အာရက္ခတိုင်းမ်စ် (၂၄ ဧပြီ ၂၀၂၆)
ရက္ခိုင်ပြည် ကျောက်ဖြူမြို့နယ် ကျောက်ဆောင်ရွာ မီးချောင်းရေသောက်စခန်းတွင် ဧပြီလ ၁၈ ရက်ညက လူသတ်မှုဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။
“ သတ်တဲ့သူက အရင်က သူနဲ့ အိမ်ထောင်ကျဖူးတယ်။ အခုတော့ ကွဲပြီး နောက်ယောင်္ကျားနဲ့ အဲစခန်းမှာပဲ နေကြတာ။ အဲဒါကို မူးမူးနဲ့ ဓါးနဲ့ ခုတ်သတ်တာ။ ဓါးခုတ်ရာ ၁၁ ချက်နဲ့ ပွဲချင်းပြီး သေသွားတာ” လို့ ကျောက်ဖြူမြို့နယ်ဒေသခံတဦးက အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။
လူသတ်မှု ကျူးလွန်သူမှာ ရက္ခိုင်ပြည် ကျောက်ဖြူမြို့နယ် သစ်ကတိုးရွာနေ အသက် ၅၆ နှစ်အရွယ် ဦးခင်မောင်သိန်းဖြစ်ပြီး အသတ်ခံလိုက်ရသူကတော့ ရက္ခိုင်ပြည် ကျောက်ဖြူမြို့နယ် ပြားကျိန်ချောင်းဖျားရွာနေ အသက် ၃၉ နှစ်အရွယ် ဒေါ်ကြာလှမ (ခ) လှလှဝင်း ဖြစ်တယ်လို့ သိရပါတယ်။
အဆိုပါ လူသတ်မှုနဲ့ပတ်သက်ပြီး ၂၀၂၆ ခုနှစ် ဧပြီလ ၁၉ ရက် နေ့လည် ၁၂ နာရီခွဲခန့်တွင် ဒီလပ် DLEPS ဌာနကို လာရောက်တိုင်ကြားလို့ (ပ) ၅/၂၀၂၆၊ ရာဇသတ်ကြီးပုဒ်မ – ၃၀၂ နဲ့ အမှုဖွင့်တယ်လို့ သိရပါတယ်။
အထက်ပါကဲ့သို့ တိုင်ကြားမှုကြောင့် ဒီလပ်တပ်ဖွဲ့ဝင်တွေဟာ လူသတ်မှု ကျူးလွန်သူ တရားခံ ဦးခင်မောင်သိန်းကို ဖမ်းဆီးပြီး ချုပ်ရမန်ရယူခြင်းပြုလုပ်ထားပြီး တရားစွဲသွားမယ်လို့လည်း သိရပါတယ်။
လူသတ်မှုအတွက် ပြစ်ဒဏ်များမှာ ပုဒ်မ ၃၀၂ (၁) အရ မည်သူမဆို ထောင်ဒဏ်နှစ် နှစ်ဆယ် စီရင်ခြင်းခံရရန် သို့မဟုတ် တင်ကူးကြံရွယ်ချက်နဲ့ သို့မဟုတ် ရာဇသတ်ကြီးအရ ခုနှစ်နှစ်ထိ ထောင်ဒဏ်ချမှတ်ခြင်း၊ ခံထိုက်တဲ့ပြစ်မှုကို ကျူးလွန်နေစဉ် လူသတ်မှုကို ကျူးလွန်လျှင် ထိုသူကို သေဒဏ်ချမှတ်ရမည့်အပြင် ငွေဒဏ်လည်း ချမှတ်နိုင်တယ်လို့ သိရပါတယ်။
ထို့ပြင် ပုဒ်မ ၃၀၂ (၂) အရ မည်သူမဆို အခြားအချက်မျိုးတွင် လူသတ်မှုကျူးလွန်လျှင် ထိုသူကို ထောင်ဒဏ်နှစ်နှစ်ဆယ် ဖြစ်စေ၊ ဆယ်နှစ်ထိ အလုပ်ကြမ်းနဲ့ထောင်ဒဏ်ဖြစ်စေ ချမှတ်ရမည့်အပြင် ငွေဒဏ်လည်း ချမှတ်နိုင်တယ်လို့ အာရက္ခမှုခင်းနဲ့ ဆက်စပ်သတင်းများ ထုတ်ပြန်ရေးအဖွဲ့က ထူတ်ပြန်ထားပါတယ်။
