HealthNewsPolitic

ရက္ခိုင်စစ်ရှောင်တွေကို အာရက္ခပြည်သူ့ကျန်းမာရေးဌာနက ဒုတိယအကြိမ် မျက်စိခွဲစိတ်ကုသပေး

အာရက္ခတိုင်းမ်စ် (၁ ဇွန် ၂၀၂၆)

ရက္ခိုင်ပြည် လွတ်မြောက်နယ်မြေက စစ်ဘေးရှောင်ပြည်သူတွေကို အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရ အာရက္ခပြည်သူ့ကျန်းမာရေးဌာနက ဒုတိယအကြိမ်မြောက် မေလ တတိယအပတ်က မျက်စိ အခမဲ့ ခွဲစိတ်ကုသပေးခဲ့တယ်လို့ သိရပါတယ်။

“မျက်စိလာပြတာက ၂၂၃ ယောက်ရှိတယ်။ မျက်စိအတွင်းတိမ်လူနာက ၃၃ ယောက်၊ မျက်သားခြစ်လူနာက ၅ ယောက်နဲ့ ပါဝါမျက်မှန်တပ်လူနာက ၂၁ ယောက် စုစုပေါင်း ၅၉ ယောက်ကို ခွဲစိတ် ကုသပေးခဲ့တယ်” လို့ အာရက္ခပြည်သူ့ကျန်းမာရေးဌာနက တာဝန်ရှိသူတဦးက ပြောပါတယ်။

အဆိုပါ မျက်စိခွဲစိတ် ကုသပေးရာတွင် အာရက္ခပြည်သူ့ကျန်းမာရေးဌာနက ကု ကျစရိတ်တွေ အားလုံးကို အခမဲ့ ပြုလုပ်ပေးခဲ့တာလို့လည်း သိရပါတယ်။

အာရက္ခပြည်သူ့ကျန်းမာရေးဌာနအနေနဲ့ စစ်ဘေးရှောင်ပြည်သူတွေကို မျက်စိ အခမဲ့ ခွဲစိတ်ကုသပေးခြင်း၊ နယ်လှည့် ဆေးကုသပေးခြင်းနဲ့ ကလေးသူငယ်တွေကို ကာကွယ်ဆေးထိုးခြင်းများ ဆက်တိုက်ပြုလုပ်ပေးနေတယ်လို့လည်း သိရပါတယ်။

အလားတူ ဧပြီလ ပထမအပတ်ကလည်း ရက္ခိုင်ပြည် စစ်ဘေးရှောင်ပြည်သူတွေထဲက မျက်စိဝေဒနာရှင်တွေကို အာရက္ခပြည်သူ့ကျန်းမာရေးဌာနက အခမဲ့ မျက်စိခွဲစိတ် ကုသပေးခဲ့ပါသေးတယ်။

ဖေဖော်ဝါရီလကလည်း ရက္ခိုင်ပြည် စစ်တွေခရိုင်အတွင်း ရွာပေါင်း (၁၄) ရွာက ဒေသခံနဲ့ စစ်ရှောင်များ အပါအဝင် ဒေသခံပြည်သူ ၅၀၀ ခန့်ကို အာရက္ခပြည်သူ့ကျန်းမာရေးဌာနက နယ်လှည့်ပြီး အခမဲ့ ဆေးကုသပေးခဲ့ပါတယ်။

အလားတူ ရက္ခိုင်ပြည် တောင်ကုတ်ခရိုင်အတွင်ရှိ ဒေသခံပြည်သူတွေကို အာရက္ခပြည်သူ့ကျန်းမာရေးဌာန၊ လူသားချင်းစာနာထောက်ထားရေးနဲ့ ဖွံ့ဖြိုးရေးဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးရုံး (HDCO) တို့ ပူးပေါင်းပြီး ဖေဖော်ဝါရီလ ၈ ရက်က စတင်ကာ နယ်လှည့်ကွင်းဆင်းပြီး အခမဲ့ဆေးကုသပေးပြီး ခြင်ထောင်များ ထောက်ပံ့ကူညီပေးခဲ့တယ်လို့လည်း သိရပါတယ်။

Related posts

မြောက်ဦးကို စကမ ဗုံးကြဲ

Rakhita Times

ငလျင်ကြောင့် မန္တလေးတွင် လူ ၇၀၀ နီးပါး သေဆုံး

Rakhita Times

ငြိမ်းချမ်းရေးဆွေးနွေးမှုမှာ KIA-AA-CNF တို့ ပါလာနိုင်လား

Rakhita Times

157 comments

Leave a Comment