NewsPolitic

မနက်ဖြန်ကစပြီး ရန်ကုန်ကနေ မာန်အောင်နဲ့ ကျောက်ဖြူကို တပတ် ၃ ရက် လေယာဉ်ပြေးဆွဲမည်

အာရက္ခတိုင်းမ်စ် (၂၃ ဧပြီ ၂၀၂၆)

မနက်ဖြန် ဧပြီလ ၂၄ ရက်က စတင်ကာ ရန်ကုန်ကနေ မာန်အောင်နဲ့ ကျောက်ဖြူကို တပတ် ၃ ရက်နှုန်းနဲ့ လေယာဉ်ပြန်လည် ပြေးဆွဲတော့မယ်လို့ သိရပါတယ်။

ပြေးဆွဲမယ့်နေ့နဲ့ ခရီးစဉ်တွေကတော့ တနင်္လာနေ့တွင် ရန်ကုန်-မာန်အောင်-ကျောက်ဖြူ-ရန်ကုန် ဖြစ်ပြီး ဗုဒ္ဓဟူးနေ့မှာတော့ ရန်ကုန်-ကျောက်ဖြူ-မာန်အောင်-ရန်ကုန်ဖြစ်ကာ သောကြာနေ့မှာတော့ ရန်ကုန်-မာန်အောင်-ကျောက်ဖြူ-ရန်ကုန် ပြေးဆွဲမယ်လို့ သိရပါတယ်။

ယခုလို ပြေးဆွဲတာဟာ အာဏာသိမ်း စစ်ခေါင်းဆောင် သမ္မတ မင်းအောင်လှိုင်က အမိန့်ပေးလို့ ပြေးဆွဲရတာဖြစ်တယ်လို့ မြန်မာအမျိုးသားလေကြောင်းက ထုတ်ပြန်ပါတယ်။

မာန်အောင်မြို့ကို ၂၀၂၁ ခုနှစ် အာဏာမသိမ်းခင်က ရန်ကုန်- မာန်အောင်- စစ်တွေ-ကျောက်ဖြူ လေကြောင်းခရီးစဉ်များအား လေယာဉ်ငယ်များဖြင့် ပြေးဆွဲမှုရှိခဲ့သော်လည်း အာဏာသိမ်းပြီးနောက်ပိုင်းမှာ လေယာဉ်ပြေးဆွဲမှု ရပ်တန့်ခဲ့တာလည်း ဖြစ်ပါတယ်။

မတ်လ ၂၄ ရက်က နေပြည်တော်တွင် ပြုလုပ်တဲ့ အစည်းအဝေးတွင် အာဏာသိမ်း စစ်ခေါင်းဆောင် သမ္မတ မင်းအောင်လှိုင်က ရက္ခိုင်ပြည်အတွင်းရှိ စစ်တွေ၊ မာန်အောင်နဲ့ ကျောက်ဖြူမြို့တွေကို လေကြောင်းလိုင်းများ မဖြစ်မနေ ပြေးဆွဲရန် အမိန့်ပေးခဲ့တယ်လို့ သိရပါတယ်။

Related posts

စစ်တွေမှာ လျှပ်စစ်မီးပြန်ပေးခဲ့မယ်ဆိုရင်တောင် မီးကြိုးဖိုး မတတ်နိုင်ဘူးလို့ ပြော

Rakhita Times

စစ်တွေမှာ စက်သုံးဆီ တစ်လီတာ လေးသောင်းဝန်းကျင်အထိ ဖြစ်နေ

Rakhita Times

ပလက်ဝက မီးလောင်သွားတဲ့ အိမ်ထောင်စုတွေကို HDCO အရေးပေါ် ပစ္စည်း ထောက်ပံ့

Rakhita Times

Leave a Comment