NewsPolitic

ကျောက်ဖြူတိုက်ပွဲတွင် ဒုတိယဗိုလ်မှူးကြီး ၁ ဦး AA စနိုက်ဘာကြောင့် သေဆုံး

အာရက္ခတိုင်းမ်စ် (၁၂ ဇွန် ၂၀၂၆)

ရက္ခိုင်ပြည် ကျောက်ဖြူမြို့နယ် တောင်မော်ကြီးရေတပ်စခန်းအနီးက အာရက္ခတပ်တော်နဲ့ ရွေးတုအစိုးရတို့ တိုက်ပွဲအတွင်း ရွေးတုအစိုးရတပ်ရဲ့ ဒုတိယဗိုလ်မှူကြီး စိုးထွေးဟာ အာရက္ခတပ်တော်ရဲ့ စနိုက်ဘာလက်ချက်နဲ့ သေဆုံးသွားခဲ့တယ်လို့ သတင်းတွေ ထွက်ပေါ်နေပါတယ်။

“ ဒီသတင်းက ဟုတ်လောက်တယ်ဗျ။ ဗိုလ်မှူးကြီး စိုးထွေးဆိုတာက ခမရ ၅၄၂ က တပ်ရင်းမှူးပဲ။ သတင်းက ကျယ်ကျယ်ပြန့်ပြန့်ကို ထွက်နေတာဆိုတော့ ဟုတ်လောက်ပါတယ်” လို့ မြေပြင်စစ်ရေးသတင်းရင်းမြစ်တဦးက အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။

ဒုတိယဗိုလ်မှုးကြီး စိုးထွေးဟာ စစ်တက္ကသိုလ် (DSA) ဗိုလ်လောင်းသင်တန်း အမှတ်စဉ် ၄၇ ဆင်း ဖြစ်ပြီး ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ် ဇူလိုင်လက ‌ကျောက်ဖြူကို တာဝန်နဲ့ ရောက်ရှိလာတာလို့ သိရပါတယ်။

ကျောက်ဖြူမြို့နယ် တောင်မော်ကြီးရေတပ်စခန်းရဲ့ ကာကင်းစခန်းတွေဖြစ်တဲ့ စံပယ်ရှောင်ကုန်း၊‌ ဒွေးချကုန်း၊ မျှော်ချောင်းကုန်းနဲ့ ရေနံသူကုန်းတို့ကို အာရက္ခတပ်တော်က သိမ်းပိုက်ထားပြီး နောက်ဆုံးလက်ကျန်ဖြစ်တဲ့ စစ်ရေးအရ မဟာဗျူဟာကျတဲ့ ရွာဟောင်းတောင် ဗျူဟာကုန်းစခန်းကို အာရက္ခတပ်တော်က ဆက်လက် ထိုးစစ်ဆင်နေတာလည်း ဖြစ်ပါတယ်။

စစ်ရေးအရ ရှုံးနိမ့်နေတဲ့ ရွေးတုအစိုးရတပ်ဟာ တော်မော်ကြီးရေတပ်စခန်းကို စစ်တွေမြို့ကနေ ဇွန်လ ၈ ရက်က စစ်သင်္ဘော ၃ စီးနဲ့အတူ တပ်သား အင်အား ၃၀၀ ကျော် ပို့ဆောင်ခဲ့တယ်လို့ သိရပါတယ်။

ရက္ခိုင်ပြည် ကျောက်ဖြူမြို့နယ်အတွင်း ရွေးတုအစိုးတပ်ရဲ့ ဓည၀တီရေတပ်စခန်း၊ တောင်မော်ကြီးရေတပ်စခန်း၊ အမှတ် (၃၂) ရဲတပ်ရင်း၊ ခမရ ၅၄၂၊ ခမရ ၅၄၃၊ ခလရ ၃၄ တို့ ကျန်ရှိနေသေးတာလည်း ဖြစ်ပါတယ်။

Related posts

ဒေါက်တာအေးမောင်ကို မအလ က လွတ်ငြိမ်းချမ်းသာခွင့်ပေး

Rakhita Times

သတင်းသမားတွေ ကျင့်ဝတ်ရှိဖို့လိုပြီး သတင်းအမှန်သာ ဖော်ပြဖို့ စောမြရာဇာလင်း ပြော

Rakhita Times

တရုတ်ကြောင့် ဆွေးနွေးမှုတွေ ပေါ်လာလည်း ပျက်မှာပဲ

Rakhita Times

Leave a Comment