NewsPolitic

ပြည်ပရောက်ညီနောင်ပရဟိတအသင်းများရဲ့ ၄ ကြိမ်မြောက် အလှူကို HDCO က ခမီမျိုးနွယ်စုရုံးကို လှူပေး

အာရက္ခတိုင်းမ်စ် (၁၇ ဇွန် ၂၀၂၆)

ပြည်ပရောက်ညီနောင်ပရဟိတအသင်းများစုပေါင်းပြီး HDCO ကို ၄ ကြိမ်မြောက် ထောက်ပံ့ကူညီခဲ့တယ်လို့ အဆိုပါ အဖွဲရဲ့ စာရင်းကိုင် ကိုကျော်ဆန်းဝင်းက ဆိုပါတယ်။

ပြည်ပရောက်ညီနောင်ပရဟိတအသင်းများကို ၂၀၂၆ ခုနှစ်၊ မတ်လမှာ အသင်း ၉ သင်းနဲ့ စတင် ဖွဲ့စည်းခဲ့ပြီး လက်ရှိမှာတော့ အသင်း ၁၂ သင်းထိ ရှိလာပြီ ဖြစ်တယ်လို့ သိရပါတယ်။ အဆိုပါ အသင်းများ စုပေါင်းပြီး လှူဒါန်းခဲ့တာဖြစ်ပြီး ယခု လှူဒါန်းမှုဟာ လေးကြိမ်မြောက် လှူဒါန်းမှု ဖြစ်တယ်လို့ သူက အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။

“အာရက္ခပြည်သူ့အစိုးရဖြစ်တဲ့ HDCO ရုံးကို ကျနော်တို့ ပုံမှန် ထောက်ပံ့နေတာ ဖြစ်ပါတယ်။ ပြည်ပညီနောင်ပရဟိတအဖွဲ့က လှူလိုက်တဲ့ ငွေတွေကို ဒီတခါမှာဆိုလို့ရှိရင် HDCO ရုံးကနေပြီး ခမီမျိုးနွယ်စုရုံးမှာ လိုအပ်ချက်ဖြစ်တဲ့ အင်‌ဗာတာတို့၊ ဘက်ထရီအိုးတို့၊ ပရင့်တာ‌တို့၊ ကွန်ပြူတာတို့၊ အဲ့ဒါတွေကို ဆိုလာပြားတွေကို အဲ့မှာ လှူဒါန်းတာ တွေ့ရပါတယ်ခင်ဗျ။ ဒါကတော့ ကျနော်တို့အတွက် အရမ်းကို ကောင်းတဲ့ လက္ခဏာတစ်ခု ဖြစ်ပါတယ်။ တချိန်တုန်းက တိုင်းတပါးရဲ့ သွေးခွဲမှုကြောင့်နဲ့ ကျနော်တို့ သဟဇာတ မကျမှု ဖြစ်ခဲ့ပေမယ့် ခုချိန်မှာ အာရက္ခပြည် ပြန်လည် တည်ထောင်ရေးအတွက် ကျနော်တို့ တစုတစည်းတည်းနဲ့ တညီတညွတ်တည်း သွားရမယ်ဆိုတာကို ကျနော်တို့ ရက္ခိုင်အပါအဝင် မျိုးနွယ်စု စုပေါင်းလာပြီးမှ အာရက္ခပြည်သူဆိုတာ တညီတညွတ်တည်း ဖြစ်လာမှာ ဖြစ်ပါတယ်။ အဲ့ဒါမှ အာရက္ခပြည်ကို အကောင်းဆုံး တည်ထောင်နိုင်မှာ ဖြစ်ပါတယ်။ အဲ့ဒါကြောင့် ဒီ ခမီလို့ မဆိုလိုဘူး။ အခြား တိုင်းရင်းသားတွေ ကျနော်တို့ရက္ခိုင်မျိုးနွယ်စုတွေဖြစ်တဲ့ မြိုတို့ သက်တို့ ခမီတို့ ဒိုင်းနက်တို့ အကုန်လုံးကို ပြည်ပရောက်ညီနောင်ပရဟိတက ပူးတွဲပြီးတော့ အာရက္ခပြည်သူ့အစိုးရလက်အောက်ကနေ သွားဖို့ ကျနော်တို့ အမြဲတမ်း ဖိတ်ခေါ်ပြီး ရှိနေပါတယ်” လို့ ကိုကျော်ဆန်းဝင်းက အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။

ပြည်ပရောက်ညီနောင်ပရဟိတအသင်းဝင်ဖြစ်တဲ့ လေးဝတီမျိုးသျှစ်လူငယ်ပရဟိတအသင်း၊ စည်းလုံးသောအလင်းရောင်ကြယ်ပွင့်များပရဟိတအသင်း၊ ARAKAN လူငယ်ပရဟိတအသင်း၊ အိမ်ကြီးရခိုင်မျိုးဆက်သစ်လူငယ်ပရဟိတအသင်း၊ စည်းလုံးခြင်းနန့်ချီတက်ကတ်မေပရဟိတအသင်း၊ အဖြူရောင်သံယောစဉ်မောင်နှမများပရဟိတအသင်း၊ ရက္ခိတဒါနလူငယ်ပရဟိတအသင်း၊ စည်းလုံးမှုအင်အားရခိုင်လူငယ်များပရဟိတအသင်း၊ ARAKAN STAR CHARIT၊ နိုင်ငံတကာရောက်ခမီအမျိုးသားအသင်း၊ မျိုးမြတ်ရခိုင်လူငယ်ပရဟိတအသင်းနဲ့ မျိုးကိုချစ်ကေသွီးမရောကေ့ပရဟိတအသင်းတို့ကနေ အာရက္ခပြည်သူ့တော်လှန်အစိုးရ HDCO ကိုတစ်သင်းလျှင် (၅) သိန်းကျပ်စီနဲ့ ငွေကျပ် စုစုပေါင်း သိန်း ၆၀ ထောက်ပံ့ ကူညီပေးခဲ့တာ ဖြစ်ပါတယ်။

Related posts

စစ်တွေမှာ စကမ က အခြေခံစားကုန်တွေ ရောင်းပေးနေ

Rakhita Times

အာရက္ခတော်လှန်ရေးမှာ မြိုလူငယ်တွေ ပါလာတာကို ကြိုဆို

Rakhita Times

တောင်ကုတ် မဟော်သဓာကျောင်းကို စကမ ဗုံးကြဲ

Rakhita Times

Leave a Comment