NewsPolitic

ပလက်ဝက စစ်သုံ့ပန်း နဲ့ အကျဉ်းသား ၃၀ ဦးကို AA ပြန်လွှတ်ပေး

အာရက္ခတိုင်းမ်စ် (၅ မတ် ၂၀၂၆)

အာရက္ခတပ်တော် ထိန်းချုပ်ထားတဲ့ ချင်းပြည်နယ်၊ ပလက်ဝခရိုင်အတွင်းက စစ်သား၊ ရဲနဲ့ အရပ်ဘက် အကျဉ်းသားအပါအဝင် ၃၀ ဦးကို အာရက္ခတပ်တော်က မတ်လ ၄ ရက် မနက်ပိုင်းမှာ ပြန်လွှတ်ပေးခဲ့တယ်လို့ သိရပါတယ်။

ပြန်လွှတ်ပေးတဲ့သူတွေထဲမှာ စစ်သား ၁၆ ဦး၊ ရဲတပ်သား ၁ ဦး၊ စစ်သုံးပန်းတွေရဲ့ မိသားစုဝင် ၅ ဦးနဲ့ အရပ်ဘက်အကျဉ်းသား ၈ ဦး ပါဝင်ပါတယ်။

အဲဒီထဲမှာ ချင်းတိုင်းရင်းသား ခူမီးလူမျိုးတဦး ပါဝင်ပြီး AA အပေါ် ကျေးဇူးတင်ကြောင်း ပြောဆိုထားသလို အာရက္ခတပ်တော်ကလည်း ဒီလိုပြန်လွှတ်ပေးတာဟာ လူ့အခွင့်အရေးကို တန်ဖိုးထားခြင်းနဲ့ လူသားချင်းစာနာ ထောက်ထားမှုတို့ကြောင့် ဖြစ်တယ်လို့ ပြောဆိုထားပါတယ်။

အာရက္ခတပ်တော်ဟာ တကျော့ပြန်တိုက်ပွဲအတွင်း သိမ်းပိုင်းထိန်းချုပ်ထားနိုင်ခဲ့တဲ့ မြို့နယ်တွေမှာ ဖမ်းဆီးရမိတဲ့ စစ်သုံ့ပန်းတွေနဲ့ စစ်သုံ့ပန်းမိသားစုဝင်တွေကို ပြန်လည်လွှတ်ပေးလေ့ရှိနေပြီး မြို့နယ်အသီးသီးမှာ ထိန်းသိမ်းထားတဲ့ စစ်သုံ့ပန်းတွေကို ပြန်လွှတ်ပေးနေတာဆိုရင် လက်ရှိအချိန်ထိ ၂ ထောင်ကျော် ရှိနေပြီ ဖြစ်ပါတယ်။

အဲဒါအပြင် အာရက္ခတပ်တော်ဟာ အကျဉ်းကျနေသူတွေနဲ့ စစ်သုံ့ပန်းတွေကို အကျဉ်းကျနေတဲ့ကာလတလျှောက် ကျန်းမာရေးကအစ အစစအရာရာ ချွတ်ယွင်းချက်မရှိအောင် ဂရုစိုက်ပေးကြတယ်လို့လည်း အကျဉ်းကျပြီး လွတ်လာတဲ့သူတွေက ပြောဆိုကြပါတယ်။

ဒါပေမယ့် တဖက်မှာတော့ စစ်ကော်မရှင်ဟာ စစ်သုံ့ပန်းထားရှိထားတဲ့ နေရာတွေကို လေကြောင်းကနေ ဗုံးကြဲမှုတွေ လုပ်ဆောင်ခဲ့ပြီး စစ်သုံ့ပန်းအများအပြားလည်း သေဆုံးခဲ့ကြပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ်၊ စက်တင်ဘာလမှာ မောင်တောမြို့က စစ်သုံးပန်းထားရှိတဲ့ နယ်ခြားစောင့်တပ်စခန်းကို စစ်ကော်မရှင်က လေကြောင်းကနေ ဗုံးကြဲချခဲ့တာကြောင့် စစ်သုံ့ပန်း ၆၀ ကျော် သေဆုံးခဲ့သလို ပေါက်တောမြို့နယ်ကို ဗုံးကြဲခဲ့တာကြောင့် စစ်သုံးပန်း ၁၇ ဦး သေဆုံး ၁၀ ဦး ထက်မနည်း ထိခိုက်ခဲ့ပါတယ်။

အလားတူ ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလမှာ မြောက်ဦးကို ဗုံးကြဲခဲ့တာကြောင့် စစ်သုံးပန်း ၂၈ ဦး သေဆုံးခဲ့ပြီး ၂၇ ဦး ထိခိုက်ဒဏ်ရာရခဲ့သလို ပြီးခဲ့တဲ့ ၂၀၂၆ ဇန်နဝါရီ ၂၀ ရက်မှာ ကျောက်တော်မြို့နယ်၊ ချောင်းတူစစ်သုံ့ပန်းစခန်းကို ဗုံးကြဲခဲ့တာကြောင့် စစ်သုံ့ပန်း ၂၁ ဦး သေဆုံးပြီး ၃၀ ဦး ထက်မနည်း ထိခိုက်ဒဏ်ရာ ရခဲ့တယ်လို့ သိရပါတယ်။

Photo – We Love Paletwa

Related posts

စစ်အုပ်စုက အရင်အစိုးရတွေလို ဒုက္ခကနေ ကျော်ထွက်နိုင်မယ်မထင်ဘူး

Rakhita Times

မီးနဂါးစစ်ဒေသက ရွှေ့ပြောင်းလုပ်သားတွေကို AA ဆန်ထောက်ပံ့

Rakhita Times

ကျောက်တော်ဗုံးကြဲခံရမှုတွင် ကလေးအပါအဝင် သေဆုံးသူ ၈ ဦးနဲ့ ဒဏ်ရာရရှိသူ ၁၉ ဦးရှိ

Rakhita Times

1 comment

HenryJip စက်တင်ဘာ 8, 2026 at 10:46 မနက်

При острых состояниях важно получить медицинскую помощь без неоправданной задержки. Наркологическая служба определяет подходящий формат обращения исходя из симптомов и степени тяжести. Возможность выезда на дом, время приезда бригады, необходимость стационарного лечения и дальнейшие процедуры уточняются во время звонка.
Ознакомиться с деталями – https://4.narkologicheskaya-klinika-moskva11.ru/

Reply

Leave a Comment