NewsPolitic

အမ်းလေကြောင်းတိုက်ခိုက်မှု စစ်သုံ့ပန်း ၁၀၀ ကျော်နဲ့ အရပ်သား သုံ့ပန်းများ သေဆုံး

အာရက္ခတိုင်းမ်စ် (၁၁ မတ်လ ၂၀၂၆)

အမ်းလေကြောင်းတိုက်ခိုက်မှုမှာ စစ်သုံ့ပန်း ၁၀၀ ကျော်နဲ့ အရပ်သား သုံ့ပန်းများ သေဆုံးခဲ့တယ်လို့ အာရက္ခတပ်တော် AA က ဒီကနေ့မှာ ထုတ်ပြန်ခဲ့ပါတယ်။

ပြီးခဲ့တဲ့ မတ်လ (၈) ရက်၊ နံနက် ၁၁ နာရီ ၂ မိနစ်ကစပြီး မွန်းလွဲ ၂ နာရီ ၂၈ မိနစ် အချိန်ထိ စစ်ကော်မရှင်တပ်ဟာ ဂျက်ဖိုက်တာ (၄) စီး၊ Y-12 (၄) စီးတို့နဲ့ အမ်းမြို့နယ်၊ ဒါးလက်ချောင်းဒေသရှိ စစ်သုံ့ပန်းအကျဉ်းစခန်းကို တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။

လက်ရှိ ကနဦးစာရင်းများအရ စစ်သုံ့ပန်း (၁၁၆) ဦး သေဆုံးခဲ့ပြီး (၃၂) ဦး ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။

“ ပြင်းထန်၊ အလတ်စား၊ အသေးစားဒဏ်ရာရရှိသူ မြောက်မြားစွာ ရှိနေပါသေးတယ်။ အရပ်သားများထဲမှ ပြစ်ဒဏ်ကျခံရသူအချို့လည်း ဒီဖြစ်စဉ်မှာ သေဆုံး၊ ဒဏ်ရာ ရရှိခဲ့ပါတယ်။ စစ်သုံ့ပန်း (စစ်ကော်မရှင်တပ်ဖွဲ့ဝင်များ) အသေအပျောက် အများဆုံး ဖြစ်စဉ်ဖြစ်ပြီး စစ်ဘက်အရာရှိကြီးများစွာလည်း ပွဲချင်းပြီး သေဆုံးခဲ့ကြတယ်” လို့ အာရက္ခတပ်တော်က ဆိုပါတယ်။

စစ်သုံ့ပန်း အလောင်းအချို့မှာ မည်သူမည်ဝါမှန်း စစ်ဆေးရန် ခက်ခဲနေသလို ခန္ဓာအစများ တစမှ မရရှိသော ပျောက်ဆုံးအလောင်းများလည်း ရှိနေသေးကြောင်း အာရက္ခတပ်တော်က ထုတ်ပြန်ခဲ့ပါတယ်။

ဓာတ်ပုံ ပိုမိုကြည့်ရှုလိုပါက t.me/arakhatimes တွင် ကြည့်ရှုနိုင်ပါတယ်။

Related posts

ရက္ခိုင်စစ်ပွဲရပ်ဖို့ ပြောဆိုမှု စစ်ကောင်စီ လက်မခံ၍ ဂျပန်နောက်ဆုတ်သွားဟု ပြော

Rakhita Times

RNP ပါတီတွင် ANP အမတ်ဟောင်းတချို့ ဝင်ရောက်ယှဉ်ပြိုင်မည်

Rakhita Times

သံတွဲ ခမောင်းတုန်းရွာကို စစ်ကောင်စီ ဗုံးကျဲ၊ ဘုန်းတော်ကြီးကျောင်းပျက်စီး၊ ကျောင်းထိုင်ဆရာတော် နဲ့ ကိုရင်တစ်ပါး ဒဏ်ရာရ

Rakhita Times

Leave a Comment