NewsPolitic

AA က နတ်ရေကန်တဝိုက်က စခန်းတွေကိုထိန်းချုပ်ထား၊ ရွေးတုအစိုးရတပ် ရိက္ခာပြတ်တောက်နေ

အာရက္ခတိုင်းမ်စ် (၁၉ ဇွန် ၂၀၂၆)

အာရက္ခတပ်တော်နဲ့ ပူးပေါင်းမဟာမိတ်တပ်တို့ဟာ နတ်ရေကန်တဝိုက်က စစ်စခန်းတွေကို ထိန်းချုပ်ထားလို့ ရေွးတုအစိုးရတပ်ဟာ ပင်မစခန်းမှာ ပိတ်မိနေပြီး ရိက္ခာပြတ်တောက်မှုတွေနဲ့ ရင်ဆိုင်နေရတယ်လို့ သိရပါတယ်။

“ AA နဲ့ ပူးပေါင်းအဖွဲ့တွေက နတ်ရေကန်ပတ်ပတ်လည်က စခန်းကုန်းတွေ အားလုံးနီးပါးကို သိမ်းပိုက် ထိန်းချုပ်ထားပြီလေ။ အဲတော့ စစ်တပ်က ပင်မစခန်းမှာပဲ ပိတ်မိနေပြီး ရိက္ခာတွေ ပြတ်တောက်နေပြီ။ လေကြောင်းကနေပဲ ပစ်ကူတွေပေးတယ်။ ရိက္ခာတွေ ချပေးနေတယ်။ ၁၇ ရက်နေ့ကဆိုရင် လေယာဉ် ၅ စီးနဲ့ကိုလာပြီး လေကြောင်းတိုက်ခိုက်တာတွေ ပြုလုပ်ခဲ့တယ်” လို့ မြေပြင်စစ်ရေးသတင်းရင်းမြစ်တစ်ဦးက အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။

လက်ရှိမှာတော့ ရွေးတုအစိုးရတပ်ဟာ နတ်ရေကန်ဗျူဟာကုန်း မကျစေရေးအတွက် ပဒါန်းတပ်နယ်ရှိ အမှတ် ၉၀၅ အမြောက်စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်ကနေ ပဇီနဲ့ ဂုတ်ကြီးဖက်ကနေ စစ်ကူပို့ပေးနိုင်ရန် ကြိုးစားနေတယ်လို့ သိရပါတယ်။

ဒါ့အပြင် ရွေးတုအစိုးရဟာ နတ်ရေကန်စစ်မျက်နှာပြင်ကို တပ်မ ၈၈၊ ၉၉ လက်အောက်ခံတပ်တွေအပြင် အရှေ့အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် (ရလခ) လက်အောက်ခံ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (စကခ ၁၇) တပ်တွေပါ အစားထိုးပြီး ခုခံရန် ပြင်ဆင်နေတယ်လို့ သိရပါတယ်။

“ စစ်တပ်ဖက်ကလည်း တော်တော်လေးကို စိုးရိမ်နေတဲ့ အနေအထားတွေ တွေ့နေရတယ်။ မြေပြင်ကနေ ပဇီ နဲ့ ဂုတ်ကြီးကနေ ထိုးစစ်ဆင်တယ်။ အဲဒီ ထိုးစစ်ကို AA နဲ့ အဖွဲ့က ဖြတ်တိုက်လိုက်တော့ နောက်ဆုတ်လိုက်၊ တပ်ပျက်လိုက်နဲ့ အသည်းအသန် ထိုးနေရတယ်။ လေကြောင်းကတော့ တောက်လျောက်ကို လက်နက်ပစ်ကူတော့ ပေးနေတယ်။ ဒါပေမယ့်လည်း ရှေ့တိုးမရပဲ တပ်လန်ပြီး ပြန်သွားတာပဲ” လို့ သူက အာရက္ခတိုင်းမ်စ်ကို ဆက်ပြောပါတယ်။

နတ်ရေကန်ဗျူဟာကုန်းဟာ မကွေးတိုင်း၊ ငဖဲမြို့နယ် အမ်း – ပဒါန်းလမ်းပိုင်းမှာ တည်ရှိပြီး အမြင့်ပေ ၅၀၀၀ ကျော်မှာ တည်ဆောက်ထားတာ ဖြစ်ပြီးတော့ ရက္ခိုင်ရိုးမပေါ်က တစ်ခုတည်းသာ ကျန်ရှိတော့တဲ့ တပ်စခန်းကြီးတစ်ခုလည်း ဖြစ်ပါတယ်။

Related posts

ဒီဇင်ဘာလ ၂၂ ရက်ကို မြိုအမျိုးသားနေ့အဖြစ်လက်ခံပြီး ကျန်နေ့မှာ ပြုလုပ်တဲ့ မည်သူကိုမဆို သမိုင်းတရားခံအဖြစ် မှတ်တမ်းတင်သွားမယ်

Rakhita Times

မလကျွန်းရွာသားအားလုံးကို စစ်ကောင်စီဖမ်းဆီးထား

Rakhita Times

ဘောမိတိုက်ပွဲတွင် ဒဏ်ရာရစစ်ကောင်စီတပ်သားများကို ပုသိမ်တွင် ဆေးကုပေးနေ

Rakhita Times

Leave a Comment