၁ ရက်နေ့ကဆိုရင်လည်း အချက် ၃၀ လောက်ကို တခါတည်း ပစ်တာ၊ အဲတော့ မနေရဲလို့ တိမ်းရှောင်နေလိုက်၊ နည်းနည်း ငြိမ်သွားတော့ ကိုယ်ရွာပြန်လာလိုက်၊ ခုတခါ ထပ်ပစ်တော့ ထပ်ပြေးကြရပြန်ပြီ” လို့ သူက ထပ်မံ ပြောပါတယ်။

အလားတူ ၂၀၂၅ ခုနှစ် နိုဝင်ဘာလကလည်း စစ်ကော်မရှင်ရဲ့ နေဗီ ၃ စီးကနေ တခါပစ်လျင် အနည်းဆုံး ၅ ကြိမ် နဲ့ ၁၅ ကြိမ်ကြား ပစ်ခတ်ခဲ့ပါတယ်။

Related posts

တောင်ကုတ်တွင် စစ်ကျန်ဗုံးကြောင့် ကလေး တစ်ဦး သေဆုံး

Rakhita Times

မြောက်ဦးကို ညအချိန် စစ်ကော်မရှင် ဗုံးကြဲလို့ ပြည်သူ ၁၁ ဦးသေ၊ ၂၁ ဦး ဒဏ်ရာရ(Breaking News)

Rakhita Times

မြောက်ဦးဆေးရုံဖြစ်စဉ်တွင် ပုဏ္ဏားကျွန်း၊ ပေါက်တော၊ မင်းပြား၊ ကျောက်တော်မှ ဒေသခံများ သေဆုံးခဲ့

Rakhita Times

1 comment

adsintro.com ဧပြီ 13, 2026 at 4:57 ညနေ

References:

Do legal anabolic steroids work

References:
https://etuitionking.net/forums/users/dustdebt99/

Reply

Leave a Comment