NewsPolitic

ညီနောင်နှစ်ဖွဲ့ အပစ်ရပ် ဆွေးနွေးဖို့ AA တိုက်တွန်း

အာရက္ခတိုင်းမ်စ် (၁၇ မတ် ၂၀၂၆)

ညီနောင်မဟာမိတ် ၃ ဖွဲ့ထဲ့ နှစ်ဖွဲ့ဖြစ်တဲ့ TNLA နဲ့ MNDAA တို့ အပစ်ရပ်ပြီး ဆွေးနွေးဖို့ အာရက္ခတပ်တော်က တိုက်တွန်းခဲ့တယ်လို့ သိရပါတယ်။

“ MNDAA ၊ AA နဲ့ TNLA သည် ညီနောင်မဟာမိတ် သုံးဖော်တွေ ဖြစ်ကြပါတယ်။ ဒီလိုမျိုး နှစ်ဖော်က တိုက်ပွဲတွေ ပြင်းထန်နေတဲ့အလျောက် AA ဘက်ကတော့ အတတ်နိုင်ဆုံး ဗဟိုခေါင်းဆောင်တွေ ညှိနှိုင်းပြီး‌တော့ တွေ့ဆုံဆွေးနွေးရေးကိုပဲ တိုက်တွန်းတာတွေ ရှိပါတယ်” လို့ TNLA ပြောရေးဆိုခွင့်ရှိသူ လွေးယေဦးက People’s Spring ပြောကြားခဲ့ပါတယ်။

ရှမ်းပြည် ကွတ်ခိုင်မြို့တွင် ဖေဖော်ဝါရီလ ၁၃ရက်က နယ်မြေဆိုင်ရာ၊ အုပ်ချုပ်ရေးဆိုင်ရာနဲ့ ပတ်သက်ပြီး ပြဿနာဖြစ်ပွားခဲ့ရာကနေ တလအကြာ မတ်လ ၁၄ ရက်တွင် MNDAA က TNLA ထိန်းချုပ်ထားတဲ့ ကွတ်ခိုင်မြို့ကို ထိုးစစ်ဆင်ခဲ့တာလည်း ဖြစ်ပါတယ်။

မတ်လ ၁၄ ရက် မနက်ပိုင်းကစပြီး ကွတ်ခိုင်မြို့အပါအဝင် မူဆယ်မြို့ (၁၀၅) မိုင်၊ နမ့်ဖတ်ကာ၊ မုံစီးစတဲ့ နေရာ ၅ ခုထက်မနည်းမှာ TNLA ရဲ့ တပ်စခန်းတွေကို ကိုးကန့်တပ်ဘက်က အင်အားထောင်ချီ အသုံးပြုပြီး ထိုးစစ်ဆင် တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။

မတ်လ ၁၆ ရက် ညနေ ၆ နာရီဝန်းကျင်ကစပြီး နှစ်ဖက်တပ်တွေ အပစ်ရပ်ထားပြီး ဒီကနေ့မှာတော့ ညီနောင်မဟာမိတ်တပ်တွေဖြစ်တဲ့ တအာင်းတပ်မတော်- PSLF/TNLA နဲ့ ကိုးကန့်တပ်မတော်- MNDAA အကြား ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေရပ်ဖို့ နှစ်ဖက်ခေါင်းဆောင်တွေ လောက်ကိုင်မြို့မှာ တွေ့ဆုံနေတယ်လို့ PSLF/TNLA ရဲ့ ပြောရေးဆိုခွင့်ရှိသူ လွေးယေဦးက ဆိုပါတယ်။

အာရက္ခတပ်တော် (AA)၊ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) နဲ့ မြန်မာအမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော် (MNDAA) တို့ဟာ ဆယ်စုနှစ် နှစ်ခုနီးပါးလက်တွဲခဲ့ကြတဲ့ စစ်​ရေးမဟာမိတ်​တွေဖြစ်ကြပါတယ်။

Related posts

စစ်တပ်လာစစ်မှာကြောက်လို့ စစ်တွေမှာ အသုဘတွေကို နေ့ခြင်းသင်္ဂြိလ်နေ

Rakhita Times

ရက္ခိုင်ပြည်ကို လေကြောင်းတိုက်ခိုက်မှု ပိုမိုလုပ်နေ

Rakhita Times

စစ်ကောင်စီမှ ပြည်ပအလုပ်သမားများကို စစ်မှုထမ်းဖို့ ပြန်ခေါ်ပေးရန် အေဂျင်စီများကို ဖိအားပေး

Rakhita Times

Leave a Comment