NewsPolitic

ပလက်ဝတွင် ရွာချင်းဆက် လူကူးတံတားတစင်း HDCO ဆောက်လုပ်ပေး

အာရက္ခတိုင်းမ်စ် (၁၄ ဧပြီ ၂၀၂၆)

ပလက်ဝမြို့နယ် ရုပ်ဝကျေးရွာနဲ့ ကေသရွာကျေးရွာကို ရွာချင်း ဆက်သွယ်ထားတဲ့ ပေ (၅၀) လူကူးသစ်သား တံတားတစင်းကို အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရရဲ့ လူသားချင်းစာနာထောက်ထားရေးနဲ့ဖွဲ့ဖြိုးရေးဆိုင်ရာရုံး (HDCO) က အသစ် ဆောက်လုပ်ပေးခဲ့တယ်လို့ သိရပါတယ်။

အဆိုပါ သစ်သားတံတားကို ဧပြီလ ၂ ရက်က စတင်ဆောက်လုပ်ခဲ့ပြီး တံတားတခုလုံးကိုတော့ ဧပြီလ ၁၀ ရက်မှာ ကျရောက်တဲ့ အာရက္ခတပ်တော် (၁၇) နှစ်ပြည့်မွေးနေ့မှာ အပြီးသတ် ဆောက်လုပ်နိုင်ခဲ့တယ်လို့ သိရပါတယ်။

ဒီတံတားဟာ ကျေးရွာနှစ်ရွာကို အဓိက ဆက်သွယ်ထားတာဖြစ်ပြီး မိုးရာသီမှာ ကျောင်းသူ၊ ကျောင်းသားတွေ အဆင်ပြေချော့​မွေ့စွာ ကျောင်းတက်နိုင်တဲ့အပြင် ရွာသူ၊ ရွာသားတွေအနေနဲ့လည်း တရွာနဲ့တရွာ သွားလာရလွယ်ကူပြီး စိုက်ပျိုးသီးနှံတွေကို ရောင်းဝယ်နိုင်စေဖို့အတွက် ဆောက်လုပ်ပေးခဲ့တာလို့ HDCO က တာဝန်ရှိသူတယောက်က ဆိုပါတယ်။

ကျေးရွာနှစ်ရွာကို ရွာချင်းဆက်ထားတဲ့ တံတားအဟောင်းဟာ အသုံးပြုတဲ့ကာလ ကြာမြင့်လာတဲ့အပြင် စစ်ရှောင်နေစဥ်ကာလမှာလည်း ပြုပြင်ထိန်းသိမ်းနိုင်ခြင်း မရရှိခဲ့တဲ့အတွက် ယိုယွင်းပျက်စီးနေခဲ့ပြီး ကျောင်းသူ ကျောင်းသားတွေ ကျောင်းတက်ဖို့နဲ့ ရွာသူ ရွာသားတွေ သွားလာဖို့ အခက်ခဲဖြစ်နေတဲ့အတွက် ရုပ်ဝကျေးရွာ အုပ်ချုပ်ရေးမှူးက HDCO ရုံးကို သွားရောက် အကူညီတောင်းခံခဲ့တယ်လို့ သိရပါတယ်။

HDCO အနေနဲ့ ကွင်းဆင်းလေ့လာ စစ်ဆေးခဲ့ပြီး တံတားအသစ်ဆောက်လုပ်ရာမှာ ငွေကျပ်သိန်း (၅,၂၅၇,၀၀၀) ကျပ် အကုန်ကျခံ ဆောက်လုပ်ပေးခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။

HDCO အနေနဲ့ တံတားနှစ်ရှည်ခံနိုင်ဖို့အတွက် အမိုးပြုလုပ်ပေးခဲ့ပြီး တံတားမပျက်စီးအောင် ထိန်းသိမ်းမှု ပြုလုပ်ကြဖို့နဲ့ ဆိုင်ကယ်တွေ သွားလာရ အဆင်ပြေစေဖို့ လမ်းတွေကို တိုးချဲ့ရမှာ ဖြစ်တယ်လို့ အုပ်ချုပ်ရေးမှူးနဲ့ ရွာသူ ရွာသားတွေကို ပြောဆိုခဲ့တယ်လို့လည်း သိရပါတယ်။

Photo & Ref – We Love Paletwa

Related posts

အာရက္ခအိမ်မက် အမြန်ဆုံး ပြီးပြည့်ပါစေလို့ ယောတပ်တော် ဆုတောင်း

Rakhita Times

ကျောက်ဖြူကို စကမ ဗုံး ၅ လုံးကြဲလို့ ပြည်သူ ၁ ဦးသေ၊ ၂ ဦး ဒဏ်ရာရ 

Rakhita Times

အမ်းမြို့ကို စကမ ဗုံးကြဲ၊ ကလေးငယ်တဦး ဒဏ်ရာရ

Rakhita Times

233 comments

Leave a Comment