HealthNewsPolitic

သွေးလွန်တုပ်ကွေး ကြိုတင်ကာကွယ်ရန် အာရက္ခပြည်သူ့ကျန်းမာရေးဌာန တိုက်တွန်း

အာရက္ခတိုင်းမ်စ် (၂၇ ဧပြီ ၂၀၂၆)

ရက္ခိုင်ပြည် လွတ်မြောက်နယ်မြေက ပြည်သူတွေအနေနဲ့ သွေးလွန်တုပ်ကွေးရောဂါကို ကြိုတင်ကာကွယ်ကြရန် အာရက္ခပြည်သူ့ကျန်းမာရေးဌာနက တိုက်တွန်းထားပါတယ်။

သွေးလွန်တုပ်ကွေးရောဂါဟာ အသက် ၁၅ နှစ်အောက် ကလေးများတွင် အဖြစ်များသော်လည်း အသက်အရွယ်မရွေး ဖြစ်နိုင်တဲ့ ရောဂါတမျိုးလည်း ဖြစ်ပါတယ်။

သွေးလွန်တုပ်ကွေးရောဂါရဲ့ ကနဦး လက္ခဏာများအဖြစ် ရုတ်တရက် အဖျားတက်ခြင်း၊ ခေါင်းကိုက်ခြင်း၊ ခန္ဓာတကိုယ်လုံး ကိုက်ခဲခြင်း၊ ပျို့ခြင်း၊ အန်ခြင်း၊ မစားချင် မသောက်ချင် ဖြစ်ခြင်း၊ ခန္ဓာကိုယ်တွင် အစက်အပြောက်များ ပေါ်လာခြင်းတို့ ဖြစ်တယ်လို့ အာရက္ခပြည်သူ့ကျန်းမာရေးဌာနက ဆိုပါတယ်။

ဒါ့အပြင် သွေးလွန်တုပ်ကွေးရောဂါတွင် စိုးရိမ်ရတဲ့ လက္ခဏာများမှာ သွေးယိုခြင်း၊ ဝမ်းဗိုက်နာခြင်း၊ အော့အန်ခြင်း၊ ခန္ဓာကိုယ် အပူချိန် ရုတ်တရက် ကျဆင်းခြင်း၊ အနီကွက်များ ပေါ်ခြင်း၊ သွေးပေါင်ကျခြင်းတို့ ဖြစ်တတ်ပြီး အဆိုပါ လက္ခဏာတခုခု တွေ့ရှိပါက နီးစပ်ရာ ကျမ်းမာရေးဌာနကို အမြန်ဆုံး သွားရောက် ဆေးကုသမှုခံယူရန် လိုအပ်တယ်လို့ အာရက္ခပြည်သူ့ကျန်းမာရေးဌာနက တိုက်တွန်းထားပါတယ်။

သွေးလွန်တုပ်ကွေးရောဂါတွင် ဒန်ဂီး အဖျားရောဂါ( Dengue fever)၊ သွေးလွန်တုပ်ကွေးရောဂါ (Dengue Heamorrhagic fever) နဲ့ သွေးလန့်ခြင်း (Dengue Shock Syndrome) စတဲ့ အဆင့်ဆင့် ရောဂါဖြစ်တယ်လို့လည်း ဆိုပါတယ်။

ပြည်သူများအနေနဲ့ ခြင်ကိုက်မခံရအောင် နေထိုင်ကြရန်နဲ့ ခြင်းကျား မပေါက်ဖွားအောင် ပိုးလောက်လန်းနှိမ်နှင်းရေး လုပ်ငန်းများကို ပူးပေါင်းဆောင်ရွက်ကြရန်လည်း တိုက်တွန်းနှိုးဆော်ထားပါတယ်။

အာရက္ခပြည်သူ့ကျန်းမာရေးဌာနက ပြည်သူလူထုအနေနဲ့ အာရက္ခပြည်သူ့ကျန်းမာရေးဌာန သွေးလွန်တုပ်ကွေးကာကွယ်နှိမ်နှင်းရေးအဖွဲ့များကို ဝိုင်းဝန်းကူညီပေးကြရန်လည်း ထိုက်တွန်းထားပါတယ်။

Related posts

ရက္ခိုင်ကိုပို့မယ် စိတ်ကြွဆေးပြား ၁၄ သန်းကျော် ဖမ်းမိလို့ စကမ ဆို

Rakhita Times

၆၆၆ စခန်းကုန်းကို အာရက္ခတပ်တော် ပြန်လည်သိမ်းပိုက်

Rakhita Times

ကယ်တင်ရှင်လား? လိမ်လည်သူလား?

Rakhita Times

36 comments

Leave a Comment