NewsPolitic

ဂေါတမီရင်ခွင်မှ ကလေးငယ်များ ရေကစားနေတဲ့ မြင်ကွင်း

အာရက္ခတိုင်းမ်စ် (၂၁ ဧပြီ ၂၀၂၆)

ဂေါတမီရင်ခွင်မှ ကလေးငယ်များ သင်္ကြန်ကာလအတွက် ရေကစားနေတဲ့ မြင်ကွင်းဓာတ်ပုံအချို့ကို ဂေါတမီရင်ခွင်က ဧပြီလ ၂၁ ရက်မှာ ထုတ်ပြန်ခဲ့ပါတယ်။

“ ပေးလာတဲ့ အခြေအနေထဲက ဂေါတမီရင်ခွင်ရိပ်က သားငယ်၊ သမီးငယ်တွေအတွက် သကြင်္န်အမှတ်တရလေး ဖြစ်ဖို့ ၊ ဂေဟာက မိဖရင်းလို ကလေးငယ်တွေကို ဂရုစိုက်ပေးတဲ့ မောင်/ညီမတွေအတွက် အမှတ်တရ သကြင်္န်ဖြစ်စေခဲ့တဲ့ ပုံလေးတွေ မျှဝေပေးလိုက်ပါတယ်။ ကြည့်ရင်း မုဒိတာထား မေတ္တာဓါတ် ရရှိကြပါစေ” လို့ ဂေါတမီရင်ခွင်က ဆိုပါတယ်။

ဂေါတမီရင်ခွင်ကို အာရက္ခတပ်တော် စစ်ဦးစီးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင် ဇနီး ဒေါ်နှင်းဇာဖြူက ဖွဲ့စည်းတည်ထောင်ထားပြီး ရက္ခိုပြည်က ရင်ခွင်ပျောက်နေတဲ့ ကလေးတွေအတွက် နွေးထွေးမေတ္တာအပြည့်နဲ့ ရင်ခွင်မပျောက်စေဖို့ ဖွင့်လှစ်ထားတဲ့ “ ဂေဟာ” တခုလည်း ဖြစ်ပါတယ်။

Related posts

AA ချိပ်ပိတ်ထားတဲ့ အိမ်အချို့ကို ပြန်လည်ပေးအပ်

Rakhita Times

AA က စစ်မျက်နှာ ၅ ခုတွင် စကမကို အရှိန်မြှင့်တိုက်ခိုက်နေ

Rakhita Times

အာရက္ခအားမာန် ရဲဘော်ကျော်ဟန် (၂၀)

Rakhita Times

Leave a Comment