NewsPolitic

ငပလီကို Y-12 ၆ စီးနဲ့ ဗုံးပတ်ကြဲနေ(Breaking News)

အာရက္ခတိုင်းမ်စ် (၂၄ ဧပြီ ၂၀၂၆)

ရက္ခိုင်ပြည် သံတွဲခရိုင် ငပလီမြို့ကို စစ်ကော်မရှင်က ဒီကနေ့ နေ့လည် ၁ နာရီကနေ ၂ နာရီအထိ Y-12 ၆ စီးနဲ့ ဗုံးပတ်ကြဲနေတယ်လို့ သိရပါတယ်။

“ကြဲချသွားတာတော့ ၁၅ ကြိမ်လောက်ရှိမယ်။ မနေ့ကနေရာတွေလို့ပဲ ထင်တယ်။ အတိအကျတော့ မသိရသေးဘူး။ ခုမှာ ဗုံးခိုကျင်းက ထွက်လာတာဆိုတော့လေ” လို့ သံတွဲမြို့နယ်ဒေသခံတဦးက အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်၊

ဧပြီလ ၂၃ ရက် နေ့လည် ၂ နာရီ ၄၀ မိနစ်ကလည်း စစ်ကော်မရှင်က ဂျက်ဖိုက်တာ ၃ စီးနဲ့ ငပလီမြို့က ငပလီလမ်းဆုံနဲ့ ဇီးဖြူကွက်သစ်ကို ဗုံးကြဲခဲ့ပါတယ်။

အသေးစိတ် သတင်းအချက်အလက်များကို အာရက္ခတိုင်းမ်စ်က ဆက်လက် တင်ဆက်ပေးပါမယ်။

Related posts

နှစ်သစ်မှာ အာရက္ခ အိမ်မက်ကို လုံးဝ အကောင်အထည်နိုင်မယ်ဟု ပြော

Rakhita Times

စစ်တွေမှာ ည ၉ နာရီမှ မနက် ၅ နာရီအထိ ညမထွက်ရအပြင် ပစ်မိန့်ပါထုတ်ထား

Rakhita Times

မရဏ နာရီ (ပထမပိုင်း) 

Rakhita Times

224 comments

Leave a Comment